မျှော်လင့်ခြင်း၏ ရဲတင်းမှု

လင်းဝေMay 10, 20121min016

စာအုပ်ကြော်ငြာ ပါ။
ဘားရက် အိုဘားမားရဲ့ ဆီနိတ်တာဘဝ က ရေးသားခဲ့တဲ့စာအုပ်ကို မြန်မာဘာသာ ပြန်ဆိုထားတာပါ။ ဒီမိုကရက်ဆီနိတ်တာ အနေနဲ့ ရီပတ်ဘလီကန် အစိုးရ လက်ထက်မှာ ရေးထားတဲ့အမြင်ဖြစ်ပါတယ်။
ပွင့်လင်းပြီး တိုင်းပြည်တည်ဆောက်ရေး တိုးတက်ရေးအတွက် အမြင်တွေအပြင် အမေရိကန် လွှတ်တော်ထဲမှာ ဘယ်လို အလုပ်တွေလုပ်ကြသလဲ။ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ယောက်အလုပ်ဘယ်လိုလုပ်ပြီး အမြင်ဘယ်လို ရှိတယ်ဆိုတာတွေပါ ဖတ်ခွင့်ရတဲ့ စာအုပ်ပါ။
စာအုပ်တန်ဖိုးက ၃၀၀ဝကျပ်တည်းနဲ့ အသိအမြင်များစွာရစေနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးသမားဆိုသူများ၊ လသား တစ်နှစ်သား နှစ်နှစ်သား အမတ်မင်းအသစ်ကျပ်ချွတ်များ မဖြစ်မနေဖတ်သင့်တဲ့စာအုပ်လို့ မြင်မိပါတယ်။ ဒါ့အပြင် ရင့်ကျက်တဲ့ မဲဆန္ဒရှင်များလည်း ဖတ်သင့်ပါတယ်။

အောက်မှာ ဘာသာပြန်သူရဲ့ အမှာကို ပြန်ရိုက်တင်ပေးလိုက်ပါတယ်။

ဒီမိုကရေစီ ရဲ့ သဘောကတော့ နိုင်ငံသားများရဲ့လက်ထဲသို့ ရွေးချယ်ခွင့်ကို အပ်နှင်းပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီလိုသဘောသဘာဝအရ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာ အသိအမြင်များသော၊စဉ်းစားချင့်ချိန်နိုင်သော၊ဝေဖန်ပိုင်းခြားတတ်သော နိုင်ငံသားများကသာ တိုင်းပြည်ကို ကောင်းစွာဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကို မှန်ကန်စွား ရွေးချယ်နိုင်မှာပါ။
ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ နိုင်ငံကို ဦးဆောင်မှုပြုသူက အရည်အချင်းရှိဖို့ လိုအပ်သလို နိုင်ငံသားတို့ရဲ့ အသိပညာမြင့်မားဖို့လည်း လိုအပ်ပါတယ်။ နိုင်ငံသားများ လက်ကိုင်ပြုရမယ့် တန်ဖိုးထားမှုတွေ၊ ကိုယ်ကျင့်သိက္ခာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေ မြင့်မားလေလေ တိုင်းပြည်အတွက် အကျိုးရှိလေလေ ဖြစ်ပြီး အဆင့်အတန်းမြင့်တဲ့ လူမှု အဖွဲ့အစည်းကို ဖြစ်ပေါ်လာစေနိုင်မှာ မလွဲပါဘူး။ ဒါဟာ နိုင်ငံ နဲ့ နိုင်ငံသားများကို ပြောင်းလဲတိုးတက်စေမယ့် နည်းလမ်းပါပဲ။
ဒါကြောင့် ထိုထိုသော အသိအမြင်များ ရရှိနိုင်မယ်လို့ ထင်မြင်ယူဆတဲ့အတွက် စာရေးသူအနေနဲ့ ဒီစာအုပ်ကို ဘာသာပြန်ဆိုဖြစ်ခဲ့ပါတယ်။ Audicity of Hope ကို လက်ရှိသမ္မတ ဘားရက်အိုဘားမား က ဆီနိတ်တာအဖြစ်ရှိနေစဉ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အမေရိကန်ပြည်ထောင်စု ရဲ့ ဒီမိုကရေစီတည်ဆောက်ခဲ့ပုံ၊ နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအကြောင်းများ၊ နိုင်ငံသားများ ထားရှိသင့်တဲ့ အတွေးအခေါ် အယူအဆများ၊ လူမျိုးရေးပြဿနာများ၊ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ နဲ့ ကမာ္ဘကြီးနဲ့ ပတ်သက်တဲ့ ၎င်းတို့ရဲ့ ရပ်တည်ချက်တွေကို ပွင့်လင်းစွာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကျွန်တော်တို့အနေနဲ့ လျစ်လျူရှုပြီးနေလို့ရတဲ့ တိုင်းပြည်တစ်ခုမဟုတ်ပါဘူး။ ၎င်းနိုင်ငံရဲ့ စီးပွားရေး၊လူမှုရေး ကိစ္စအဝဝဟာ အခြားတိုင်းပြည်များအပေါ်မှာ အနည်းနဲ့ အများဆိုသလို အကျိုးသက်ရောက်မှုရှိစေသော ကမာ္ဘထိပ်သီးနိုင်ငံကြီးဖြစ်ပါတယ်။ ဒီလို ကမာ္ဘ့ထိပ်သီး နိုင်ငံ တစ်ခုဟာ ရင့်ကျက်မှုရှိလာတဲ့ ဒီမိုကရေစီကို တိုင်းပြည်မှာ ဘယ်လိုတည်ဆောက်ယူခဲ့ရတယ် ဆိုတာကို ဒီစာအုပ်မှာ အသေးစိတ် ဖတ်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။

