စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ထုတ်ပေးထားခြင်းမရှိသော ယာယီနံပါတ်များ တပ်ဆင်မောင်းနှင်ခြင်းအား ထိရောက်စွာအရေးယူမည်

klnJune 14, 20101min01

ရန်ကုန်မြို့တော်အတွင်း သွားလာလျက်ရှိသည့် အချို့မော်တော်ယာဉ်များသည် ယာယီနံပါတ်အမျိုးမျိုးအား တပ်ဆင်သွားလာလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ သွားလာလျက်ရှိရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ပေးထားသည့် စက်မှုဇုန်ထုတ် ယာယီနံပါတ်ခွင့်ပြုကာလတစ်လ၊ လေလံနံပါတ် ခွင့်ပြုကာလ သုံးလကိုသာတပ်ဆင်၍ စည်းကမ်းသတ်မှတ်ချက်နှင့် အညီသွားလာကြရန်နှင့် သတ်မှတ်ထုတ်ပေးထားခြင်းမရှိသော ယာယီနံပါတ်များ တပ်ဆင်မောင်းနှင်နေခြင်းအား စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

One comment

  • mzm

    July 27, 2011 at 3:57 pm

    ကောင်းပါတယ် ထိထိရောက်ရောက်အရေးယူပေးကြပါလို့…..ကျေးဇူးတင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.