မျက်မမြင်ပုဏ်ဏား(၆)ယောက်နှင်. AD 2212 ခုနှစ်

အချိန်ကား …..သက္ကရဇ် AD 2212 ခုနှစ် ….။

ယခင်က ဗားကရာသင်္ဘောဆိပ်ဟုခေါ်တွင်ခဲ.၍ ငှက်ပျောသီး လှေများ ၊ ငါးဖမ်းလှေများ ဆိုက်ကပ်ခဲ.သောနေရာတွင် တိုင်ငုတ်တိုများ

အုတ်ကျိုး အုတ်ပဲ.များသာရှိ၍ပျက်စီးယိုယွင်းနေပြီဖြစ်သော မြို.ပျက်ကြီးတစ်ခုကိုအနားသပ်ထားသည်. ရန်ကုန်မြစ်ဟု အမည်တွင်သော

ခဲ တစ်ပစ်စာမျှမြောင်းသာသာ မြစ်ကမ်းဘေးတွင် အဖိုးအိုတစ်ယောက်သည် အလုပ်ရှုပ်လျက်ရှိလေသည် ။ဆံပင်များဖြူ၍ မုတ်ဆိပ်မွှေး

တဖွားဖွားနှင်. ထိုအဖိုးအိုသည်လက်ထဲရှိအိပ်ကလေးအတွင်းမှ ပဲကြီးလှော်များကို ကလေးတစ်သိုက်အားဝေပေးလျက်ရှိချေတော.သည် ။

ဗိုက်ကလေး ၊ မောင်ပေ ၊ ကောက်ပို ၊ ကြီးမိုက် ၊ အောင်ဘု အစရှိသောကလေးများသည် အဖိုးအိုဝေပေးသော ပဲကြီးလှော်များကို မိန်ရှက်

စွာစားသောက်ရင်း အဖိုးအိုပြောသော ပုံပြင်ကို ပဲကြီးလှော်မျက်နှာထောက်၍ ပျင်းရိငြီးငွေ.စွာ နားထောင်ကြရလေတော.သည် ။

ဗိုက်ကလေးသည်ကား ပဲကြီးလှော်ဝါးလိုက် ၊ လက်ထဲရှိပုလင်းထဲမှ အရည်များကိုမော.သောက်လိုက်နှင်.  ………၊

မောင်ပေနှင်.ကောက်ပိုတို.သည်ကား ကွမ်းယာထုတ်များကိုင်၍ ပဲကြီးလှော်နှင်. ကွမ်းယာ ဘယ်ဟာအရင်စားရမလဲဟု တိုင်ပင်နေ၏ ။

ကြီးမိုက်ဟူသော လူငယ်လေးသည်ကား ရန်ကုန်မြစ်၏ တဖက်ကမ်းသို. ခဲဖြင်.ပစ်ပေါက်ရင်း ပဲလှော်ဝါးလျက်ရှိ၏ ။

သူတို.ထဲတွင် အတန်ငယ်စိတ်ဆတ်ဟန်ရှိသော အောင်ပုသည် ဘယ်ဘက်လက်ဖြင်. ဝါးရင်းဒုတ်တစ်ချောင်းကိုင်၍ ကျောက်တုံးတစ်ခုကို

တဗြောင်း ဗြောင်း ရိုက်ရင်း ခေါင်ဖြူအဖိုးအိုအား …….

” ကဲ  ..အဖိုးကြီး  ပုံပြောမယ်ဆိုလဲမြန်မြန်ပြောလေဗျာ …မဟုတ်မဟတ်တွေတော.မပြောနဲ.နော် ကျုပ်အကြောင်းသိတယ်မဟုတ်လား  “

အဖိုးအိုမှာ ခေါင်းကိုအသာအယာညိမ်.ရင်း ….

