ရန်ကုန်မြို့လယ်မှာ တွေ့ခဲ့တဲ့ ထူးဆန်းသော သတ္တဝါများ (မြန်မာ့ ဟော့ခ်၊ ရေသူမ နဲ့ လိုခိပ်)

ဂေဇက် စုပေါင်းကုသိုလ်

ပန်းတနော်၊ အစုကြီးကျေးရွာ

သီတဂူ သုမေဓာဆေးရုံ အလှူခရီးမှ

ပြန်လာခဲ့ပြီး နောက်တနေ့

ရန်ကုန်မြို့မှာ ဘုရားဖူး၊ လည်ပတ်ရင်း

တွေ့ခဲ့တဲ့ ထူးထူးဆန်းဆန်း တွေ့ခဲ့ရတဲ့

မြန်မာ့ ရှေးဟောင်း ဒဏ္ဍာရီလာ အစိမ်းရောင် လူ့ဘီလူးကြီး ဟော့ခ်

အစ်ကိုကာလသားများ တွေ့ဖူးမြင်ဖူး ချင်နေတဲ့ ရေသူမ နဲ့

ခေါင်းနှစ်လုံး၊ အတောင် နှစ်ဖက်၊ ခြေခြောက်ချောင်း၊ အကြေးခွံ အထူကြီးလည်းရှိတဲ့

လိုခိပ် သတ္တဝါပုံကို ရွာသူရွာသားများ ဗဟုသုတ အလို့ငှာ ဝေမျှလိုက်ပါတယ်..

 

မြန်မာ့ ရှေးဟောင်း ဒဏ္ဍာရီလာ အစိမ်းရောင် လူ့ဘီလူးကြီး ဟော့ခ်၊
ရေသူမ (ကိုကို ကာလသားများအတွက်)
ထူးဆန်းတဲ့ လိုခိပ် သတ္တဝါ.. ဟီ ဟိ

မန်းဂေဇက် ရွာမိတ်ဆွေတွေ ပြုံးပျော်နိုင်ကြပါစေ

ခင်မင်စွာဖြင့်

ရွာစားကျော်

33 comments

  • windtalker

    May 4, 2012 at 10:52 pm

    ပထမဆုံး ကွန် မမင့်ခင် အားရပါရ ရယ်တယ်ဗျာ
    အိုက်ဒီယာနဲ့ စကားလုံး သုံးထားပုံ ကို ကြိုက်မိတယ်ဗျာ
    ဘလာစီယာ လုပ်ငန်းရှင်တွေ ရေသူမ ကို စပွန်ဆာ ပေးသင့်တယ်ဗျာ
    လက်တစ်ချောင်းထောင်ပေးခဲ့ပြီး လစ်ဘီဗျို့

    Reply

  • ဦးဦးပါလေရာ

    May 4, 2012 at 11:16 pm

    စေတနာကောင်းတဲ့ ဆိုင်းဆရာပေပဲ…
    ကိုယ်တိုင်လဲအဝစား… သူများလဲ ဝေမျှတယ်ပေါ့… 😀

    Reply

  • may flowers

    May 4, 2012 at 11:39 pm

    လိုခိပ်..သတ္တဝါရဲ့ ထူးဆန်းချက်က အံ့မခန်းပါလား..ရွာစားကျော်ရယ်။

    Reply

  • ရွာစားကျော်

    May 5, 2012 at 9:19 am

    ကြည့်သူ စိတ်ထဲ တခုခု ပေးလိုက်နိုင်ရင်
    တင်ရကျိုး နပ်ပီပေါ့… ခွိ ခွိ..

    Reply

  • captainamerica

    May 5, 2012 at 9:24 am

    အော်ဗျာ တော်တော်နောက်တဲ့လူဂျီး လိုခိတ်သတ္တဝါဆိုတော့ကြောင်တောင်ကြောင်
    သာွးတယ်။ဘာကြီးလဲဟဆိုပီး ဆန်းတာတော့တကယ်ဆန်းတယ်ဗျို.။

    Reply

  • kyeemite

    May 5, 2012 at 10:06 am

    အံ့ဘွယ်သုတပါတကား..ရန်ကုန်မှာနေတဲ့လူတွေ
    ဧည့်သည်ရိုက်ပြမှ တွေ့ကြရတာဘဲ..ကျေးဇူးပါ ရွာစားရေ..

