ကျွန်တော်နဲ့ ကဆုန်လပြည့်နေ့ ရေစီးကြောင်း

Mလုလင္May 6, 20121min020

တပေါင်းလပြည့်နေ့ က လဲ .. တပေါင်းလပြည့်နေ့ လူစီးကြောင်း ဆိုပြီး တင်ဖူးပါတယ်။ အခုကတော့ ကဆုန်လပြည့်နေ့ ရေစီးကြောင်းပေါ့ …။ ဒီကြားထဲ မှာ ထူးခြားတာလေးတွေဖြစ်သွားတော့ အခုတင်တဲ့ ပုံတွေမှာ cross line တွေပါလာမှာလို့ .. သည်းခံကြပါလို့ …။ ထူးခြားတာက တခြား မဟုတ်ဘူး .. ပုံ .. တွေကို ယူယူသုံး ခံရလို့ပါ။ ကဆုန်လပြည့်နေ့မှာ
ရွှေတိဂုံ စေတီတော် ကို သုံးကြိမ် ဦးတိုက် ခဲ့ရတယ်။

ဓာတ်ပုံ ရဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ မို့ … လောလော လောလော နဲ့ပါပဲ .. မိုးမိမှာ စိုးလို့ ထီးကယူလာရသေး .. ထီးက အရှည် ကြီးဆိုတော့ လက်ကကိုင်ထားရမှာ ရှုပ်လွန်းလို့ .. ပီနံ (ပလတ်စတစ်) ကြိုးနဲ့သိုင်းထားလိုက်တယ် … အဲ့ဒီတော့ ဒီနေ့ ဘုရားပေါ်မှာ ပလတ်စတစ်ကြိုး နဲ့ သိုင်းထားတဲ့ ထီးအရှည် နဲ့ ကင်မရာ အိတ်ကို စလွယ်သိုင်း လွယ်ပြီး ဦးထုပ်
တစ်လုံးနဲ့ … လူကို မြင်ခဲ့ကြရင် အဲ့ဒါ ရွာသား Mလုလင် ပါလို့ နော့ ….။ ပထမ အခေါက် က ဓာတ်ပုံဆြာ တစ်ယောက် နဲ့ … ပုံ မရခဲ့ဘူး မိုးအုံလို့။ နောက်တစ်ခေါက် က အိမ်လာလည် တဲ့ ဦးပေါက် နဲ့ .. အဲ့ဒီတော့ မှ အခုတင်ဖြစ်တဲ့ ပုံလေးတွေရခဲ့လို့ သက်ပြင်းချလိုက်နိုင်ခဲ့ပါတယ်။ နောက် တစ်ခေါက် ကတော့ အန်ကယ်ကြီး ဦးအမတ်မင်း၊ ဦးသူရဇော် နဲ့
အိမ်အပြန်ခရီးမှာ ဦးတိုက် တာပါပဲ …။

ကဲ .. တင်ပြီဗျာ … တွေ့ရာမြင်ရာ ရိုက်ထားနှက်ထား တာလေးတွေမို့ .. မချစ်သော်လည်း အောင့်ခါနမ်းကြပါဗျိုး ……..။

၁။ ညောင်ရေသွန်းပွဲ (၁)
၂။ ညောင်ရေသွန်းပွဲ (၂)
၃။ ညောင်ရေသွန်းပွဲ (၃) .. ဆုတောင်းပြည့်တယ် လို့ပြောကြတယ်။
၄။ ညောင်ရေသွန်းပွဲတော် (၄)

လေးစား၊ချစ်ခင်၊ကျေးဇူးတင်စွာဖြင့်
Mလုလင်

20 comments

  • water-melon

    May 6, 2012 at 8:15 am

    အမှန်တို်င်းပွင့်ပွင့်လင်းလင်းပြောမယ်နော် ကိုလုလင်
    ပုံတွေကလှပြီး အဖြူရောင်အချောင်းတွေနဲ့ ့လုပ်ထားတော့
    ကြည့်ရတာအမြင်ဆိုးတယ်အကို
    အကိုတို့ ဓာတ်ပုံဆရာတွေက ကိုယ်ရိုက်တဲ့ ဓာတ်ပုံတွေကို တန်ဖိုးထားတယ်ဆိုတာသိပါတယ်
    အခုပုံကြီးက ဆင်ဆာဆိုပြီးမကြည့်ရလို့ဟာနဲ့တူနေတယ်ဗျာ 😥

    Reply

  • kyeemite

    May 6, 2012 at 9:22 am

    ဓါတ်ပုံရိုက်သူနာမည်ပါနေပီဘဲမဟုတ်လား ကိုလုင်ရဲ့…
    ပုံလေးတွေက ကာလာဖူးဖြစ်လို့တော်တော်လှတယ်ဗျို့..
    ဓါတ်ပုံပြိုင်ပွဲမှာ ဆုရတယ်ဆိုလို့ ရွာသားတစ်ယောက်အနေနဲ့
    ဂုဏ်ယူပါတယ်ဗျာ..