” အေးပါကွာ ..ပြောမှာပေါ.မောင်အောင်ပုရယ် ….မင်းမလဲ စိတ်ချည်.ဘဲ  “

ဗိုက်ကလေးမှာ ပဲလှော်ဝါးနေသောမပီမသအသံဖြင်.  …

” ဘကြီး ဘကြီး ဘာပုံပြောမှာလဲ  “

” သီဟရာဇာ(ခြင်္သေ.)ဘုရင်ကြီးနဲ.မျက်မမြင်ပုဏ်ဏား(၆)ယောက်အကြောင်းကွဲ.  “

” ကဲ  ကဲ  နားထောင်ကြ …ဟိုး …..ရှေးရှေး နှစ်ပေါင်း ၂၀ဝ လောက်ကပေါ.ကွယ်  ..အခုမင်းတို.မြင်နေတဲ. ရန်ကုန်မြစ်ကြီးဟာလဲ

ဒီလိုရေမြောင်း သာသာလောက်ဘယ်ဟုတ်ပါ.မလဲ …သင်္ဘောကြီးတွေဝင်ထွက်သွားလာခဲ.တာပေါ.  ….ဒီပျက်စီးခြောက်ကပ်နေတဲ.

ရန်ကုန်မြို.ကြီးကလဲ မိုးထိတိုက်တွေနဲ. အလွန်စည်ကားခဲ.တာပေါ. ..”

” ဖြစ်နိုင်တာကိုပြောနော်အဖိုးကြီး …မီးမရှိ ရေမရှိနဲ.ဒီလောက်စုတ်ပြတ်နေတဲ.နေရာက တခါကမြို.တော်ကြီးဖြစ်ခဲ.တယ်ဆိုတာဟုတ်ပါ.

မလား”

” မောင်အောင်ပုရယ် ….ဆုံးအောင်လည်းနားထောင်ပါဦးကွယ် …ကဲ ကဲ  ဒီလိုကွဲ. ..ဒီလိုစည်ကားသိုက်မြိုက်တဲ.မြို.ကြီးရှိတဲ.နိုင်ငံက

ဘိရုမာနိုင်ငံတဲ. ..ဘုရင်ကြီးနံမည်က သီဟရာဇာ တဲ. ”  အဖိုအိုမျက်လုံးများက အဝေးသို.ငေးလျှက် …………………..။

” တနေ.တော.  ….ဘုရင်ကြီးက သူ.နိုင်ငံအတွက် လိုအပ်တဲ.နေရာတွေမှာဦးဆောင်လုပ်ကိုင်ဘို. ဝန်ကြီးတွေခန်.အပ်ချင်တာနဲ.

မျက်မမြင်ပုဏ်ဏား (၆)ယောက်ကိုလိုက်ရှာသတဲ. “

” ဟ  ..လုပ်ပြန်ပြီ  …အဖိုးကြီး ကြည်.ပြောနော် … ဘယ်.နယ် ဘိရုမာတွေက ကုလာနဗြဟ္မဏပုဏ်ဏားတွေကိုဝန်ကြီးခန်.သတဲ.လား

ဝါးရင်းဒုတ်နဲ.တော. အညောင်းဖြေပေးလိုက်တော.မယ်နော်…”

” နေဦး အောင်ပုရဲ. ..ပုဏ်ဏားဆိုတာ မင်းတို.သိတဲ.ဗေဒင်ဟောတဲ.ပုဏ်ဏားတွေမဟုတ်ဘူးကွ ….လုပ်စရာအလုပ်တွေကိုပုံထားပြီး

အေးအေးဆေးဆေး နားနေတတ်လို. ပုံနား လို.ခေါ်တာ “

ဤတွင် တချိန်လုံးမျက်မှာင်ကုတ်၍နားထောင်နေသော မောင်ပေက …

” ဒါဆို ဘာဖြစ်လို.မျက်စိမမြင်တဲ.သူတွေကို ဝန်ကြီးခန်.သလဲဗျ … “

” ဪ …မောင်ပေရယ် ..မျက်စိမမြင်တော.ဘာမှမသိဘူးပေါ. ..အောက်ကလုပ်တာတွေ …အထက်ကလုပ်တာတွေ လဲမသိ ၊ တိုင်စာ

တွေလဲ မမြင်နိုင်တော.ဘူးပေါ.ကွယ် ….”   ပဲလှော်ဝါးနေသော မောင်ကောက်ပိုမှ …

” ဒါဆို နားတော.ကြားသေးတယ်ပေါ.ဟုတ်လား  “

” အေးကွ ..နားတော.ကြားတယ်  ဒါပေမဲ.လဲ နုတ်တစ်ရာ စာတစ်လုံးဆိုတော. …ဘာထူးမှာလဲကွာ “

ဗိုက်ကလေးမှာ ပုလင်းကိုမော.နေရာမှ ကသောကမျောမြိုချလျက် ….

