ဒဂယ်လား နှစ်ကယ်လား really?


ဒုတိယသမဒဂျီး ဦးတင်အောင်မြင့်ဦး (ခ) ဗိုလ်ရှစ်လုံး အနားယူသွားဂျောင်းသဒင်းမှန်ရင် အပြောင်းအလဲသိပ် မြန်လွန်နေဒယ်။ ကြေငြာသလို ကျန်းမာရေးကြောင့် မဖြစ်နိုင်ဘာ၊ မဟုတ်မှလွဲယော :mrgreen: သမဒဂျီး နဲ့ ဘွားဒေါ်ဂျီးတို့ နှစ်ကိုယ်ဂျား သဘောတူချက် တခုခုရှိထားဒါဂို လက်မခံနိုင်လို့လား သို့တည်းမဟုတ် ကုတ်ခြာကာချုပ် ဗိုလ်မင်းအောင်လှိုင်နဲ့ မတည့်မခွဲ့ဖြစ်သလား။ ပထမဟာ ပိုဖြစ်နိုင်ပုံရဒယ်။ အခုသဒင်း မတိုင်မှီလေးဒင် သမဒအကျန်ပေး ဦးကိုကိုလှိုင်ဂနေ သမဒဂျီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ မဝင်ဒေါ့ဘူးလို့ လေသံပစ်လိုက်တယ်။ အတည်ပြောဒါထက် ဒုသမဒ ဦးရှစ်လုံးဘက်တော်သားဒွေဂို ချွေးသိပ်တာ ဖြစ်မယ်ထင်ဒယ်။ မင်းတို့ဆြာဂျီးနားသလို ငါလည်းမကြာဂင် နားဒေါ့မှာ ဒေါမကီးဂျနဲ့လို့ အဓိပါယ်ကောက်ရင် ရနိုင်ဒယ်။
တပ်ရှုပ်ကျီးနဲ့ ဒုတပ်ရှုပ်ကျီးဒို့ဂ တပည့်ကျော်ပဲလှော် ဗိုလ်ရှစ်လုံးဂို မုန်းဘီထင်၏။ သူ့နေယာ ဘယ်ဒူယူမလဲ.. စစ်သားဒုသမဒဖြစ်ရမှာမို့ ဗိုလ်ပြုတ်များအစား လက်ရှိစစ်သားထဲဂ ဗိုလ်ရှုပ်တယောက် ဖြစ်လာနိုင်ဒယ်။ ဒုတ်ခြုဒုဂျုပ် ဒါမှမဟုတ် ကာကွယ်ရေးဝံကျီးဂနေ ပူးတွဲတာဝန် ယူမယ်ထင်ဒယ်။ စစ်ကိုယ်စားလှယ်ဆိုဒါ အချိန်မရွေး အဖြုတ်အတပ် လုပ်လို့ရလို့ လူထက်မူအပြောင်းအလဲ ပိုအရေးကြီးဒယ်။ စစ်တပိုင်း အစိုးမရထဲဂ ဂေါင်းမာဂိုဏ်းသားဒွေဂို အန်အယ်လ်ဒီနဲ့ အစားထိုးလိုက်နိုင်ပြီဆိုရင်ဒေါ့ ဒီမိုကရက်တစ် အပြောင်းအလဲများဆီသို့ သိသာဒဲ့ ခြေလှမ်းရွေ့နေဘီ ပြောလို့ရဒယ်။ အဲဒီမတိုင်ဂင်ဒေါ့ ဘာလုပ်လုပ် သိပ်မထူး လေစားလေလျော်အဆင့်ပဲ ရှိသေးဒယ်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံးမှာ အခြေခံကျကျ အပြောင်းအလဲရှိမှ နောက်ပြန်ဆုတ်ဖို့ မလွယ်ဒဲ့ အနေအထားရောက်မယ်။ ဘွားဒေါ်ဂျီးဂ ဥပဒေပြုရေးကို မျက်စောင်းထိုးဒယ်၊ သမဒဂျီးဖက်က အုပ်ချုပ်ရေးပိုင်းကို လှုပ်ပြဒယ်။ နိုင်ငံရေးနော် နိုင်ငံရေး.. အကွက်ရွှေ့နေဂျဒယ်။

14 comments

  • laypai

    May 7, 2012 at 10:01 am

    ဒေါ်စု ကို အစိုးရ အဖွဲ့ ရောက်အောင် ခေါ်ဖို့ ဒုသမ္မတ လစ်လပ် တနေရာ ဖြစ်အောင် လုပ်တဲ့ အနေအထားများလား။

    Reply

  • ဗိုက်ကလေး

    May 7, 2012 at 10:46 am

    ကဲ..ကဲ..
    ဒုသမဒ နေရာကို ဗိုက်ကလေး အစားဝင်မယ်.. 😆

    ကျန်းမာရေးကတော့ တစ်ကယ်ကောင်းလို ့နေမှာပါ ဘိုးကြောင်ရ
    ဒါပေမဲ့
    ဟိုအဘိုးကြီးကျတော့လဲ ကျန်းမာရေးမကောင်းတာတောင် ပေတေပြီး နောက်ဆုံးချိန်ထိ ရသမျှ အာဏာနဲ ့ ရသလောက် မသွားတယ်ဆိုတော့….
    ဒီပုဂ္ဂိုလ် ဘဇာကြောင့် နားသွားသလဲ စဉ်းစားစရာပါပဲ..
    နောက်ဆက်တွဲ စိတ်ဝင်စားစရာ ကောင်းပါတယ်..
    ကြည့်ကြတာပေါ့..

