အခြေခံကျောင်းသားများ ပညာရေး စရိတ် မတတ်နိုင်သဖြင့် စာသင်ခန်း ကို ကျောခိုင်းကြ

wailynnooJune 14, 20101min06

ရန်ကုန်တိုင်း အပါအဝင် နယ်မြို ့များ ရှိ အခြေခံပညာအဆင့် ကျောင်းသားများ သည် ပညာသင်
၂၀၁၀-၁၁ ပညာသင်နှစ်တွင် ချမှတ်လိုက်သော မူများအရ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား
များ အနေဖြင့် ပညာသင်ကြားမှု စရိတ်မတတ် နိုင်သောကြောင့် ကျောင်းပညာသင်ကြားရေး
မှ စောစီးစွာ ထွက်ခွာရသူများ ရှိသည် ဟု စုံစမ်း သိရှိရသည်။

ယမန်နေ ့က အခြေခံပညာ အထက်တန်း ဆယ်တန်း အောင်စာရင်း ထွက်ချိန်တွင် ကျရှုံးခဲ့သူများ
က ‘ကျွန်တော်တော့ နောက် နှစ် ပြန်တက် ဖို ့အစီအစဉ် မရှိ တော့ ဘူး ၊ကျူရှင် လည်း မယူနိုင်
ဘူး၊မီးစက် ဖို းလည်း မတတ် နိုင်ဘူး ဟု အထက (၁) မြောက်ဥက္ကလာ မှ ကျောင်းသား တစ်ဦး
က Freedom News Group သို ့ပြောသည်။

ဇွန်လဆန်း က စတင်ဖွင့် လှစ်သည် ပညာသင်နှစ် ၏ အစဖြစ်သည့် တစ်လ မပြည့်ခင်မှာ ပင်
အထက်တန်း ကျောင်းသား တစ်ဦး ၏ ကျောင်းစရိတ် သည် ငါးသောင်း ကျော်သွားပြီ ဖြစ်
ကြောင်း ကျောင်းသား မိဘ တစ်ဦး ကပြောသည်။’နောက်နှစ် ပရိုက်ဗိတ် ကျောင်း တွေ စမယ်
ဆိုရင် ကျင့်သား ရအောင် လို ့ပေါ်လစီ တွေ ချိန်း တာ ‘ဟု အထက (၃)တာမွေ မှ ကျောင်းသား
မိဘ တစ်ဦးက ဆိုသည်။

အထက (၂) ရန်ကင်း မှ ဆယ်တန်းကျောင်းသား တစ်ဦးက ဆရာမ ကသူ ့ဆီမှာ ကျူရှင်
မယူရင် မကြိုက် ဘူး ၊မတတ်နိုင် လို ့သင်ရိုး ညွှန်း တမ်း အဟောင်း ဝယ်တာ သူ ့ဆီမှာ
ကျူရှင် မယူ လို ့အဟောင်း မကိုင်ရဘူး လို ့ပြောတယ် ဟု အဆိုပါ ကျောင်းသား က
ကျောင်းတွင်း အခြေအနေ များ ကိုပြောပြသည်။

ရန်ကုန် နှင့် ပဲခူးတိုင်း ရှိ အခြေခံ ကျောင်း အများစု မှာ အလှုငွေများ ထည့်ဝင်ခိုင်းခြင်း
ကျောင်းသာယာလှပရေး၊အားကစားကွင်း အဆင့်မြှင့်ရေး၊ ရေသန် ့စက်တပ်ရေး၊အဝီ
စိတွင်း တူးရေး ခေါင်းစဉ် မျိုးစုံဖြင့် အလှုငွေ ခံကြသည် ။

ကျောင်းဆရာ၊ဆရာမ များက ယခုကဲ့ သို ့ကျူရှင် ယူခိုင်းခြင်း၊အလှုငွေများ ထည့်ဝင်ခိုင်း
ခြင်း တို ့သည် ပုဂ္ဂ လိက ပညာသင် ကြားရေးစနစ် သို ့ပြောင်းမည် ဟု သတင်းထွက်ပေါ်
နေ သည့် ကျောင်းများ တွင် ပို၍  ဆိုးသည် ဟု သိရသည်။

ကျောင်းသားများ၏ ပညာ သင်ကြားစရိတ်မြင့်မား မှု ကြောင့် အထက်တန်း အဆင့်
ကျောင်းသား များက ကျောင်း အချို ့တွင် အလှုငွေ မပေးရေး-ကျူရှင် မတက်ရေး
ဆော်ဩမှု များ လုပ်နေသည် ။

