သဂျန် တုန်းက သံတွဲပြန်တယ်…
အတိုတွေ၊ အပြတ်တွေ အရင်ထက်ပေါလာတယ်…
ရွာကလူတွေလည်း ကိုရီးယားကား စွဲနေကြပြီ…
သဂျန်က ဟိုးအရင်ကလောက် မစည်ဘူး…
သံတွဲ ဈေးကြီးကို မြင်ရတာ စိတ်မကောင်းဘူး…
(ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်သွားတယ်)
ငပလီက အရင်ကလောက် ကျွန်တော့်ကို မကြိုဆိုသလိုပဲ…
(ဈေးလည်း ကြီးသေးတယ်)
ယာယီဈေးမဖွင့်သေး….
ဈေးဟောင်းနေရာ ဈေးသစ်ပုံစံ မရှိသေး…
လူတွေ စိတ်ညစ်နေကြ….
ကွမ်းဆိုင်တွေ နာမည်ကြီးလာကြတယ်….
ဖုန်းပြောတဲ့သူတွေ အများကြီး မြင်ရတယ်…
ဆိုင်ကယ်တွေ အဆင့်မြင့်နေကြတယ်….
ထူးကဲက လဖက်ရည် အရင်အရသာ အတိုင်းပဲ…
အံတော်ချောင်းထဲက ရေတွေ ပိုနည်းသွားပြီ….
မြို့ထဲမှာ အမှိုက်တွေ မတွေ့ရသလောက်ပဲ…
ကြော်ငြာအသစ်တစ်ခုတွေ့တယ်…
(ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့)
လူအသစ်တွေ အရင်လောက်မတွေ့ဘူး…(လူဟောင်းေတွလည်း ပျောက်နေကြတယ်)
အော်…
ငါတို့ရဲ့…..
သံတွဲ….
မှတ်ချက်။ ။ ကဗျာမဟုတ်ပါ…(မြင်တွေ့သမျှ ရေးထားခြင်းဖြစ်သည်။)
—————————————–
ဒီစာစုလေးကိုရေးတာက ကျွန်တော်နဲ ့ညီအကိုလိုနေသူ မြတ်ကျော်သူပါ။ပြီးခဲ့တဲ့ သင်္ကြန်မှာ သူ ့ဇာတိရွာလေးဆီပြန်ရင်း
သံတွဲမြို ့အကြောင်းကို သူဝေဖန်သွားတာပါ။သိပ်ကောင်းကါတယ်။အသက်(၂၂)အရွယ် လူလတ်ပိုင်းတစ်ယောက်၊
UNITYဂျာနယ်သတင်းထောက်တစ်ယောက်အမြင်ပါ။သူ ့အမြင်တွေက —–
(၁)မိန်းကလေးတွေ ဝတ်စားဆင်ယင်တာ လျှပ်ပေါ် လော်လီလွန်းကြောင်း
(၂)သံတွ ဲကနေ (၁၀)မိုင်လောက်ဝေးတဲ့ သူ ့ရွာကသူတွေ ကိုးရီးယားကားစွဲကြည့်တတ်နေပီဖြစ်ကြောင်း
(၃)သင်္ကြန်ကာလ မစည်ကားတော့ပုံ၊နှစ်ကူးမင်္ဂလာဆိုတာထက် အရက်သောက်ပွဲဆို အမြင်ကောင်း၊နာမည်ပြောင်းသင့်ကြောင်း
(၄)ဖေဖော်ဝါရီ(၁၁)ရက်နေ ့ကမီးလောင်သွားခဲ့တဲ့ သံတွဲဈေးကြီးဟာနှစ်လ တာကြာခဲ့ပေမယ့် ဘယ်လို ပုံစံပြန်ဆောက်မယ်
ဘယ်သူ ကကန်ထရိုက်ယူမယ်မသိရသေးပုံ၊ဈေးသူားများ စိတ်ညစ်နေပုံ
(၅)ငပလီကမ်းခြေက သူ ့ကိုနွေးထွေးစွာ မကြိုဆိုပုံကို ဒေါသသံလေးနဲ ့တွေးပြပုံ၊
(၆)တမြို ့လုံးမှာ ကွမ်းယာဆိုင်များလာတယ်၊ကွမ်းစားသူများလာတယ်ဆိုပုံ၊
(၇)ဖုန်းတွေကိုယ်စီ ကိုင်လို ့အလုပ်ရှုပ်နေတယ်လို ့မြင်မိပုံ(တကယ်တော့. ဟန်ပြလား၊အလုပ်လုပ်မလို ့ဝယ်လေသလား)
(၈)သူသောက်နေကြ သံတွဲ က ထူးကဲလဘက်ရည်ဆိုင်လေူ အရသာမပြောင်းသေးကြောင်း အာမခံထားပုံ
(၉)တရုတ်၊ယိုးဒယား၊ဂျပန်၊အိန္ဒိယ ဆိုင်ကယ်မျိုးစုံမြို ့ထဲ မြင်ကတ်လောက်အောင်တွေ ့ခဲ့ရပုံ
(၁၀)သံတွဲချောင်းဟာ ရေအတော်နည်းပြီး သောင်ထွန်းနေကြောင်း၊မြစ်ရဲ ့ရေဝေရေလွှဲတွေ ပျက်စီးနေကြောင်းသူပြော
လိုပုံ
(၁၁)မြို ့ထဲမှာ အမှိုက်သရိုက်မတွေ ့ရပုံ
(၁၂)နောက်ဆုံးပြောသွားတာက အရက်ကြေညာကို သူတော်တော် ဒေါသထွက်ပုံရတယ်
““ညဇာဖက်သားအားကေ..Eagle နဲ့ ပျော်ကတ်မယ်..တဲ့””ဒါက ညနေဖက်အားရငEagle အရက်သောက်ပြီး ပျော်ကြမယ်လို ့ပြောတာပါ။ဆိုတော့. အရက်ကို အမုန်းသောက်တာ
