Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။

zaylayJune 16, 20101min01

Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။
အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ #%&!
အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ
မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက်
စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ဒါပေမယ့်
ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို
သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ
ထင်တတ်ပါတယ်။

တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။ Password
သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ၊ ဘရုဖို့စ်
တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ ရှောင်နိုင်အောင်လည်း
ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား ပရိုဂရမ်တွေ Script တွေကို
သုံးပြီး Password ဖြည့်ရမည့် နေရာမှာ ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို
အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။ အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ
မလိုပဲ အင်တာနက်မှာတင် အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။

အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ဆိုတာကတော့ အဲဒီလို ရေးထားပြီးသား
ပရိုဂရမ်ကို သုံးပြီး အဘိဓာန် ထဲမှာ ရှိတဲ့ အင်္ဂလိပ်စာလုံးတွေကို
ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီး ဖြည့်ကြည့်တာကို ခေါ်ပါတယ်။ ဥပမာ အားဖြင့် night
နဲ့ parking ပေါင်းပြီး nightparking ဆိုတဲ့ စာလုံးမျိုး၊ Bird နဲ့ Park
ပေါင်းပြီး birdpark ဆိုတာမျိုးကို Password နေရာမှာ ဖြည့်ကြည့်ကြတာ မျိုးပါ။
အဲဒီတော့ ကိုယ့်ရဲ့ Password က အဘိဓာန် ထဲမှာ ရှိတဲ့ စာလုံးတွေကို သုံးထားတယ်
ဆိုရင် အဘိဓာန် တိုက်ခိုက်မှု ကြောင့် Password သူခိုးတွေရဲ့ လက်ကို
ရောက်သွားနိုင်ပါတယ်။ အဘိဓာန် တိုက်ခိုက်မှုကို သုံးတဲ့ Password သူခိုးအနေနဲ့
အင်္ဂလိပ် အဘိဓာန်သာ မကပဲ သူကြိုက်တဲ့ အဘိဓာန်ကို ပရိုဂရမ်ထဲမှာ အလွယ်တကူ
ထည့်ပြီး သုံးလို့ရပါတယ်။ အဲဒါကြောင့် အင်္ဂလိပ် အဘိဓာန် မသုံးပဲ မလေးစကားလုံးလို
အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာလုံးမျိုးတွေကို သုံးရင်လည်း စိတ်မချရပါဘူး။
အဘိဓာန်ထဲက စကားလုံးတွေကို Password အနေနဲ့ မသုံးတာဟာ အကောင်းဆုံးပါပဲ။
Password သူခိုးတွေဟာ အဘိဓာန် တိုက်ခိုက်မှု ထဲမှာ qwerty, asdfg စတဲ့
ကီးဘုတ်ပေါ်မှာ ရှိတဲ့ ဂဏန်း အစဉ်လိုက် စာလုံးတွဲတွေကိုလည်း သုံးတတ်တဲ့ အတွက်
ကီးဘုတ်ပေါ်မှာ ရှိတဲ့ အစဉ်လိုက် အက္ခရာတွေကို Password အနေနဲ့ ထားခြင်းမှလည်း
ရှောင်သင့်ပါတယ်။