ယခင် သီတင်တစ်ပတ် က အခြေခံပညာ ကျောင်းသား သမဂ္ဂ နှင့် ရန်ကုန်ခရိုင် ကျောင်း
သားသမဂ္ဂ တို ့က ဦးဆောင်ကာ အပို ပညာသင် ကြေး လျှော့ ချရေး စာများ ဝေငှခဲ့သည်။

အမေရိကန် တွင် K-12 ဟု ခေါ်သည့် အခြေခံပညာ (High School)ပညာ သင်စရိတ်မှာ
အခမဲ ဖြစ်သည့် ပြင် နံနက်စာ နှင့် နေ ့လည်စား စရိတ် နှင့် ကျောင်းကြိုပို ့စရိတ် ပါအခမဲ့
ဖြစ်သည်။ အသက် ၁၈ နှစ် အောင် မည်သူ မဆို ပညာရေး အခမဲ ့သင်ယူ ခွင့်ရှိ ပြီး မြန်မာ
နိုင်ငံမှ ရွှေ့ပြောင်း လာကြသည့် ဒုက္ခသည် များ ၏ သားသမီးများ ပါ လွတ် လပ်စွာ ပညာ
သင်ယူ နိုင်သည်။

အခြား နိုင်ငံများတွင် လည်း အထက်တန်းထိပညာ ရေးမှ အခမဲ့  ဖြစ်ပြီး အမေရိကန်
နှင့် ဥရောပ နိုင်ငံ အချို ့တွင် ဆင်းရဲ သော ကျောင်းသား ၏ မိဘ (သို ့မဟုတ်) အုပ်
ထိန်းသူ ကို အစားအသောက် အဝတ်အထည်ထောက်ပံ့ခြင်း ၊အလုပ်အကိုင် ရှာဖွေ
ပေးခြင်း၊အိမ်တိုင်ယာရောက် လိုအပ် သည်များ ကိုကူညီခြင်း တို ့အား လုပ်ပေး
သည် ။

Source: freedomnewsgroup.com

6 comments

  • FuQi

    June 14, 2010 at 11:27 am

    ဟုတ်ပါတယ်။ တစ်ချို့ကျောင်းတွေကလည်း ကျောင်းဝင်ခွင့်စရိတ်တောင် တော်တော်လေးမြင့်မားတော့ သာမာန်လက်လုပ်လက်စား ပြည်သူတွေ အတွက် အခက်အခဲ ဖြစ်ရပါတယ်။ အဲ့ဒီ အတွက် သူများနိုင်ငံတွေလို ပညာသင်စရိတ်အခမဲ့ မဟုတ်ရင်တောင် ကျောင်းဝင်ခွင့်စရိတ်တွေကိုတော့ လျှော့ချသင့်တယ် လို့ ထင်ပါတယ်။

    Reply

  • သတင်းလူသား

    June 14, 2010 at 5:12 pm

    မြန်မာနိုင်ငံမှာတော့ အခြေခံပညာအတွက် ကျောင်းဝင်ခွင့်ဆိုတာက အခမဲ့လို့ဆိုပါတယ်။ ဒါပေမယ့် အချို့ ကျောင်းတွေကတော့ ကျောင်းသားကို ကျောင်းအပ်တဲ့အခါမှာ အလှူခံဆိုတာမျိုးကို အမျိုးမျိုးအကြောင်းပြကောက်ခံတာတွေရှိသလို၊ ဘယ်အခန်းမှာနေချင်တာလဲဆိုတဲ့အပေါ်မှာလဲ ကောက်ခံမှုတွေရှိကြောင်း၊ ကျောင်းသားသစ်ဆိုရင်လည်း အလှူခံကြေးတစ်မျိုးရှိကြောင်း ကျောင်းသားမိဘတွေထံကတစ်ဆင့်သိရပါတယ်။ အဲလိုမျိုးတွေကြားမှာ မတတ်နိုင်တဲ့ မိဘနဲ့ကျောင်းသားတွေ အတွက်ကတော့စိတ်မကောင်းစရာပါ။