” ဟုတ်ပါပြီ  ဟုတ်ပါပြီ  ….မျက်စိကမမြင် ၊ အပျင်းကကြီး  နားကြားပေမဲ.အလုပ်မဖြစ် ….ဘယ်လိုများအလုပ် လုပ်နိုင်သလဲဗျ  “

” ဗိုက်ကလေးရဲ. …မင်းတို.ဖတ်စာထဲမှာသင်ရတယ်မဟုတ်လား….မျက်မမြင်ပုဏ်ဏား (၆)ယောက်ဆိုတာ အင်မတန်မှစိတ်ထင်ရာတွေ

ရမ်းလုပ်တဲ.သူတွေလေ ..ဆင်တစ်ကောင်လုံးကိုစမ်းပြီးတော.များ အုတ်နံရံ လို.ပြောတဲ.သူကပြော ….လှံ နဲ.တူတယ်လို.ဆိုတဲ.သူကဆို

တစ်ယောက်ကပြောသေး …ဘာတဲ.မြွေကြီး တဲ.”

” ကဲ ကဲ  ဟုတ်ပါပြီ …နောက်ဆုံးဘဲမေးမယ် …ကျုပ်ကိုရှင်းအောင်တော.ပြောနော်အဖိုးကြီး …ဒီလောက်ညံ.တဲ.သူတွေ …မမြင်မကန်း

တွေ ..ငပျင်းတွေ …အတွေးအခေါ်ဖွတ်ကျားတွေကို ဘာလို.တပည်.မွေးပြီးဝန်ကြီးခန်.သလဲဗျ “

” အဲဒါဘဲ .. မောင်အာင်ပုရဲ. …မင်းတို.ညံ.လို. ငါ ဆရာဖြစ်တာ ဆိုတဲ.စကားကြားဖူးတယ်မဟုတ်လား….ညံ.တဲ.သူတွေကိုယ်.အနားမှာ

ရှိတော. ကိုယ်ကတော်သလိုလိုဖြစ်တာပေါ.ကွာ ….”

ထိုစဉ် ….နောက်နားဆီမှ “ချောက်  ” ကနဲကြားသဖြင်. လှည်ကြည်.လိုက်ရာတွင် အင်းစိန် နွားတံဆိပ်ဆေးပေါ.လိပ်ကြီးအား အားရပါးရ

ဖွာနေသော ဦးဦးပါလေရာ အားတွေ.ရလေတော.သည် ။

” ဟဲ.  ..ငဆာမိ …ကလေးတွေကိုပဲလှော်ကြွေးပြီး ဘာမဟုတ်တာတွေ ပြောနေပြန်တာလဲ  ”  ဟု  ဆေးလိပ်မီးခိုးများကိုမှုတ်ထုတ်ရင်း

ပြောလိုက်လေရာ …….ဆာမိ ဟူသောတုန်ချိချိ အဖိုးကြီးမှာ စိုးရိမ်ထိတ်လန်.၍သွားလေတော.သည် …………….။

ဦးဦးပါလေရာမှ  ဆက်လက်၍ …

” ကဲ  ကဲ  ..အချိန်စေ.ပြီ …မင်းလာခဲ.တဲ.လွန်ခဲ.တဲ.နှစ်ပေါင်း  နှစ်ရာ AD -2012  ကိုပြန်သွားပေတော.” ဟုပြောရင်း …

လက်ထဲမှ  မဲမဲ ပြားပြား ခရီးသွားစက်လေးကိုနှိတ်လိုက်လေရာ……………………………..

” ဂျောက်  ”       ………………ဝှီး   ……………………………………………..

…………………………………………………………………………………

…………………………………………………………………………..

19 comments

  • surmi

    May 18, 2012 at 12:36 am

    ကြိုတင်ခွင်.မတောင်းဘဲ ရွာသားကြီးများ၏နာမည်များသုံးခဲ.ရသဖြင်. ခင်မင်မှုဖြင်.ခွင်.လွှတ်စေလိုပါကြောင်း
    နှင်. ပါဝင်သရုပ်ဆောင်ပေးကြသဖြင်. အထူးကျေးဇူးတင်ရှိပါကြောင်း……

    Reply

  • padonmar

    May 18, 2012 at 2:55 am

    ကိုဆာမိရေ
    နောက်နှစ် ၂၀ဝ တောင်ခံပါ့မလား။
    အဲဒီအချိန်နဲ့ နေပြည်တော်လမ်းပေါ် ဘွတ်ကင်ယူ ကားမောင်းရမှာ ဘယ်ဟာစောမလဲ။

