ထူးထူးခြားခြားမေလ(၂)ရက်နေ့မှာ ပွင့်တဲ့ပိတောက်ပန်း…

ပိတောက်တွေလှိုင်နေတဲ့ ရန်ကုန်မြေ

မေလ(၂)ရက်နေ့မှာ ထူးထူးခြားခြား ပိတောက်တွေပွင့်ပြန်ပါပြီ။ အမေစုရွေးကောက်ပွဲဝင်ဖို့ အချိန်တုံးကလည်း အမေခြံထဲက ပိတောက်ပင်ကြီးမှာ ပိတောက်တွေပွင့်ပါတယ်။

အတိတ်ကောင်းနိမိတ်ကောင်း လို့မြန်မာလူမျိုးများကယူဆကြပါတယ်။တကယ်လည်း မြန်မာလူမျိုးတို့ရဲ့ တန်ဖိုးထားသော မင်္ဂလာပန်းလည်းဖြစ်ပါတယ်။

လွန်ခဲ့သော (၂၂)နှစ်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သတိရမိပါတယ်။

ငုနဲ့ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ခမောက် မေမှာနိုင်မည်။

မူရင်းလင့်က…ဒီမိုဝေယံကရပါသည်။

ရွာထဲမှာ မအိက ပိတောက်တစ်ခိုင်တင်ထားတာတွေ့လို့ နောက်ဆက်တွဲအနေနဲ့တင်ပေးလိုက်တာပါ။

အလှထူးပါဘိ လတန်းခူးရယ်မှ ထိန်ထိန်ဝါ…

ဘယ်နှယ့်ကြောင့် ကဆုန်မှာ ထိန်ထိန်ဝါ…

သင်္ကြန်မှာ မိုးကမရွာ…ကဆုန်မှာမှ ကိုရွှေမိုးကရွာ…

သကြားမင်းတောင် ဆင်းလို့ကြိုတာ မေလ(၂)ရက်နေ့မှာပါ။

ကြိုက်ကြိုက်မကြိုက် ကိုက်ကိုက်မကိုက်ကိုက်

ကာရံလည်း လိုက်လိုက်မလိုက်လိုက်

ကိုယ်ဘာသာကိုယ် ရေးချင်သလိုရေးလိုက်တဲ့…

ကဗျာတပိုဒ်…

ဆြာ့၊ဆြာ၊ဆြာကြီးများအား လေးစားခင်မင်လျှက်…

ဇော်မင်း…

 

6 comments

  • water-melon

    May 4, 2012 at 8:05 am

    ဘာလိုလိုနဲ့
    ကဆုန်လပြည့်နေ့ရောက်တော့မယ်
    ပိတောက်တွေပွင့်တုန်းက ရန်ကုန်ရောက်နေတာ
    ခူးမဲ့သူလည်းမရှိကြဘူးနော်
    ကိုယ့်အလုပ်နဲ့ရှုပ်နေလို့ထင်တယ်
    တကယ်မမေ့ခဲ့တဲ့ ရန်ကုန်ပါ

    Reply

  • ဆူး

    May 4, 2012 at 9:04 am

    မလေးက ဆရာ ရန်ကုန်မှာ ပိတောက်ပွင့်တာ တင်တာတော့ ထူး သကိုးးးး
    ရန်ကုန် ရောက်နေတာလား

    Reply

  • marblecommet

    May 4, 2012 at 10:17 am

    ဒီနှစ်ပိတောက်က
    ပွင့်တာ အရမ်းနောက်ကျပေမဲ့
    ပွင့်မယ့် ပွင့်တော့လည်း
    သမိုင်းဝင် နေ့ကျမှ ပွင့်တယ်ဗျာ
    ကျွန်တော်တို့ရုံးရှေ့လမ်းမှာတော့
    ပိတောက်ပင်တွေ အများကြီးဆိုတော့
    ပလက်ဖောင်းပေါ်က ဖြတ်သွားရင်
    တစ်လမ်းလုံးကြိုင်လှိုင်နေသဗျာ…..

    Reply

  • Thel Nu Aye

    May 4, 2012 at 11:01 am

    ပိတောက်လဲအပိုင်းပိုင်းခွဲပြီးတော့ကိုပွင့်နေရတော့တာပါပဲ။ အရင်ကစာဆိုနဲ့တော့ကွာသွားပြီ။ သူ့ဟာသူ သူ့အစီအစဉ်နဲ့ကိုပွင့်နေရတော့တာပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ။ ၂ ရက်နေ့မနက်အစောကြီးပန်းတွေရလိုက်တော့ အမေစုတို့လွှတ်တော်တက်မဲ့နေ့မို့ဝမ်းသာသွားမိတာတော့အမှန်ပါပဲ။

    Reply

  • Moe Z

    May 4, 2012 at 11:19 am

    အားပေးသွားပါတယ် ..
    ပိတောက်ပွင့်မှန်း မြေကြီးပေါ်မှာပြန့်ကျဲနေတာတွေ့မှသိရတယ်
    အနံ့တောင်မရလိုက်ဘူး 🙁
    အဖူးတွေတော့ကျန်သေးတယ် ထပ်ပွင့်ဦးမှာပါ ..

    Reply

  • zaw min

    May 4, 2012 at 3:41 pm

    လူကသာအဝေးရောက်နေပေမယ့် စိတ်ကတော့ မြန်မာပြည်ထဲမှာပါပဲ…
    အောင်အတိတ်ကိုဆောင် မြန်မာပြည်ကြီး အေးချမ်းသာယာတော့မှာပါ။

    Reply

Leave a Reply

Your email address will not be published.