    Reply

  • ဗိုက်ကလေး

    May 5, 2012 at 10:43 am

    ရေသူမကို ဘူခိုးမှာစိုးရို ့ ခြံခတ်ထားတာလဲဟင်

    Reply

    • windtalker

      May 5, 2012 at 1:01 pm

      နင်ပေါ့ ၊ အစက ဝတ်ပေးထားတဲ့ ဘလာဇီယာလေးတောင် ဘယ်ငမူး ဖြုတ်ယူသွားမှန်း မသိလိုက်လို ့တဲ့ ၊ ထပ်မဖြစ်အောင် ခတ်ထားရတာ ။

      Reply

      • ဒါဆို ကိုပေက အတိအကျပြောနိုင်တာပေါ့နော်။
        ဦးဗိုက်တော့လေ ယူစရာရှားလို ့ဗျာ။ဟီး

        Reply

  • water-melon

    May 5, 2012 at 11:15 am

    ဟီဟီ ရေသူမလေးတော့ကြိုက်မိကြောင်း
    အဟိ ချစ်စရာလေးနော်

    Reply

  • မဟာရာဇာ အံစာတုံး

    May 5, 2012 at 12:59 pm

    ရေသူမကို ကြိုက်တော့ ကြိုက် .. ပါ .. တယ် ..
    ဒါပေမယ့် .. လို့ .. လဲ ..
    အဲ .. ဘယ်လို ပြောရမလဲဟင် းးးးး
    လူပျက်တွေ ပြောတဲ့ထဲကလိုဆို …
    (ကွက်လပ်) မှ မပါဘဲနဲ့ …… 😀
    နောက်ထှာ ..
    ကိုကြီးမိုက် ပြောသလိုပဲ ရန်ကုန်မှာ နေတဲ့လူတွေ ဧည့်သည်ရိုက်ပြမှပဲ တွေ့ဖူးတော့တယ် ..
    ဘယ်နေရာတွေမှန်းတောင် မသိ …

    Reply

    • ရွာစားကျော်

      May 5, 2012 at 2:04 pm

      မြန်မာ့ လူ့ဘီလူးကြီး ဟော့ခ် က ရွှေတိဂုံဘုရား တောင်ဘက်မုဒ်အတက် ညာဘက်ခြမ်းမှာ ငုတ်တုတ်ကြီးတွေ့နိုင်ပါတယ်..
      ရေသူမ လေးကို မျက်မြင်တွေ့ချင်ရင်တော့ အဲဒီအနားမှာပဲ.. ဟက်ပီးဝါးက လှေစီးတဲ့ ကန်ထဲမှာလေ.. ချစ်သူများကျွန်းဆိုတာလည်း ရှိတယ်..
      လိုခိပ် ကတော့ မဟာဝိဇယဘုရားက လိပ်ကန်မှာ လျှပ်တပျက် ရို်က်လာတာပါဗျ….

      Reply

  • snow white

    May 5, 2012 at 7:11 pm

    ဘီလူးတဲ့လူသားလည်းမစားဘူး ရေသူမတဲ့ ချောလည်းမချောဘူး

    Reply

    • ရွာစားကျော်

      May 5, 2012 at 7:25 pm

      အော် ဘုရားမှာနေတဲ့ ဘီလူးပါဆို လူသား စားပါ့မလားလို့
      အဲဒါ သက်သက်လွတ် ဘီလူးကွဲ့.. :mrgreen:
      လူသားမလေးတွေကို ငုံမတတ် ချစ်တာတဲ့
      ဟို.. ပုံပြင်ထဲက စနိုးဝှိုက်မင်းသမီးလေးဆို သူ့အသည်းစွဲပဲတဲ့
      လာလိမ့်မယ် ညကျ အိပ်မက်ထဲကို.. ကောင်းကောင်းဧည့်ခံလိုက်နော် 😆