16 comments

  • etone

    May 10, 2012 at 2:18 pm

    ဦးလေး … အညွှန်းကောင်းလို့ ဖတ်ချင်ပါတယ် … ဖရီးဘယ်နားမှာ ဒေါင်းလို့ ရမလဲ .. အဟီး ။ စာအုပ်ဆို ..သိပ်မကိုင်ဖြစ်လို့ .. e-book ပဲရှာမိတာပါနော် .. ဟိဟိ 😀

    Reply

  • လင်းဝေ

    May 10, 2012 at 2:32 pm

    ဖရီးဒေါင်းချင်တဲ့သူနဲ့လာတွေ့နေသေးတယ်။ မြန်မာငွေ ၃၀၀ဝတည်းပါ ကွယ်။ စာအုပ်ဆိုင်တိုင်းမှာ ရှိမှာပါ။

    Reply

    • etone

      May 10, 2012 at 3:37 pm

      အံမငှီး ဦးလေးရယ် …. သုံးသောင်းကျပ်တည်းပါတဲ့လားဟင် … ရင်ဘတ်စည်တီးပြီးသာ ငိုလိုက်ချင်ပါတော့တယ် … ။ သွပ်ပြားတို့ အစိုးရဝန်ထမ်းဘဝက … လစာတိုးတယ်ဆိုမှ အဲ့ဒီလောက် အမောင့်လေးပါ … ။ က လေးတွေကလည်း ကျောင်းဖွင့်တော့မယ် အခမဲ့ကျောင်းအပ်လို့ ရတယ်ဆိုပေမယ့် .. ကျောင်းအုပ်ကြီးရောင်းတဲ့ စာအုပ်တွေမဝယ်လျှင်ပဲ … ဘိတ်ဆုံးခန်းရတော့မလိုလို … ။ ဒီကြားထဲ အိမ်ဦးနတ်ကလည်း ပန်းရံလုပ်တာ … အလုပ်ချိန် ၁၅ နာရီလုပ်ရတာ များတယ်ကွန်ပလိန်းတက်မိလို့ အလုပ်လက်မဲ့ …. ။ အိမ်မှာရှိတဲ့ ဘိုးအေဘွားအေများကိုလည်း ကြားဖူးနားဝရှိတဲ့ လူအိုရုံ စပယ်ကုန်းကိုပို့တာမှ …. အကြံဆိုလား ..အဖန်ဆိုလား…. သုံးသိန်းလှူရမတဲ့ … ။ ကောင်းကြသေးရဲ့လား .. အရပ်ကတို့ရဲ့ … ။ 😥