    ကြောင်ကြာကြာ ငါးကြော်ကို မမုန်းပါဘူး

    Reply

    • Thel Nu Aye

      May 7, 2012 at 11:01 am

      အောင်မယ်လေးဗိုက်ဗိုက်ရယ်။ နင်သာ ဒုသမ္မတ ဖြစ်လို့ကတော့ ဒို့ရွာကလူတွေ ပစ်မထား နဲ့နော်။ ရှေ့ရှေ့လူချီးတွေက သူတို့ခင်ရာဆွေမျိုး ဆွေတော်မျိုးတော်တွေကို ကြည့်ရှု့စောင် မတယ်။ နင့်ကျမှ မူးပြီးမေ့နေမှာစိုးလို့ခုထဲကကြိ်ုမှာထားတာ။ ကားပါမစ် ၁ဝ စောင်လောက်။ ပြေးပြီ။ ရွှီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

      Reply

    • မဟာရာဇာ အံစာတုံး

      May 7, 2012 at 8:17 pm

      တိုဗိုက် ဒုတမဒ ဖစ်ရင် ..
      ဘီအီး ဖဒီး တိုက်စနစ် ပြောင်းပါဂျို့ …
      အဲ့အခါ ကျုပ်က အရက်သမား ဂေဟာများ အသင်း ထောင်မယ် ..

      Reply

  • Thel Nu Aye

    May 7, 2012 at 10:50 am

    ဒေါ်စုကလောလောဆယ်ဆယ်လွှတ်တော်ထဲမှာပဲရှိနေတာပိုကောင်းမယ် ထင်တယ်။ ၂၀၁၅ ကျမှ အုပ်ချုပ်ရေး ပိုင်းဝင်တာပိုကောင်းမယ်။ အခုဟာကသူတို့အရှုပ်ထုပ်ထဲပါနေရမယ်။ အခုဟာကကလဲ ရှစ်လုံးက အရင်လိုတင်းလို့လဲမရ လျော့ပြန်ရင်လဲသိက္ခာကျမှာစိုးတော့ လူလိမ်မာနည်းနဲ့ ရှောင်ထွက် သွားတာလားမှမသိတာ။

    Reply

  • ဦးဦးပါလေရာ

    May 7, 2012 at 11:26 am

    တကယ်တော့ နောင်လဲ မကြာမယ့်အတူတူ လွတ်လွတ်လေးရှိတုန်း နားတာ ပိုကောင်းပါတယ်။
    ကိုယ်လိုချင်တဲ့ ကိုယ်မျှော်မှန်းတဲ့ အခင်းအကျင်းမှ မဖြစ်နို်င်တော့ရင် ဘာလုပ်တော့မှာလဲ..။
    ဘယ်သူ့ကို အစားထိုးမလဲပဲ ပိုစိတ်ဝင်စားတယ်။

    Reply

  • etone

    May 7, 2012 at 12:52 pm

    သတ်မထ ဂျီးတွေ … သတ်ပြီးရင်းသတ်တွေလား ဘာလားတော့မသိဘူး … ငါ့အိမ်က ကြောင်ပျောက်နေပါတယ်မှတ်တာ .. ဘယ်နှယ့် ခွေးဝဲစား ခြေသလုံးအိမ်တိုင်ခွေး (ရွှေတိုက်လက်ကိုကိုက်တဲ့ခွေး) နဲ့ ငြိနေပါ့လိမ့်နော် ။
    ဦးကြောင် … ကျွန်မကြောင် အသက်မပြည့်သေးဘူး … ။ အလိုတူအလိုပါ အမှုနဲ့ ရောပြီး ပိတ်လိုက်ရမလား ပြော…. ။
    ( ပုလင်းထဲကို 😆 )