      Reply

  • FattyCat

    May 5, 2012 at 10:46 pm

    ကိုရွာစားကျော်ရေ-
    ချစ်သူများကျွန်းနားက ဘီလူးမ…အဲလေ…ရေသူမက ဘရာစီယာမပါဘူးဆိုတော့လဲ…
    ကျုပ်အတွေးထဲတစ်မျိုးပဲဗျ… သိချင်ရင်ဖုန်းဆက်လိုက်လေ…အခုတော့မပြောဘူး…

    ရွှေတိဂုံဘုရားက ဘီလူးမှာတောင် ခင်ဗျားဘီလူးက နေပူကျဲတဲထဲမှာ ဖယောင်းတိုင်၊ အမွှေးတိုင်လေး ကျိုးတိုးကျဲတဲနဲ့ဗျာ…
    ကုန်းတော်ပေါ်က ဘီလူးကျပြန်တော့လဲ ဒံပေါက်ထုတ်တွေတန်းစီလို့ ဘီလူးအကုန်စားရင် သွေးတိုးဖြစ်တာကြာပေါ့ဗျာ…
    ဘုရားဘီလူးချင်းတောင် ကုသုလ်ကံက ကွာပါ့ဗျာ…

    ဒါထက်-
    ရိပ်ကြီးရယ်ခို…လိပ်စီးတဲ့ပြာတာတာခိုကိုတော့ ခင်ဗျားမို့တွေ့တတ်တယ်…
    အမှတ်တရတွေပေါ့ဗျာ…

    ခင်တဲ့-
    ကြောင်ဝတုတ်

    Reply

    • ရွာစားကျော်

      May 6, 2012 at 10:17 am

      ဦးကြောင်ဝတုတ်
      ပြိုင်ကားမစီးဘဲ လိပ် ပြောင်းစီးပါလားဗျ.. ခွိ
      ဦးစီးမယ်ဆို သေးသေးနဲ့ရဝူး လိပ်အကြီးကြီးစီးမှရမှာ.. 😆

      Reply

  • Thel Nu Aye

    May 6, 2012 at 12:44 am

    လိုခိပ်ကိုတော့ပုံရောစာရောခိုက်ကြောင်းပါ။ ကြံကြံဖန်ဖန်ဟယ်။ နာမည်များစဉ်းစားတတ်တယ်။ ဒီပို့စ်မပွင့်ခင် လိုခိပ်ဘာကောင်ပါလိမ့်စဉ်းစားလိုက်ရတာ။ ခုတော့ဟယ်ဟုတ်တော့လဲဟုတ်တုတ်တုတ်။

    Reply

  • nature

    May 6, 2012 at 8:37 am

    လိပ်အမနဲ့ခိုအထီး စုံတွဲဖြစ်မယ်။ 🙂

    Reply

    • ရွာစားကျော်

      May 6, 2012 at 12:34 pm

      ဘုရားမှာ တစ်ခါဆုံတယ်.. လ..ကဆုန်ဦး..ဆီကကွယ်…

      အမျိုးမတူလည်း ချစ်မှာပဲတဲ့ 😛 😆

      Reply

  • ဆူး

    May 6, 2012 at 9:47 am

    လိပ်ခမျှာ သနားစရာ ခို တက် နင်းခံ နေရတယ်။

    Reply

  • TTNU

    May 6, 2012 at 1:29 pm

    ရွာစားကျော်ရယ်..
    လိုခိပ်ဆိုတော့ မင်းတို့ခေတ် ဘန်းစကား
    ညစ်တိညစ်စုတ်များလားဆိုပြီး ငါ့မှာ ဖွင့်မယ်ကြံလိုက် ကျော်သွားလိုက်နဲ့။
    ဖတ်စရာကုန်သွားမှ ဘာများပါလိမ့် ကြည့်လိုက်တော့ ….. 😈

    Reply

    • ရွာစားကျော်

      May 7, 2012 at 1:16 am

      အားလုံး ကလည်း အဲဒီ လိုခိပ်ကြောင့် ဝင်ကြည့်ကြမှာပဲ ထင်တယ်..
      တညိမာ.. တညာမိ သွားဘီပေါ့ တီချာကြီးရေ..

