အိပ်မက်…..

naywoon niMay 17, 20121min06

ဘာဆိုရင် ဘာမှ
လုပ်လို့မရမဲ့အတူတူတော့
အိပ်မက်တွေပဲတပ်မက်မောမော မက်လိုက်ရ…….။
ကိုယ်ဖြစ်ချင်တာတွေကို
ကဗျာတွေထဲ ထည့်ပြီးအိပ်မက်
ဝတ္ထုထဲက ဇာတ်ကောင်နဲ့ ပေါင်းပြီးအိပ်မက်…..
နေ့တိုင်းလာတဲ့ တီဗွီ ဇာတ်လမ်းတွဲထဲ ထည့်ပြီး အိပ်မက်….
နေ့ခင်းကြောင်တောင် ငုတ်တုပ်ထိုင်းနေရင်းလည်း အိပ်မက်….
နောက်ဆုံး ဂျီတော့ ချက်တင်မှာလည်းအိပ်မက်…….
ဝက်ဆိုဒ်ထဲက ပို့တွေမှာလည်းအိပ်မက်……..
လ္ဘက်ရည်ဆိုင်ထဲက ငိုက်နေတဲ့စားပွဲထိုးကိုခေါ်ရင်းလည်းအိပ်မက်….
မိနစ် ကိုးဆယ် ဘောလုံးပွဲမှာလည်း အိပ်မက်……..
တစ်နေ့နှစ်ကြိမ် ကြေငြာတဲ့ ယိုးဒယားဈေးကွက်ကိုလည်းအိပ်မက်…….
တစ်လနှစ်ခါပြန်ထွက်တဲ့ ထိုင်းလော့ထရီထဲ ကိုလည်း အိပ်မက်တွေ ထည့်မက်…..
ဂျာနယ်ထဲက မော်ဒယ်လေးတွေကြည့်ရင်းလည်းအိပ်မက်…..
လမ်းသွားလမ်းလာတွေကို ငေးကြည့်ရင်းလည်းအိပ်မက်……..
ညည ကေင်းကင်ပေါ်က ကြယ်တွေကြည့်ရင်းနဲ့လည်း အိပ်မက်…….
ညည ခန္ဓာငှားစားတဲ့ မိန်းကလေးတွေနဲ့လည်းအိပ်မက်………
အဲဒိလို အိပ်မက်တွေ မက်ရင်းနဲ့
အိပ်ပျက်ညတွေမှာလည်းအိပ်မက်……..
အိပ်မက်တွေ မက်ရင်းနဲ့ပဲ………
အိပ်ရေးတွေပျက်ခဲ့… စိတ်ဓါတ်တွေ ချောက်ကမ်းပါးထဲ ထိုးကျသလိုမျိုး
ချောက်ခြားတဲ့နေရက်တွေမှာဆို
နွေလား မိုးလားဆောင်းလား ဆိုတာ တစ်ခါတစ်လေ မခွဲခြားတတ်အောင်
အိပ်မက်တွေဆက်မက်…………။
ဘယ်အရာက တစ်ကယ့်လက်တွေ့ဘဝ
ဘယ်အရာက အိပ်မက်ဆိုတာကိုခွဲခြားမရအောင်
အိပ်မက်တွေမက်ခဲ့….။
အိပ်မက်က ငါ့ဟာလား (ငါဖန်တီးထားတာလား)
ငါကိုယ်တိုင်ကပဲ အိပ်မက်ဖြစ်နေရော့လား
ခွဲခြားရ ခက်ခက်ရယ်……..။

နေဝန်းနီ

6 comments

  • windtalker

    May 17, 2012 at 7:44 pm

    အိပ်မက် လိပ်ထွက်
    ကြိတ်လျှက် နှိပ်စက်
    ကိတ်ချက် သိပ်ငတ် ။

    Reply

  • aye.kk

    May 17, 2012 at 8:16 pm

    ဒီနေ ့အတွက်တော့..
    မနေ ့ကအဖြစ်ဟာအိပ်မက်ဖြစ်သွားပြီ…။

    Reply

  • မဟာရာဇာ အံစာတုံး

    May 17, 2012 at 9:10 pm

    အိပ်မက် …
    အိပ်မက်မှန်း မသိဘဲနဲ့ ..
    အိပ်မက်တွေ ဆက်မက် ….
    ကျွတ်ကျွတ်ညံတော့မှ လန့်ဖြတ် …
    အမလေး .. ပူလိုက်တာဟဲ့လို့ ..
    ညည်းရတော့မတတ် ….

    Reply

  • ဆရာ နေဝန်းနီ ရဲ ့အိမ်မက်ကမ္ဘာထဲ အိမ်မက် မက်သွား
    ပါတယ်။အိမ်မက်ထဲ လမ်းမှားနေလို ့ပါ။ဟီးးးးးးးးး

    Reply

  • ဗိုက်ကလေး

    May 18, 2012 at 11:14 am

    အိပ်မက်ထဲက အချစ်တွေ အိပ်မက်ထဲမှာထား
    အိပ်မက်ထဲက အချစ်က ပြင်မှာရှိလို ့လား..
    ဟိုတစ်ခါထွက်တဲ့ လိပ်ဂေါင်း ဘယ်ရောက်သွားပြီလဲ

    Reply

  • Khaing Khaing

    May 18, 2012 at 11:28 am

    ကိုနေ ဂျီတော့ကို အိပ်မက်မက်တယ်ဆိုရင် ဂျီတော့မှာပြောဖူးတဲ့ ကောင်မလေး အကောင်သေးလေးအကြောင်းကော ပါလားဟင် …………. ကိုနေ အိမ်မက်တွေမှ နိုးထနိုင်ပါစေ ……….

    Reply

Leave a Reply to Khaing Khaing Cancel Reply

Your email address will not be published.