ဘရုဖို့စ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ စာလုံးတွေကို ပုံစံမျိုးစုံနဲ့
ဖြည့်ကြည့်တဲ့ တိုက်ခိုက်မှုပါ။ ဥပမာ အားဖြင့် ဘရုဖို့စ် နဲ့ တိုက်ခိုက်မယ့်
Password သူခိုးက Password ၆လုံးစာ နေရာကို ကို 0 ကနေ 9 အထိ ဖြည့်ကြည့်မယ်
ဆိုကြပါစို့။ ပရိုဂရမ်က Password ဖြည့်ရမယ့် နေရာမှာ 0 ကနေ 999999 အတွင်း ရှိ
သမျှ ဂဏန်းတွေကို အလို အလျောက် ဖြည့်ကြည့်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ password
အားလုံးပေါင်းက (106 + 105 + 104 + 103+ 102 + 10)= ၁၁ သန်းကျော် ရှိပါတယ်။ (10
က ဖြစ်နိုင်ခြေ ရှိတဲ့ 0 ကနေ 9 အထိ ဂဏန်း ၁ဝ လုံးကို ရည်ညွှန်းပြီး ရှေ့ဆုံးက
ပါဝါ 6 ကတော့ ဂဏန်း ၆ လုံးစာနေရာကို ရည်ညွှန်းပါတယ်။) ဒါပေမယ့် ၁၁ သန်းကျော်
ဆိုတဲ့ ဂဏန်းကို ကွန်ပြူတာနဲ့ ဖြည့်ကြည့်ဖို့ မိနစ်ပိုင်း ပဲ ကြာပါတယ်။ အကယ်၍
ဂဏန်းချည်း သက်သက်မဟုတ်ပဲ အင်္ဂလိပ်အက္ခရာ စာလုံး အသေး ကိုပါ တွဲဖြည့်မယ်
ဆိုရင်တော့ a ကနေ z အထိ အက္ခရာ ၂၆ လုံး ပိုလာပါပြီ။ အက္ခရာ ၃၆ လုံးအတွက်
ဖြစ်နိုင်ခြေ ရှိတဲ့ ဂဏန်း အားလုံးပေါင်းက (366 + 365 + 364 + 363+ 362 + 36) =
2.2 ဘီလီယံ ကျော် ရှိပါတယ်။ အဲဒီအတွက် ပရိုဂရမ်ကို Run ရတဲ့ အချိန်က ဂဏန်း
ချည်း သက်သက် ဖြည့်တာထက် စာရင် အဆ ၂၀ဝ ကျော် ပိုကြာပါတယ်။ အင်္ဂလိပ်စာလုံး
အကြီးအသေး၊ ဂဏန်းနဲ့ ကီးဘုတ် ပေါ်က ရိုက်ထည့်လို့ရတဲ့ Special Character ၃၂
လုံးကို တွဲဖြည့်မယ် ဆိုရင်တော့ စုစုပေါင်း အက္ခရာ ၉၄လုံး ဖြစ်တဲ့အတွက်
ဖြစ်နိုင်ခြေ ရှိတဲ့ Password က ၆၉ရ ဘီလီယံ ကျော် ရှိပါတယ်။ ဂဏန်း ချည်းသက်သက်
ဖြည့်တာထက် စာရင် အဆ ၆သောင်း နီးပါး ပိုကြာပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Password
ထဲမှာ အက္ခရာ အကြီးအသေး ဂဏန်း နဲ့ Special Character တွေ တွဲဖြည့်မယ် ဆိုရင်
ဘရုဖို့စ် တိုက်ခိုက်မှုက နေ ရှောင်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ Password
အလုံးရေ ၁၂ လုံးထက် ပိုမယ် ဆိုရင် အကောင်းဆုံးပါပဲ။

Password ကို မကြာခဏ ပြောင်းပါ ဆိုတာလည်း ဒါကြောင့်ပါပဲ။ ကိုယ့်ရဲ့ Password
ကို တစ်စုံ တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်း တိုက်ခိုက်နေမယ် ဆိုရင်
တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့ Password ကို ဖော်နိုင်မှာပါပဲ။ ဒါကြောင့်
Password ကို မကြာခဏ ပြောင်းပေးတာဟာ ပိုပြီး လုံခြုံမှု ရှိစေပါတယ်။