      ဟိဟိ .. နောက်တောက်တောက်မပြောတော့ဘူး အတည်ပြောမယ် … ။ သုံးသောင်းလို့ မြင်မိသွားလို့ .. သုံးထောင်ကိုး … ။ ဦးလေးရယ် သုံးထောင်လည်း ..သုံးထောင်အလျှောက် …. ဗဟုသုတနဲ့ ရသရမယ်ဆိုပေးပျော်ပါတယ် … ။ ဒါပေမယ့် မဖတ်ဖြစ်လျှင်တော့ အလကားရတာတောင် .. မတန်ဘူးနော် … ။

      Reply

  • ဗိုက်ကလေး

    May 10, 2012 at 2:33 pm

    အမတ်မင်းတို ့ ဖတ်သင့်တယ်ဗျို ့
    ကျနော်တို ့ တစ်ခြမ်းပုဂ္ဂလတွေလဲ ဖတ်သင့်ပါတယ်….
    ဖတ်ကြပါ

    Reply

  • Shan Gyi

    May 10, 2012 at 2:44 pm

    အညွှန်းကောင်းလို့ ဝယ်ဖတ်ပါမည်
    အချိန်ရရင် eBook ရိုက်ပြီး တင်ရှဲလ်ပါမည်
    ( ဘာသာပြန်တဲ့သူ၊ ပိုက်ဆံအကုန်ခံပြီး ရိုက်ရ ထုတ်ရ ဖြန့်ရတဲ့သူတွေကို အားနာသောအားဖြင့် အင်တာနက်ပေါ် ဖရီးတင်ရှဲလ်မယ် ဆိုရင် ခွင့်တောင်းသင့်တယ် ထင်ပါတယ် )

    Reply

  • amatmin

    May 10, 2012 at 4:10 pm

    ကိုဘလက်ပြောတဲ့ ဂေဇတ်မှာ ရေးနေ ဖတ်နေတာလဲ နိုင်ငံရေးဆိုတော့ကာ…
    ကိုလင်းဝေက လည်းရဲရဲတင်းတင်း ညွှန်းလာတဲ့ အတွက်မျှော်လင့်ချက် အပြည့်နဲ့ ဖတ်ချင်လာပါတယ်ဗျို့….
    ဘိုလိုဆိုရင်လည်း အကုန်သိမှာမဟုတ်တော့..၃၀၀ဝ ဆိုလည်းတန်မယ်ထင်၏..။

    Reply

    • မဟာရာဇာ အံစာတုံး

      May 10, 2012 at 5:14 pm

      ဟုတ်တာပေါ့ ..
      ခင်ဗျားတို့က အမတ်ဆိုတော့ ဒါမျိုးတွေ ဖတ်သင့်တာပေါ့ ..
      တန်လည်း တန်မှာပဲ …
      ဒါနဲ့ …. ခင်ဗျား ဖတ်ပြီးရင် ငှားချင်ဘူးလားဟင် … 😀

      Reply

  • windtalker

    May 10, 2012 at 7:26 pm

    အဲဒီစာအုပ်လဲဖတ်မယ် ။ ကိုလင်းမြွေ ပါတီထောင်ပြီး လွှတ်တော်အမတ် လုပ်မယ် ဆိုရင်လဲ အားပေးမယ် ။ ကိုလင်းမြွေ အနေဖြင့် လွှတ်တော်အမတ်လုပ်ရန် တိုက်တွန်းပါ၏။