    Reply

  • khinmintatthu

    June 14, 2010 at 5:40 pm

    ဟုတ်ပါတယ်…ကျောင်းတွေမှာ ကျောင်းအပ်ပြီဆိုတာနဲ့ အလှူငွေကောက်ခံဖို့က ပြင်ဆင်နေပါပြီ…. မိဘတွေမှာလည်း စာသင်နှစ်တစ်နှစ်ကုန်တိုင်း သားသမီးတွေကို နောက်တစ်နှစ်ထားဖို့ ရင်ဖိပြီး ဘယ်လောက်တောင်မှ ကုန်ဦးမလဲမသိဘူးဆိုပြီး အသုံးစရိတ်တွေကိုလျော့ချပြီး သားသမီးတွေကျောင်းနေနိုင်ဖို့ လုံးပန်းနေကြရပါတယ်။ တစ်နှစ်တစ်နှစ်စာသင်စားရိတ်တွေကလည်း တိုးတိုးလာတာကိုး…. မြန်မာနိုင်ငံရဲ့ ပညာသင်စားရိတ်တွေကို အနည်းငယ်လောက်လျှော့ချသင့်ပါတယ်…. မှားလို့ အလှူခံစားရိတ်တွေကိုပါ… လျှော့ချဖို့ထက် မရှိဖို့ဆိုတာက ပိုမှန်ပါလိမ့်မယ်။ နွမ်းပါးချို့တဲ့တဲ့ မိဘတွေအတွက်ကတော့ သားသမီးတွေကို ကျောင်းမထားနိုင်ရင်လည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ နွမ်းပါးချို့တဲ့တဲ့ သူတွေအတွက်ကတော့ စိတ်လုံးဝ မကောင်းပါဘူး…..

    Reply

  • htethtet

    June 15, 2010 at 6:29 am

    အစိုးရက အမိန့်ထုတ်ပြီး ပြီးပြီးရောနေနေတာကိုး
    ကျောင်းတွေရဲ့ လိုအပ်ချက် လှည့်မကြည်ဘူးလေ
    ဝန်ထမ်းတွေက ဥပဒေ ကြားထဲကနေ လှုပ်ခြားနေရတာ
    လိုအပ်တဲ့ ကျောင်းအမိုး၊ အကာ၊ အဆောက်အဦတို့
    ပရိဘောက၊ ဆရာမလုံလောက်တာနဲ့ စာရွက်စာတမ်းကအစ
    ကျောင်းကဘဲတာဝန်ယူနေရတာ-
    – လှည့်မကြည့်ကြဘူး- ဖြစ်လာရင် အရေးယူတာဘဲရှိတယ်

    Reply

  • sithuphyo

    June 17, 2010 at 11:14 am

    ဟုတ်ပါ့ဗျာ။ဆရာမတွေကလည်းတစ်မျိုး။စာသင်တာတောင်အထူးထုတ်တွေကိုဝယ်ခိုင်းပြီးအတန်းထဲမှာသင်တယ်ဗျာ။ပိုက်ဆံမတတ်နိုင်တဲံလူတွေဆိုဘယ်လိုလုပ်ဝယ်နိုင်မှာလည်း။ စိတ်ပျက်ပါ့။နောက်ပြီးတော့ကျောင်းဆောက်တာကိုအကြောင်းပြပြီးတော့ ပိုက်ဆံတွေကောက်။နောက်ပြီးတော့လည်းမဆောက်ဖြစ်။မော်လမြိုင်မှာရှိတဲ့အမှတ်(၁၀)အခြေခံအထက်တန်းကျောင်းကိုကြည့်ပါလား။ဘယ်နှစ်နှစ်ရှိပြီလည်းမသိဘူး။ပို်က်ဆံအတင်းကောက်ပြီးတော့တိုင်8တိုင်လောက်လုပ်ပြီးတော့ဆက်မလုပ်တော့ဘူး။ ခုထက်ထိပိုက်ဆံကောက်နေတုန်းဘဲ။ ဒီလိုပါဘဲဖြစ်တတ်ပါတယ်ဗျာ။

    Reply

  • petitelapine

    June 17, 2010 at 3:41 pm

    မြန်မာနိုင်ငံရဲ့ ပညာရေးက အရည်အချင်းမရှိတော့ဘူး။ အရေအတွက်ပဲ ရှိတော့တယ်..လှိုင်မြို့နယ်က တစ်ချို့ကျောင်းတွေမှာ အထက်တန်းကလေးတစ်ယောက်ကျောင်းအပ်ခက ကိုးထောင်ကျော်ပါတယ်။ သာမန်လက်လုပ်လက်စားမိသားစုတွေဆို ဘယ်လိုလုပ်ကြမလဲ။ တကယ် ၁ဝတန်းအောင်သွားရင်ရော။ တကယ်ပညာတတ်သလားလို့မေးရင် ဖြေရမှာ စိတ်မကောင်းပါဘူး။ဒီခေတ်မှာ ပိုက်ဆံရှိ သားသမီးတွေပဲ ကျောင်းကောင်းတွေမှာနေနိုင်၊ ပညာအကောင်းတွေ သင်နိုင်တော့တယ်။ ဒီတော့ ဘယ်လိုလုပ်ကြမလဲ။

    Reply

Leave a Reply to FuQi Cancel Reply

Your email address will not be published.