ပုဂ္ဂလိက ဝန်ထမ်းများအား ပင်စင်လစာ ဘယ်လိုပေးရသလဲ

phone_kyawApril 28, 20121min03

အခြားနိုင်ငံတွေတော့ မသိပါဘူး။ ဩစတျေးလျက ပင်စင်လစာကတော့ ဒီလိုမျိူးရှိပါတယ်။

ကျနော် ရ တဲ့ လစာက ဥပမာ တစ်နှစ်ကို ၁ဝဝဝ ရတယ်ပဲထား။ ၁ဝဝဝ ရဲ  ့ ကိုးရာခိုင်နှုံးကို အလုပ်ရှင်ကပေးရတယ်။ လစာက သတ်သတ်။ ဘာမှမဆိုင်ဘူး။ ပင်စင်ကို အသက် ၆၅-ပြည့်မှ ထုတ်ယူပိုင်ခွင့်ရှိတယ်။ ဒါတောင် တစ်လုံးတစ်ခဲတည်းမပေးဘူး။ တဖြည်းဖြည်းနဲ ့သေတဲ့အထိ စိတ်ချအောင်ပေးတယ်။ အသက်မပြည့်ပဲ ထိခိုက်ရှနာဖြစ်ခဲ့ရင်သော်လည်းကောင်း၊ သေဆုံးခဲ့ရင်သော်လည်းကောင်း ဒီပင်စင်ကို မိသားစုက အသက်မပြည့်ပဲ ထုတ်ယူပိုင်ခွင့်ရှိတယ်။

တချိူ  ့သောလုပ်ငန်းရှင်တွေက လုပ်ငန်းကျွမ်းကျင်သူတွေကို ပင်စင်လစာ ပိုပေးပြီး မတ်လုံးပေး ခေါ်ယူတာလည်း ရှိတယ်။ ဥပမာ ၁၁-ကနေ ၁၈-ရာခိုင်နှုံးထိ ရှိတယ်။ အစိုးရရဲ  ့သတ်မှတ်နှုံးထားက အနှိမ့်ဆုံး ကိုးရာခိုင်နှုံးမဖြစ်မနေ လုပ်ငန်းရှင်တိုင်းက သူတို ့အိတ်ထဲကနေ ပေးရတယ်။ ဒါက ဥပဒေ။ မပေးနိုင်ရင် အလုပ်မခန် ့နဲ ့။ ဒါပဲ။

ဆိုတော့ အလုပ်သမားတိုင်း နောင်ရေးကို မပူရတော့ဘူးပေါ့။ မြန်မာပြည်က အတင်းအဖျင်းလောက်ပဲ စိတ်ဝင်စားတဲ့ သဲနုအေးတို ့၊ အိတုံတို ့လို လူမျိူးတွေ ဒါမျိူးတွေကိုများများလေ့လာကြ။

အခုလို မြန်မာနိုင်ငံမှာလည်း ပေါ်ပေါက်လာမယ်ကြားရတော့ သတင်းကောင်းပဲလို ့ပြောချင်ပါတယ်။ သူများနိုင်ငံတွေ ဘယ်လိုမျိူးပင်စင်ပေးလဲဆိုတာကို ဂွတ်ဂယ်မှာ ရှာကြည့်ယုံနဲ ့သိနိုင်တယ်။ မသိတာကို မသိသလိုမနေပဲ အမြဲတန်း အင်တာနက်ကနေ ရှာဖွေနည်းကို မြန်မာပြည်က ငတုံးတွေ သိထားဖို ့လိုတယ်။ အထူသဖြင့် ဂေဇတ်က တချိူ  ့သော လူတွေအတွက်လည်း ပြောချင်တယ်။

အစိုးရက အလုပ်သမားတွေစုထားတဲ့ပင်စင်ကို သူလည်း ထိလို ့မရဘူး။ သုံးလို ့မရဘူး။ ရင်းနှီးမြုပ်နှံမှုတစ်ခုလို လုပ်ထားတယ်။ ဒါကို တိုင်းပြည်ရဲ  ့အရန်ငွေလို ့လည်း ခေါ်တယ်။ လိုရမယ်ရပေါ့။ အနည်းဆုံး အတိုးတော့ ရတယ်။ အလုပ်သမားကတော့ ဘယ်ရမလဲ။

အိုင်ဒီယာမကောင်းဘူးလား။ ဩစီကဟာကို ကြွားတယ်ဆိုပြီး မပြောကြနဲ ့။ နိုင်ငံခြားက ဟာတွေကို ကော်ပီမကူးလို ့လည်း မရဘူး။ ကောင်းရင် အကျိူးရှိရင် ကူးကို ကူးရတယ်။ သူကြီးဆီကလည်း ယူ။ ကျနော့်ဆီကလည်း တောင်း။ နိုင်ငံခြားဟာကို အထင်မကြီးရင်၊ ကားတို ့ဆိုင်ကယ်တို ့လည်း မစီးကြနဲ ့။ ဒါတွေအားလုံးက မြန်မာပြည်ကနေ ထုတ်နေတာမဟုတ်ဘူး။ ဒီလိုမျိူးနားလည်တတ်ရင် ဘုန်းကျော်ကိုတောင် ထိုင်ကန်တော့ချင်လာလိမ့်မယ်။ ဒါဗျဲ။

3 comments

  • ဗိုက်ကလေး

    April 28, 2012 at 4:05 pm

    အူလေးဖုတ်ကျော် ကံကောင်းတယ်မှတ်ပါ..တူဒေးက ၁၁ဒေဆိုတော့ အူးလေးပြောတဲ့ ဖိုက်တာ ၂ ယောက် ရွာအဝင်ခဏ နားထားတယ်ထင်တယ်
    ရှိရင်တော့ ပွဲလှပြီဗျား.. 😆

    ကဲဗျာ..
    ကဘုန်းကျော်တော့ ပေးသွားပြီ
    တခြား နိုင်ငံက အူးခိုင်တို ့ဘာတို ့လဲ ပေးကြဦး..

    ပုဂ္ဂလိက ပင်စင်စား ပလန်အတွက် လုပ်ခုပ်တီးအားပေးကြိုဆိုပါတယ်ဗျား..
    အထမြောက်ပါစေ..ဒါပေမဲ့..အူးလေးပြောသလို လုပ်ငန်းရှင်ကပဲ စိုက်ထုတ်ပေးကြပါစေ

    Reply

  • အိမ်လွမ်းသူ

    April 28, 2012 at 4:49 pm

    လဖုတ်ကျော် တို့ကတော့ တဲတဲကြီးကို ရန်စတော့ တာပါလား ကွယ်တို့။ “Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….”

    Reply

  • Onyx

    April 29, 2012 at 9:49 pm

    ကဘုန်းကျော် ခင်ဗျား ပြောတဲ့ ဂလူကဲ တို့ ဘာတို့ကနေ ဝင်ကြည့် ဝင်ရှာ ဟတ်လား ဒီက ကိုးနက်ရှင်ကို ဘာများမှတ်လို့တုန်း ရှာလိုက် မကြာပါဘူး ပြန်ကျသွားလိုင်းပြောပါတယ်။အဲလို ပုံစံနဲ့ဘယ်လို ရှာမလဲ
    ပြောတော့ ပါဘူး

    Reply

Leave a Reply to Onyx Cancel Reply

Your email address will not be published.