    Reply

  • water-melon

    May 6, 2012 at 9:34 am

    တောင်မစုတ်
    ဆုရတယ်ဆိုပြီး မုန့်လည်းမကျွေးဘူး
    နေနိုင်တာဟယ်
    တော်ပြီ နောက်တခါ မခေါ်တော့ဘူး
    အဟိ

    Reply

  • Mလုလင်

    May 6, 2012 at 10:06 am

    ပြင်ပြီးပါကြောင်း . ….

    Reply

    • ရွာစားကျော်

      May 6, 2012 at 10:48 am

      အရင်လို ရေစာလေးနဲ့ လုပ်ပါ မန့်မယ်စိတ်ကူးနေတာ ပြင်လိုက်ပီကိုး..
      အားကျထာဗျာ..
      ဒါနဲ့ စကားအတင်းစပ်
      ကိုလုလင်က အရင်ကတည်းက ပို့စ်ပြင်လို့ရတဲ့ အဆင့်ရောက်ပီးသားလား
      သူကြီးက ရာထူးတိုးပေးထားတာလား .. မျက်နှာမြင်ပီးသားလူတွေ ရာထူးတိုးပေးမယ် သူကြီးပြောတာ ဂယ်လားဗျ.. တခြားကြောင့် ဟုတ်ပါဘူး.. ခုလို ပို့စ်ထဲမှာ အဆင်မပြေတာလေးတွေ ပြင်လို့ရမယ်ဆိုလို့ မျှော်လင့်နေတာ…

      Reply

  • windtalker

    May 6, 2012 at 10:13 am

    ကင်မရာမင်း မဟုတ်လို့ ပညာပိုင်းဆိုင်ရာ မပြောတတ်ပါဘူး ခင်ဗျာ။ သို့ပေသည့် သဂျီး သာ ဈေးမေးလာခဲ့ ရင် တစ်ပုံ ဒေါ်လာ၃၀၀ဝ ေ

    Reply

    • Mလုလင်

      May 7, 2012 at 10:23 am

      ကျေးဇူးပါ ကိုပေ ရေ …

      Reply

    • Mလုလင်

      May 7, 2012 at 10:23 am

      ဦး ပေါက် က စိုင် ပစ် လိုက်တာကိုး … 🙂

      Reply

  • ဆူး

    May 6, 2012 at 10:40 am

    တနှစ်ပတ်လုံး မေ့နေကြတာ ကဆုန် လပြည့်နေမှ ညောင်ရေတွေ သွန်းနေကြတာ ညောင်ပင် ရေလောင်းလို့ ရေရတဲ့ နေ့ မဟုတ်ပဲ. ရေမွန်းတဲ့ နေ့ လို့တောင် ပြောလို့ ရနေပြီ။
    နေ့တိုင်း ရေလောင်းသူတွေ ရှိပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။

    Reply

    • Mလုလင်

      May 7, 2012 at 10:26 am

      တစ်နှစ်လုံးစာ ကို တစ်ရက်ထဲလောင်းလိုက်တာနဲ့ တူပါတယ်…။ အဲ့ဒီ့တုန်းက အဲဒါတွေ မစဉ်းစားမိပဲ Reflection ကို သာစဉ်းစားမိပါကြောင်း …. အတ္တ (အဖြူရောင်) လို့ပြောရမယ် နဲ့တယ်တယ်။ တခြား နယ် တွေမှာတော့ ရေချိုတွေ ပြတ် နေကြတယ် ကြားတယ် ဗျို ့..။

      Reply

  • ဗိုက်ကလေး

    May 6, 2012 at 11:10 am

    တောင်မအစုတ်ပလုတ်တုတ်..ဆုရတာ ဘီဘီလဲ တိုက်ဘူး 😀
    မိုက်တယ်ဗျာ..
    ဗဲဒီးဂွတ်

    Reply

  • Yin Nyine Nway

    May 6, 2012 at 11:43 am

    သူ့ပွဲ ဖိတ်မယ်ဆိုပဲ
    အဲခါကျရင် တပုံစီ လက်ဆာင်ပေးမယ်ဆိုပဲ
    အခုထဲက ဦးထားတယ်နော်
    1ပုံ….. 🙂

    Reply

  • Thel Nu Aye

    May 6, 2012 at 12:20 pm

    ဟုတ်တယ်။ ဆုရလို့ ဝမ်းသာပါတယ်။ ပွဲကျရင်လဲလာပါမယ်။ ပုံလက်ဆောင်လဲမျှော်နေမယ်။ တကယ်ပေးနော်။ ချိတ်ထားမှာတကယ်။

    Reply

  • Inz@ghi

    May 6, 2012 at 8:38 pm

    ဆုချိတ်တယ်ဆိုလို့ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းရယ်ပါ…
    ကိုယ့်ဆြာ bravo !!!!!