ဒါပေမယ့် User တွေ အတွက် အဓိက ပြသနာက အဲဒီလို အားကောင်းတဲ့ Password ကို ဘယ်လို
မှတ်မိအောင် လုပ်မလဲ ဆိုတဲ့ ပြသနာပါ။ အရိုးအရှင်းဆုံး Password ဖန်တီးနည်းကို
အခုလို မှတ်သား ဖူးပါတယ်။ ဂဏန်းတွေ ပါတဲ့ အင်္ဂလိပ် စာကြောင်းတစ်ခုကို
မှတ်မိအောင် လုပ်လိုက်ပါ။ ဥပမာ She have 3 cats 2 dogs and he is 5 feet 8
inches tall ဆိုတာမျိုးပါ။ ပြီးရင် ရှေ့ဆုံးစာလုံးတွေကို ယူပါ။ sh3c2dahi5f8it
ဆိုပြီး ရပါတယ်။ နာမ်စားတွေကို အင်္ဂလိပ် အက္ခရာ အကြီး ပြောင်းလိုက်ပါ။ ပြီးရင်
ကျန်တဲ့စာလုံးတွေမှာ (a = @ , h = # , p = % , s = $ ) စတာမျိုးတွေ
အစားထိုးလိုက်ပါ။ အဲဒါဆိုရင် ခုန စာကြောင်းကနေ Sh3c2d@H!5f8!t ဆိုပြီး အလွယ်တကူ
ခိုးလို့မရနိုင်တဲ့ Password တစ်ခု ထွက်လာပါလိမ့်မယ်။ မမှတ်မိရင်
အင်္ဂလိပ်စာကြောင်းကို ပြန်စဉ်းစားပြီး အစပြန်ဖော်လို့ ရပါတယ်။ ရိုက်ပါများရင်
မှတ်မိသွားပါလိမ့်မယ်။
အဲဒါဆိုရင် မေးစရာ နောက်တစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့ အီးမေးလ်တွေ ကို
ဘရုဖို့စ် တိုက်ခိုက်မှုနဲ့ Password ဖော်လို့ ရသလား ဆိုတာပါ။ ရာဟူး
ဂျီမေးလ်စတဲ့ အီးမေးလ်တွေမှာ ဘရုဖို့စ် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက်
Catcha လို့ ခေါ်တဲ့ Word Verification ထည့်ထားပါတယ်။ Password ကို ၃ ခါ
မှားနှိပ်မိရင် Word Verification ပေါ်လာပြီး Password နဲ့အတူ ကွန်ပြူတာ
ဖန်သားပြင်မှာ ပေါ်လာတဲ့ စာလုံးတွေကို ရိုက်ထည့်ပေးရပါတယ်။ အဲဒီ လို ပေါ်လာတဲ့
စာလုံးတွေကို ကွန်ပြူတာ ပရိုဂရမ်နဲ့ အလွယ်တကူ ဖတ်လို့မရတဲ့ အတွက် ဘရုဖို့စ်နဲ့
တိုက်ခိုက်လို့ အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် ကွန်ပြူတာမှာ Optical
Character Recognition လို့ ခေါ်တဲ့ ဖန်သားပြင်ပေါ်က စာလုံးတွေကို ဖတ်လို့ရတဲ့
နည်းပညာလည်း ရှိပါသေးတယ်။ အဲဒါကြောင့် စာလုံးတွေကို အတည့်အတိုင်း မရေးပဲ
ရွဲ့စောင်း ရေးထားပြီး Word Verification ကို OCR နည်းပညာကို သုံးပြီး အလွယ်တကူ
ဖတ်လို့ မရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ သုံးနေကျ တစ်ချို့ဝက်ဘ်ဆိုဒ်
(လုံခြုံရေး အရ အမည် မဖော်လိုပါ။) တွေမှာ Catcha မပါပါဘူး။ အဲဒီအတွက်
ဘရုဖို့စ်နဲ့ တိုက်ခိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ Password က အားနည်းနေရင်
တခြားသူလက်ကို အလွယ်တကူ ရောက်သွားနိုင် ပါတယ်။ အဲဒါကြောင့် ကိုယ်သုံးနေတဲ့
ဝက်ဘ်ဆိုဒ်မှာ Catcha မပါမှန်း သိရင် Password ကို တတ်နိုင်သမျှ အားကောင်းအောင်
လုပ်ထားပါလို့ အကြံပေးချင် ပါတယ်။

ချောကလက်မြို ့တော်မှကူးယူဖော်ပြပါသည်။

ပြန်ဖြေပေးနော် ၊………

လူတွေ ဘာကြောင့် ချစ်ကြတာလဲ??? ဓာတုဗေဒ ပညာရှင်များရဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ စူးစမ်းလေ့လာ တွေ့ရှိချက်များအရ အချစ်ဆိုတာ တော်တော်ထူးဆန်းတဲ့ အချက်ကလေးတွေ အပေါ် အခြေခံကြောင်း တွေ့ရပါတယ်။ ဘက်ဖ်လိုတက္ကသိုလ်က စိတ်ပညာရှင် Mark Kristal က ခုလိုရှင်းပြခဲ့ပါတယ်။ “ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ရင်ခုန်ရတဲ့ အချစ်ဆိုတာ ဖြစ်လာစေဖို့ ခန္ဓာကိုယ်တွင်း ဓာတုဓာတ်ပြုမှု တော်တော်များများ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီဓာတ်ပြုခြင်းတွေ ဆိုတာက ဦးနှောက်အာရုံကြောတွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပြုခြင်းတွေ ဖြစ်ပြီး ဒီဓာတ်ပြုခြင်းတွေရဲ့ အစီအစဉ်တကျ ပါဝင်ဖွဲ့စည်းမှု၊ ရှေ့နောက်အစီအစဉ် ကျနမှု တွေကြောင့် လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို စူးနစ်နက်ရှိုင်းစွာ ချစ်မိသွားတာ ဖြစ်ပါတယ်”