    Reply

  • Khin Latt

    May 18, 2012 at 3:14 am

    Time Machine ငှားခ ကို “ကိုပါ” တစ်ယောက် ဘယ်လောက် charge လုပ်မယ် မသိ။ 🙄

    Reply

  • kai

    May 18, 2012 at 4:27 am

    ပျူတွေဘယ်လိုမျိုးပျောက်.. မြို့တော်တွေဘယ်လို့ပျက်စီးသွားတယ်ဆိုတာ.. ဘာသာရေးအယူသည်းအစွဲမထည့်ပဲ.. သေသေချာချာလေ့လာသင့်တယ်..
    မြန်မာကလည်း..တနေ့.. အဲလို.. မဖြစ်လာဘူးလို့.. ပြောမရ…
    ဒီခေတ်တောင်.. ၈၈အရေးတော်ပုံ ဂယက်နဲ့..
    မြန်မာလူပျို/အပျိုတွေအများစု.. အိမ်ထောင်ပြုနောက်ကျကုန်တာ တွေ့ရတယ်..။

    ဆိုတော့..
    ယူအက်စ်ကရော…?
    အခုနှစ်၂၀ဝကျော်ဖြတ်လာပြိးနောက်… ဒီနေ့သတင်းမှာက.. ဒီလို..

    http://www.telegraph.co.uk/news/worldnews/northamerica/usa/9271573/Non-white-births-outnumber-white-births-for-the-first-time-in-US.html
    Non-white births outnumber white births for the first time in US
    White births in the United States are no longer in the majority, according to new data from the US Census Bureau, as a rising Hispanic population contributes to an historic demographic shift.

    Reply

    • nozomi

      May 18, 2012 at 10:29 am

      ဂျပန်ကတော့ ဒီနှုန်းအတိုင်းဆက်သွားရင်
      နောက်အနှစ်တစ်ထောင်ဆို ဂျပန်ပျောက်သွားနိုင်တယ် လို့ ခန့်မှန်းတော့မှ
      လူကြီး တွေက နဲနဲ နိုးကြားလာပြီး လူငယ်တွေကို အတင်းအိမ်ထောင်ပြုကြ ကလေးယူကြလုပ်ခို်င်းနေတယ်တဲ့ ..

      မြန်မာပြည်ကြီး တစ်ခုလုံး ပြောမရတောင်
      ရွာထဲမှာ ကိုရင်ဂီ တို့ ကိုရင်စည်တို့ လို လူပျိုသိုးကြီးတွေ ရှိနေတာ ရွာရဲ့ နောင်ရေးအတွက်
      စိတ်မအေး စရာပဲ ၊ ရွာထဲကိစ္စတော့ သူကြီး တာဝန်ယူသင့်တယ်

      Reply

  • MaMa

    May 18, 2012 at 7:24 am

    ကာလခရီးသွားစက် ခေတ်စားနေပါပြီကော 😀
    ပုံပြောတဲ့ မုတ်ဆိတ်ဖွားဖွားနဲ့ ဦးဆာမိ က မာကက်တင်းသင်တန်းဆင်းဖြစ်မယ်။
    ပုံပြင်ပြောပြတာတောင် ပဲကြီးလှော်လေး ကျွေးပြီး ဆိုတော့ 😆

    Reply

  • windtalker

    May 18, 2012 at 9:52 am

    ဘူ ဘူ (ကွန်မင့်ရေးနေတုန်း ကိုဆာ့ ပဲလှော် တန်ခိုးပြပုံ)
    ကိုဆာရေ…. နောက်တစ်ခါ ပုံပြင်ပြောရင် သဂျီးစားနေကြ ကိုဘေ ဆိတ်ကငင် နဲ့ ဧညိ့ခံဗျာ။

    Reply

  • ဗိုက်ကလေး

    May 18, 2012 at 10:26 am

    ဟေ့ အဘိုးကြီး..
    ကျုပ်ကို အဲဒီ ခရီးသွားစက်နဲ ့ အမေဒီးကားကို ပို ့ပေးပါ..
    ကျုပ်.
    ပဲဂျီးလှော် မစားချင်တော့ဘူး….
    နှစ်ချို ့ဝီစကီလေးဂလုပြီး ခေတ်မီစကီလေးတွေ ငန်းရအောင်