    Reply

  • amatmin

    May 7, 2012 at 10:48 am

    ကိုလုလင်ရေ.
    ဓါတ်ပုံအမြင်မှာတော့ နလပိန်းမို့လို့ ဆြာ့ပုံတွေကသပ်ရပ်တယ်လို့ပဲ ..
    ခင်ဗျားက ဘုရားဦးတိုက်လိုက်..ဟိုဟာလေးလုပ်လိုက်. ဆိုတော့..
    အင်း ဆုရမယ်ဆိုလဲ ရချင်စရာပါပဲ 🙂
    ဒါနဲ့ဗျာ ဘာကြီးဒုန်း ..အန်ကယ်ကြီး ဆိုတာက ..
    အဲ့ဂလိုတော့ မနောက်ပါနဲ့ အူးလေးရာ.. 😛

    Reply

  • Khaing Khaing

    May 7, 2012 at 10:55 am

    ကိုလုလင်ရေ ပထမပုံလေးကိုတော့ အတော်ကြိုက်တယ်ဗျို့ ……… ကာလာကစုံတော့ စိတ်ထဲတစ်မျိုးတောင်ဖြစ်မယ်တယ် ………..

    Reply

  • သူရဇော်

    May 7, 2012 at 1:31 pm

    အစ်ကိုရေ ဓါတ်ပုံလက်ရာတွေကတော့ အံ့မခန်းပါပဲ……. တကယ့်ပုံကောင်းတွေလို့ ကျွန်တော် မြင်မိပါတယ်……. ကျွန်တော်ကတော့ ဓါတ်ပုံကို ဝါသနာလေးလဲပါမိသဗျာ….. အစ်ကိုတို့လို ပါရမီအထုံလေး မရှိတော့လဲ သူများပုံလေးတွေကြည့် အားကျနေရတယ်ဗျ….. အစ်ကိုရေ အစ်ကို့ပုံလေးတွေမှာ ကြည်လင်တဲ့ရေရယ်….စုံလင်တဲ့ကာလာ…..ညောင်ရေသွန်းလောင်းစဉ် လေထဲမှာ ပဲရှိနေတဲ့ ဝဲပျံနေတဲ့ ရေလေးတွေရယ် အရမ်းလိုက်ဖက်လှတယ်ဗျာ…… နောက်ပီး အလင်းအမှောင်ကလဲ ထိထိမိမိရှိလှပါတယ်……ရေပြင်မှာ ထင်ဟပ်တဲ့ အရိပ်လေးတွေကလဲ အစ်ကို့ဓါတ်ပုံကို ပိုပြီးလှပလာအောင် အသွင်ဆောင်နေတယ်လို့….. ကြိုးစားပါအစ်ကိုရေ…. ဒီထက်ပိုအောင်မြင်မှုတွေ ရရှိပါစေလို့လဲ လှိုက်လှိုက်လဲလဲဆုတောင်းပေးပါတယ်ဗျာ
    ခင်မင်လေးစားစွာဖြင့်
    သူရဇော်
    အတုအပဆင်တူယိုးမှား အထူးသတိပြု

    Reply

  • Rose Minn

    May 7, 2012 at 3:08 pm

    အော်ရွာထဲမလဲ မတူညီတဲ့ အမြင်နဲ့ ရိုက်နိုင် ကြပါပေတယ်။ အံ့ပါ့ အံ့ပါ့ ။ လက်မထောင်ပြီးအားပေးပါတယ်။
    ပုံ ၃။ က မမကြီးဘာတွေ ကြိတ်ဆုတောင်းတယ် မသိဘူးနော်။ ကိုလု မေးမကြည့်ခဲ့ဘူးလား။

    Reply

    • Mလုလင်

      May 8, 2012 at 12:53 am

      သူ့ မှာလဲ သူ့ အပူ နဲ့ သူပါဗျာ ….

      Reply

Leave a Reply

Your email address will not be published.