မန်းမှာ အဆန်းပါ

ShwemannmayJune 14, 20101min01
မန်းသားလေး
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၉)
News Pic
ရေများပန်းထွက်သဖြင့် လူအများစိတ်ဝင်စားနေသည့် ပုသိမ်ကြီး မြို့နယ်မှ ကုက္ကိုပင်ကိုတွေ့ရစဉ်။
ဓာတ်ပုံ- မန်းသားလေး

ကုကိ္ကုပင်ကြီး တစ်ပင်မှရေများ ပန်းထွက်ကာ သစ်ခေါက်တွင်ရုက္ခစိုး နတ်ပုံပန်း သဏ္ဌာန် ပေါ်ထွက်ခဲ့သည် ဟု မေ ၂၉ ရက်က သတင်းရ ရှိသည်။

“အဆိုပါကုက္ကိုပင်ကြီးမှာ မန္တလေးမြို့၏အရှေ့တောင်ဘက်ပုသိမ်ကြီး မြို့နယ်လက်ကောင်းကျေးရွာအနီး ဘန့်ကွဲကျေးရွာတွင်တည်ရှိသည်။

“သစ်ပင်ထဲကနေ ရေထွက်တာတော့မှန်ပါတယ်။ ဒါပေမယ့်အခုတော့ မထွက်တော့ဘူး။ လွန်ခဲ့တဲ့ ကဆုန်လဆန်း ၅ ရက်နေ့ကစပြီးရေတွေ ထွက်တာပါ။ ဒီကုကိ္ကုပင်ကြီးသစ်ကိုင်းဖျား၊အပွေးများအကြား၊ပင်စည် အကြားကနေ အေးမြကြည်လင်တဲ့ရေစက်ရေပေါက်တွေအပင်ပေါ်က နေ တော်တော် စီးကျလာပါတယ်။ တစ်ရက် ကို ရေသန့် ဘူး ၁ဝ ဘူး ထက်မနည်းရတယ်။ မေလမှာအပူချိန်မြင့်နေပေမယ့်လည်း ဒီသစ်ပင် ကရေတွေက ဆက်ပြီး ထွက်နေတုန်းပါပဲ”ဟု ဘန့်ကွဲကျေးရွာမှ ရွာဦး ကျောင်းဆရာတော် သဒ္ဒမ္ဗဒူဝံကျောင်းတိုက်မှသက်တော်ရှည်ကျောင်း ထိုင် ဆရာတော် ဘဒ္ဒန္တ ကေသရက မိန့်ကြားသည်။

“ဒီသစ်ပင်တောင်ဖက် ပင်စည်က သစ်ခေါက်တွေကြားမှာ ရုက္ခစိုးနတ် သဏ္ဍာန်တွေ ပေါ်လာတာက အစပြုပြီး မြွေငယ်နှစ်ကောင်နဲ့ ဖားတစ် ကောင် အဲဒီ သစ်ပင်ခွကြားမှာ ရှိနေခဲ့ သေး တယ်။ နောက်ပိုင်း ရွာနီး ချုပ်စပ်ကလူတွေကလည်း သစ်ပင်ကရေထွက်တယ်ဆိုပြီးလာကြတာ လူတော်တော်များတယ်။ တချို့လည်း သစ်ပင်အခေါက်တွေကိုခွာကြ၊ ဖြဲကြမို့ သစ်ပင်ကို ဝါးလက် တွေနဲ့ ကာထားရ တယ်”ဟု ၎င်းကဆက် ပြောသည်။

အဆိုပါ ကုက္ကိုပင်မှရေများပန်းထွက်ခြင်းသည် ရက်ပေါင်း ၂၅ရက်ကြာ သည်။ ပထမရေထွက်ရက်မှာကဆုန်လဆန်း၅ ရက်နေ့ဖြစ်ကာကဆုန် လကွယ်နေ့တွင် ရေများ အထွက် နည်းသွားသည်။

ဘူမိဗေဒ နားလည်သူ တစ်ဦးက “ဒါက ဖြစ်တတ်တဲ့သဘော ရှိပါတယ်။ တစ်ခါတလေ ရေကြောတွေကနေ သူ့အလိုလို ရေတွေလျှံ တက်လာပြီး သစ်ပင်မှာ စုနေရာကနေ သစ်ပင် အကိုင်းဖျားတို့၊ သစ်ခေါက်ကြားကနေတွေ ဒလဟော ပန်းထွက်တတ်ပါတယ်” ဟု ဆိုသည်။

ကုက္ကိုပင်ကြီးမှ ပန်းထွက်သော ရေများကို အနယ်နယ်အရပ်ရပ်မှ လူအများလာရောက်ယူဆောင်ကြပြီး ယင်းရေကြောင့်အနာရောဂါ များ၊ အကြောရောဂါ၊ မျက်စိရောဂါ၊ နား လေးရောဂါများ ပျောက်ကင်းကြသည် ဟု အယုံအကြည် ရှိနေကြသည်။

One comment

  • etone

    June 15, 2010 at 1:47 am

    တစ်ခါတစ်လေကျတော့လည်း သဘာဝလွန်ဖြစ်ရပ်တွေလည်းရှိတတ်ပါတယ် ။

    Reply

Leave a Reply

Your email address will not be published.