      Reply

    • ရွာစားကျော်

      May 7, 2012 at 9:32 am

      ဦးရေးပေါက်က မကြာမကြာရောက်ဖြစ်ပါတယ်ဗျာ
      နောက်တခေါက်ကျ ရောက်အောင်သွားလိုက်ပေါ့..
      အလှူခရီးက ပုံတွေ မတင်သေဝူးလား..

      Reply

  • Inz@ghi

    May 7, 2012 at 9:29 am

    ကျုပ်တော့ ရေသူမ ကြိုက်ပါဝူးဗျာ …
    ဘယ့်နှယ့် ..ချက်စားရမှာလည်း သနားဇယာ
    ပေါင်းလို့ကလည်း မရ ….
    😛

    (ဖတ်ဖူးတဲ့ ဟာသ ၁ပုဒ်ဖြစ်ပါကြောင်း..)

    Reply

    • ရွာစားကျော်

      May 7, 2012 at 10:06 am

      ဂီဂီ နဲ့ အံဇာတုံးရေ
      ဓာတ်ရှင်ထဲမှာ ကြည့်ဖူးတဲ့ အဖြစ်ကတော့
      ရေသူမကို ဘလိုဝါ နဲ့ ရေခြောက်အောင် မှုတ်လိုက်ရင်…
      အာဟိ
      ဒက်ဂလောက် ဒက်ဂလောက်

      Reply

  • etone

    May 7, 2012 at 9:51 am

    ဟီး… ခေါင်းစဉ် ထူးဆန်းလို့ ပြေးဖတ်ပါတယ် …. အတော်နောက်တာပဲ …
    ကိုရွာစားကျော်ရဲ့ ဟာသဉာဏ်ကိုတော့ .. ချီးကျူးမိသွားပြီဗျို့ …

    ဒါနဲ့ … အောက်ဆုံးက လိပ်ခို သတ္တဝါကိုကြည့်ပြီး ပြုံးမိတယ် … လိပ်ခမျာ သနားစရာရယ် …. သူ့အခွံကြီးလေးရတဲ့ အထဲ အပေါ်က ခိုက ငယ်နိုင်လို တပ်ရပ်တော့ …. အဲ့ပုံလေးကြည့်ပြီး ပြုံးဖြီးဖြီး ဖြစ်သွားမိတယ် … ။ ခိုကလည်း ဘူဘူချင်းတောင် တစ်လုပ်တယ် … ဟီးဟီး … 😛

    Reply

  • moethidasoe

    May 7, 2012 at 5:25 pm

    ရော်စွားကျာက ဘူလီးကို ဟော့လို့ ပြော၊ ယူသေမ က တော့ အတည့် ရေး၊ လိုခိပ် ကိုတော့ လူတိုင်း သဘောကျလိမ့်မယ် ထင်တယ် နော်၊ သူများမတွေးမိတာကို မှ ကြံဖန်တွေးတတ်တယ် ..

    Reply

  • Tweety151

    May 8, 2012 at 2:58 pm

    🙂

    Reply

  • R Ga

    May 8, 2012 at 3:22 pm

    တောက် ! နာနဲ့ ရန်ကုန်မှာနေလာတာ အိုသေတော့မယ် ဒါမျိုး သတ္တဝါတွေရှိတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး…။ အတော်ကလေး တုံး..အ တဲ့ ငါ ပါလား..။

    Reply

    • ရွာစားကျော်

      May 8, 2012 at 4:11 pm

      နီးလွန်းလျှင်လည်း မမြင်ရ..
      ဝေးလွန်းလျှင်လည်း မှုံပျပျ… 🙄

      Reply

  • အရင့်ရောင်

    May 8, 2012 at 3:40 pm

    သနားထှာအေ…………….
    ရေသူမလေးမှာ အကျင်္ ီလည်းမရှိဘူးထင်ပါ့
    ရေသူမ အကျင်္ ီ မိတိုက် ယူသွားတယ် လို့ ဟြေတယ်
    ပြန်ပေးလိုက်ပါ မိတိုက်ရယ်
    ဟိဟိ

    Reply

Leave a Reply to may flowers Cancel Reply

Your email address will not be published.