    Reply

  • ba gyi

    May 7, 2012 at 2:16 pm

    ကျွန်လိုခေတ်မှ လွတ်မြောက်ရေးအမှန်—- ဒို့အသံ
    သ္ခင်လိုဖြစ်အောင် လမ်းညွှန်ပေးတာ——– ဒို့အသံ
    ဒါ Issue တစ်ခုလည်းဖြစ်နိုင်တယ်———– ဒို့အသံတွေမှန်ဘို့လိုတယ်။
    အပြောင်း၊ အလဲ ဆိုသည်၊ ပြောင်းပြီး လဲ ရမည်မှာဧကန်ပင်။
    လွှတ်တော်ထဲ တပ်ပါဝါ ပြောင်း လဲပြီး၊ သည်သတင်းထွက်ခဲ့သည်၊ တစ်ဖက်မှဟတ်လိုင်းထပ်တင်ပြီး၊ယ္ခု ဟတ်လိုင်းလီဒါဖြုတ်ပြန်ပြီ၊ဟုတ်မဟုတ်တော့အတိအကျမသိသေး။
    အခင်းအကျင်းတွေကတော့ မြန်ဆန်နေပြီ။
    သင်ဟာသမိုင်းကြောင်းကောင်းဘို့တစ်ခုခုလုပ်ခဲ့သလား —တဲ့ ။
    သမိုင်းကြောင်းကောင်းအောင်ပြောင်းလဲဘို့ အကောင်းဆုံးအချိန်ပါပေ၊ သမ္မတကြီးကတော့သမိုင်းလှပြီး၊
    နိုင်ငံတစ်ကာကပင်အသိမှတ်ပြုစအခြေနေရောက်ခဲ့ပြီ။အားလုံးသမိုင်းကြောင်းကောင်းအောင်အဖတ်ဆယ်
    ခွင့်ရကြပြီး၊အခွင့်ရကြသည့်အတိုင်းလည်းလက်တွေ့ကျကျ၊သတ္တိရှိရှိ နှင့်ရဲဝန့်သောပြည်သူ့ဘက်တော် သားတွေဖြစ်နိုင်ကြပါစေဗျား။လောလောဆယ်တော့ သူတို့ထဲမှအခြင်းခြင်းပါဝါ အပ်ကွက်နင်းနေ ပါသေး သဗျား။

    Reply

  • ကောင်းမြတ်သူ

    May 7, 2012 at 4:00 pm

    ပွဲစဉ်ကတော့ကြမ်းလာပြီ…. တစ်ခါမှ မမြင်ဘူးတဲ့အကွက်တွေနဲ့ချည်းလိမ့်ကန်နေကြတာပဲ။

    Reply

  • char too lan

    May 7, 2012 at 4:50 pm

    ဒါရိုက်ဖြုတ်မှာလား တစ်နေနေရာရာမှာချိတ်ပီးစောင့်ကြည့်အုံးမှာလား ???
    လစ်လပ်နေရာကိုရော ??? ဘယ်နနှစ်ရွေးအုံးမှာလဲ ချက်ချင်းပေးမှာလား ?? ဘယ်သူမှတော့ စောတဂတက်မှာမဟုတ်ဘူး သူသွားရင် ငါရမှာပေါ့ ဆိုတဲ့ဟာတွေချီးဘဲ

    Reply

  • windtalker

    May 7, 2012 at 7:49 pm

    ဘင်ကီမွန် တောင် မိန် ့ခွန်းလာပြောသွားပြီးခဲ့ပြီ ဆိုမှတော့ ၊ တစ်ကယ်ဘဲ ဖြစ်ရတော့မှာပေါ့ဗျာ ။ နော

    Reply

  • ko ko soegyi

    May 7, 2012 at 8:35 pm

    သားက ကျန်းမာရေးကောင်းပါသေးတယ်.. မယုံရင် ဆေးစစ်မှတ်တမ်းလေး( အတုလား အစစ်လားတော့မသိ) ပြပါ့မယ်ဂျ လို့ လွှတ်တော်တင်လိုက်ပေါ့.. ဒီမိုကရေစီခေတ်ကြီးပဲ.. ဟဲဟဲ. တင်ပြလို့ ရပါတယ်.. (နောက်မှ ကောက်ခါငင်ခါ တေတွားရင်တော့ တာဝန်မယူဝူး…)

    Reply

  • အလင်းဆက်

    May 7, 2012 at 8:55 pm

    ဗယ်လို ပျောယ မလဲ.စိုတော့ ပေါ့ဏော်…
    ဟိုဓင်းပေါ့ဏော်…ဟိုဟာ ပေါ့ဏော် ။
    ကျွန်ဓေါ်..အခုလောလောစယ်..ပေါ့ဏော်…
    နှာစေးနေဒယ်ပေါ့ဏော်…။

    Reply

  • Khin Latt

    May 7, 2012 at 10:24 pm

    ဟေ့ မောင်ကြောင်ဂျီး
    ဒီတစ်ခါ တော့ အတည့် မြင်ရှာသားဘဲ။
    ကြားခဲ့ရသမျှ အရဆိုရင်တော့ (ဟုတ်ခဲ့ရင်ပေါ့) မယုံနိုင်လောက်အောင် အားတက်စရာတွေ အများသား။
    တစ်ချို့ သတင်း ဆို ပါးစပ်တောင် အဟောင်းသားဖြစ်မိ။
    သို့ပင်သို့ငြား – ကိုယ်ပျောက်ဝိဇ္ဇာ တွေကို မြင်နေရဆဲ။
    ဘာဘဲ ဖြစ်ဖြစ် ပါလေ။
    သာဓု၊ သာဓု၊ သာဓု။ 😀

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.