    Reply

    • ထုံးဘဲဥ

      May 18, 2012 at 10:46 am

      ဟဲ့ ဗိုက်ခေး တစ်ယေက်ထဲ မတွားနဲ့ နာယဲယိုက်ထဲ့မယ်
      နာ့ ဂိုမခေါ်ယင် လောက်ရေးဒွ နဲ့ ထုပြိုက်မယ် ဂေ့………… 😀

      Reply

  • ဦးဦးပါလေရာ

    May 18, 2012 at 1:52 pm

    အော…. လူရော စက်ရောငှားသွားတာ ဒီလိုကိုး….. 😀

    သူ့ပုံပြင် ဒီလောက်ကောင်းမှန်းမသိလို့ ဆုံးအောင်မပြောခင် အလောသုံးဆယ်ပြန်ခေါ်မိတာပါ..။
    စိတ်မရှိကြပါနဲ့..။ နောက်တခါဆို အနာဂတ်နှစ်သုံးရာကို ပို့လိုက်ပါ့မယ်….. 😀

    Reply

    • pooch

      May 19, 2012 at 1:16 am

      နှစ်သုံးရာဆို မြောင်းလေးတောင် ကျန်ပါတော့မလား မသိ 😀

      Reply

  • nature

    May 18, 2012 at 4:12 pm

    တော်သေးတာပေါ့။ပုဏ္ဏားနာမည်တွေပါမလာလို့။ 🙂

    Reply

  • kyeemite

    May 19, 2012 at 11:32 am

    ကိုရင်ဆာမိ ကဆန့်တငံ့ငံ့နဲ့ဗျာ..
    ပုံကိုပီးအောင်ပြောမသွာဘူး..လူဇိုး..ဘူ..ဘူ..အဲ တံခိုးပြပီဗျို့..

    Reply

  • ssa

    May 19, 2012 at 12:29 pm

    အတော်လည်းအပြောကောင်းတဲ့လူတွေပါလားဗျို ့

    Reply

  • alinsett (gazette)

    May 28, 2014 at 1:45 pm

    အဟွတ်
    အမှန်တော့ ကျနော်က
    အဲဒိ ပုံနားခြောက်ယောက်ထဲက တစ်ယောက်ဗျ

    ထင်တာတော့ ပြောမသွားတော့ဘူး
    လွဲရင် အရှက်ကွဲမှာစိုးလို့

    :mrgreen:

    Reply

    • naywoon ni

      May 28, 2014 at 1:58 pm

      ခုမှ ဘယ်​ကပြန်​ထွက်​လာသလဲ အရှာအ​ဖွေ ​တော်​​တော်​​ကောင်​းတဲ့ အလင်​းဆက်​ရယ်​ အရင်​လိုင်​း​တွေ မ​ကောင်​းတုန်​းက အင်​တာနက်​ဆိုင်​မထိုင်​ဖြစ်​တဲ့ ရက်​​တွေကဖြစ်​မယ်​ ။ ခုဟာ က ပုဏ္ဏား ​ခြောက်​​ယောက်​မဟုတ်​ပဲ ပုဏ္ဏား ​ခြောက်​ရာ​လောက်​ဖြစ်​​နေတာတစ်​ခုပဲ

      Reply

  • kyeemite

    May 29, 2014 at 10:37 am

    ကိုင်း…ကိုင်း…အလက်ဆင်းက ပြန်ဖေါ်လို့ပေါ်လာမှတော့
    ဗျို့…ကိုဆာမိ…ပုံဆက်ပြောပါဗျို့…
    ဦးပါ ကိုကျုပ် လဘက်ရည်တိုက်ပီး အချိန်ဆွဲထားလိုက်မယ် 😀
    ပြောနေရင်းနဲ့….windtalker ၊ဗိုက်ကလေး ၊ထုံးဘဲဥ ၊အတိသဉ္ဖာ နာဂရချစ်သူ..တို့ကိုသတိရမိတယ် 😥

    Reply

  • အဲ့လို.. မျက်မမြင်ပုံနားတွေကို ဝန်ကြီးခန့်တဲ့အလေ့က ဘယ်တော့လောက်မှ ပျောက်သွားတာလဲ ဘကြီး..
    နိုင်ငံပျက်မှ ပျောက်ကုန်တာလား.. :mrgreen:

    Reply

Leave a Reply

Your email address will not be published.