ရီးရဲမက်ဒရစ်ရဲ့ ဘင်ဇီမာက အသင်းဟောင်း လိုင်ယွန်နှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြား

အသင်းဖော် စိတ်ဓါကျနေသော်လည်း မှန်ကန်သော အမြင်ဖြင့် ကပ္ပတိန်ရာထူးအတွက် ရီယိုကို ထောက်ခံစကား ဆိုလိုက်သည့် ဖရန့်လမ်းပတ်

မန်ယူအသင်းနှင့် ရင်ဆိုင်မည့်ပွဲတွင် ဒေးဗစ်ဘက်ခမ်းအား ပွဲထွက်ကစားခွင့်ရရှိရန် အာမခံချက်မပေးနိုင်ကြောင်း ပြောကြားလိုက်တဲ့ လီယိုနာဒို

မန်ချက်စတာစီးတီးနဲ့ ပူးပေါင်းလိုက်ခြင်းဟာ မှန်ကန်တဲ့ ပြောင်းရွေ့မှုတစ်ခုပါဟု ပြောကြားလိုက်သည့် အာဆင်နယ် ကစားသမာဟောင်း ပက်ထရစ်ဗီအဲရာ

မနက်ဖြန်ညတွင် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် မီလန်အသင်းနှင့် ပွဲအတွက် ရင်ခုန်နေသော ဘာဘာတောဖ့်

တယ်ရီနှင့်ဝိန်းဘရစ်ချ်တို့ မဖြစ်မနေ မျက်နှာချင်းဆိုင်ရတော့မည်လော.. ရက်သတ္တပတ် တစ်ပတ်အတွင်း ပြိုက်ဘက်သဖွယ် နှစ်ကြိမ်နှင့် အသင်းဖော်အဖြစ် တစ်ကြိမ် ရင်ဆိုင်ရမည့် အခြေအနေများ ဖြစ်ပေါ်

“ကျွန်တော် ယူနိုက်တက်ကို လွမ်းဆွတ်သတိရတယ်၊ ကျွန်တော် အိုးထရက်ဖို ့ထ်ကို တခါပြန်ကစားဖို ့ ဖြစ်လာနိုင်ပါတယ်”….(စီရော်နယ်ဒို)

ချဲယ်လ်ဆီးနဲ့ ပွဲမှာ အင်တာအတွက် ဂိုးသွင်းယူပေးဖို့ အဆင်သင့်ပါပဲ (ဘာလိုတယ်လီ)

ဗီဒစ် ပေါင်သန်း ၂ဝ နဲ့ ရီးယဲမက်ဒရစ် အသင်းထံ ပြောင်းဖို့ သဘောတူညီခဲ့ပြီလား…

ကျွန်တော်တို့ ဂလေဇာဆီကနေ မန်ချန်စတာ ယူနိုက်တက် အသင်းကို ဝယ်ဖို့အသင့်ပါဘဲ – မန်ချက်စတာ ဘဏ်လုပ်ငန်းရှင် Heith Harris

ရိုးမားအသင်းဟာ အင်တာအသင်းကို အမှီလိုက်နိုင် သေးပါတယ် (ဘရီချီ)

အင်တာသည် အသင်း၏ သစ္စာရှိ သက်တော်ရှည် ကစားသမား ဇနက်တီကို စာချုပ်သက် တမ်းတိုးသွားရန် ပြင်ဆင်

AFC Challenge Cup ပြိုင်ပွဲနှင့် တစ်မျိုးသားလုံးရဲ့ မျှော်လင့်ချက် – မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း

လီဗာပူးအသင်းကို ချန်လပ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းဖြင့်ပေါင် ၁၀.၄သန်းတန်ကြေးရှိ လေးနှစ်သက်တမ်း စာချုပ်ချုပ်ဆိုခဲ့သော ဘော်ဒိုးတိုက်စစ်မှူးချာ့မက်စ်

good good pyan po

One comment

  • မန်း ရိပ်

    September 5, 2010 at 3:23 am

    အင်း အခုမှပဲ password သူခိုးတွေ အကြောင်းရော ကာကွယ်ထားဖို့သင်တော်တဲ့နည်းလမ်းတွေ သိတော့တယ်

    Reply

Leave a Reply

Your email address will not be published.