    Reply

  • အလင်းဆက်

    May 10, 2012 at 8:17 pm

    ရှာ ဖတ်လိုက်ပါဥိးမယ်။
    စာအုပ်ကောင်းလေး ညွှန်းပေးလို ့ တကယ့်ကို ကျေးဇူးတင်မိပါတယ် ။

    Reply

  • marblecommet

    May 11, 2012 at 12:23 am

    အစ်ကိုရေ့
    ဖတ်ညွှန်းလေးအတွက်
    ကျေးဇူး…..
    ကျွန်တော့်စာအုပ်စင်မှာ စာအုပ်တစ်အုပ်
    တိုးလာတော့မည်ဖြစ်ပါကြောင်း
    ကတိပေးပါ၏…..

    Reply

  • MaMa

    May 11, 2012 at 9:08 am

    စိတ်ဝင်စားတယ်။
    ဝယ်ဖြစ်ဖို့ ဖတ်ဖြစ်ဖို့ ကြိုးစားဦးမယ်။
    သတင်းပေးတာ ကျေးဇူး။

    Reply

  • ကြောင်ကြီး

    May 11, 2012 at 10:19 am

    အိုးဘားမားနဲ့ ကြောင်ကြီး တချိန်ဂ အတူတူ ကိုက်ခဲ့ဂျဒါပေါ့။ သူလွှတ်တော်အမတ် မဖြစ်ခင် နိုင်ငံရေးလောကထဲ မဝင်ဂင်ဂ ပြောပါဒယ်။ ကေအက်ဖ်စီ ကြက်ကြော်ဆိုင်မှာ ကြက်တောင်ပံရိုး ကိုက်ခဲ့ဂျဒါလေ…။ ကေအက်ဖ်စီ မီနြူးမှာ Obama bite ဆိုပြီးဒေါ့တောင် ရှိသေး… မယုံရင် မောင်ရှုံးဂိုမေးကြည့်…။ အဲဒီကြက်တောင်ပံတချောင်း ဆယ်ဒေါ်လာတန်ဒယ်။

    Reply

  • ဝယ် ဖတ်ရမယ်ဗျ။
    အထူးသဖြင့် လွှတ်တော်ထဲကို မဲခိုးပြီးရောက်
    နေတဲ့ သူတောင်းစားတွေကို လက်ဆောင်ပေးရ
    မယ်။

    Reply

  • kyeemite

    May 11, 2012 at 3:52 pm

    ကိုကမ်းကြီး..ဘာတဲ့..ကျွန်တော့်စာအုပ်စင်မှာ စာအုပ်တစ်အုပ်
    တိုးလာတော့မည်ဖြစ်ပါကြောင်းကတိပေးပါ၏…..ဆိုဘဲ..
    အင်းကျုပ်လိုနေမှာ..စါအုပ်စင်ကြီးကြည့်ပီး ပီတိတွေအပြည့်နဲ့
    ဖတ်တော့မဖတ်ဖြစ်ဘူး..ဟူး ဟူး ဟူး..

    Reply

  • kyeemite

    May 12, 2012 at 8:19 am

    စာအုပ်မိတ်ဆက်အတွက်ကျေးဇူးပါ ကိုလင်းဝေ..
    လက်မတစ်ချောင်းထောင်သွားတယ်ဗျို့..

    Reply

  • blackchaw

    May 13, 2012 at 3:19 pm

    မည်သို့ပင်ဆိုစေကာမူ
    ဝယ်ဖြစ်အောင်ဝယ်ပါမည်။
    ဖတ်ဖြစ်အောင် ဖတ်ဖို့ ကြိုးစားပါမည်။
    ကိုလင်းဝေ အညွှန်းကြောင့်နော်…။

    Reply

Leave a Reply

Your email address will not be published.