သူတို့သုံးယောက်တွေ့ကြသောအခါ

zaylayJune 14, 20101min00

ညစ်ပတ်တာ ရိုင်းစိုင်းတာမပါပါဘူး။ ဟာသအနေနဲ့ရေးထားတာပါ။ အဆုံးထိဖတ်ပြီးမှဝေဖန်သွားပါခင်ဗျာ။
တစ်ရံရောအခါကပေါ့။သူငယ်ချင်းသုံးယောက်ရှိသတဲ့။ တစ်ယောက်က တင်ပါးက ချွန်နေလို့နာမည်ကို
ထွေထွေထူးထူးမှဲ့မနေဘူး။ ဖင်ချွန်တဲ့။ တစ်ယောက်ကတော့ နှပ်ချေးကအမြဲထွက်နေတော့ သူ့ကိုလဲနာမည်
ပေးထားတာကနှပ်ချေးထွက် နောက်တစ်ယောက်ကတော့ငတ်လွန်းအားကြီးလို့ အငတ်တဲ့။

တနေ့သူတို့သုံးယောက်ဟာ အပန်းဖြေထွက်ရင်းနဲ့လှေစီးဖို့တိုင်ပင်ကြသတဲ့။ ဒီလိုနဲ့ပဲ လှေစီးဖို့သဘောတူပြီး
စိးကြပါလေရော။ ဇာတ်လမ်းကအခုမှစတာ….။လှေစီးဖို့ကို ဖင်ချွန်ကလှေပေါ်ထိုင်ချလိုက်တယ်ဆိုရင်ပဲ သူ့ရဲ့
တင်ပါးကချွန်နေလေတဲ့အတွက် လှေကပေါက်သွားပါလေရော။
သူတို့ကလဲ လှေကိုအရမ်းစီးချင်နေတော့ လှေဖာဖို့နည်းလမ်းရှာရတာပေါ့။ ဒီမှာတင် နှပ်ချေးထွက်က သူ့ရဲ့
အမြဲတမ်းထွက်နေတဲ့နှပ်ချေးကိုညှစ်ပြီး လှေကိုဖာပေးလိုက်သတဲ့။ လှေအတွက်ကတော့ အဆင်ပြေသွားပါပြီ။
အဆင်မပြေတာက နှပ်ချေးထွက်က နှပ်ချေးနဲ့ဖာလိုက်တာကို အငတ်က မနေနိုင်ပဲကောက်စားလိုက်တော့တာ
ပေါ့။ ဒီမှာတင်သူတို့ရဲ့လှေဆက်စီးမယ့်ဇာတ်လမ်းပြတ်သွားတာပါပဲ။

Leave a Reply

Your email address will not be published.