ရခိုင်သား၊သံတွဲသား———–
အော် သတိ—-သတိ———
ယခုပို ့စ်လေးအတွက် ညီငယ် မြတ်ကျော်သူ ကိုကျေးဇူးပါ။
Post Views: 0
11 comments
windtalker
April 24, 2012 at 9:05 pm
ဒီလိုနဲ ့ဘဲ
ယိုယွင်းပျက်စီးနေတဲ့
ပတ်ဝန်းကျင်တစ်ခုမှာ
ဘဝတစ်ခုကို ထိန်းကြောင်းရင်း
ရင်ထဲက အနုပညာ
တွေ ့ရှိချက် ရီးရဲလစ်ဇင်းများကို
ထုဆစ် ချပြလိုက်စမ်းပါ
ကိုကိုသန်း ရေ ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 25, 2012 at 11:52 am
@ကိုပေရေ—- ခုလိုအားပေးအကြံပြုလို ့ကျေးဇူးပါနော့။
@မိုးနတ်မင်းကြီး စေင့်ရှောက်မှာပါ ဦးဂျစ်ရေ
@ကိုဖရဲရေ—–သံတွဲဈေးသစ်က နောင်ဆယ်နှစ်ဆို မြင်ရမယ်
ထင်ပါ၏
@ဦးကြောင်ရေ—သံတွဲသူတွေ ပေါင်တန်တုတ်သဗျ။သဲဆွဲလို ့ပါ။
@awra-choရေ— ကျနော် သံတွဲသားတစ်ယောက်အနေနဲ ့ခံပျင်းလို ့
ဆက်ရေးနေမှာပါ
Gipsy
April 24, 2012 at 9:07 pm
ကြားရချက် နားဝမှာ မသက်သာပါလား ကိုသားကြီးရေ…
ဒီလိုပုံ ဒီလို အချိုးနဲ့ ဆိုရင် မြို့လေး ပျက်တော့မှာပါလား…
ယာယီဈေး မဖွင့်သေးတော့ ဈေးသည်တွေ ဒုက္ခရောက်နေကြမှာ မြင်ယောင်မိပါတယ်…
အို…. မိုးနတ်မင်းကြီးခင်ဗျား…
ဒီအတိုင်းပဲ ကြည့်နေတော့မှာလားးးးးးးးးးးးးးးးးးးးး ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 24, 2012 at 10:46 pm
သူက လက်တန်းချရေးလိုက်ပေမယ့် သူအတန်းစားစာလေးက တာသွားသဗျ။
ကျနော်လဲ ဆက်စပ်တွေးမိတာလေး
water-melon
April 25, 2012 at 7:01 am
ဘာလိုပြောရမလဲ ကိုနာဂရေ
တိုးတက်ရမဲ့နေရာတွေမှားနေတာ
အတုယူရမဲ့ အတွေးအခေါ်တွေက အတိုတွေအဖော်တွေအချွတ်တွေကို အားသန်ပုံရတယ်
သံတွဲဈေးက အခုမှ ကန်ထရိုက်ဆွဲတုန်းထင်တယ်
ကြောင်ကြီး
April 25, 2012 at 10:24 am
ရခိုင်မလေး
ဘောင်းဘီတို
ပေါင်တံပျို
ဖွေးဖွေးဥ
ဂလု ဂလု
ညုသာညု
ကွယ်ပြုစရာမလို…။
awra-cho
April 25, 2012 at 10:36 am
သံတွဲသားရေ ။ ရှင်းမပြရင် ပိုကောင်းမယ်ကွယ်။ ရှင်းပြတော့ပေါ့ ရွှတ်ကြီး ဖြစ်သွားတာပေါ့ကွယ်၊ ကိုယ်ထင်တာ ဝင်မန့်တာပါ..အဟိ။။
ကလိ..
အလင်းဆက်
April 25, 2012 at 6:40 pm
တွေးတော စရာ.ပို ့စ်ကလေး အတွက်..ကျေးဇူးပါပဲ….နာဂရချစ်သူရေ… ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 25, 2012 at 7:44 pm
ကိုအလင်းစက်မှာ ဆက်စပ်တွေးရဖို ့ဖြစ်သွားတယ်
ကြားရလို ့ကျေးဇူးပါဗျ။
htet way
April 26, 2012 at 11:54 am
ကျုပ်ကလည်း သံတွဲကို လာချင်တယ် ဆရာ နာဂရေ
အရင်လိုပဲလားမသိ။
မလာဖူးတော့ လာချင်တာပါ အရင်လိုဆိုတာက စနစ်ကိုမေးတာပါ
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 26, 2012 at 2:19 pm
ဆရာထက် ကခုလိုလာလည်ပါမယ်ပြောလို ့ဝမ်းသာအားရ
ကြိုပါမယ်။လာလည်ပါဗျ။ခေတ် စနစ်ကတော့ နည်းနည်းပြောင်း
တယ် ပြောရပါမယ်။အလုံးစုံတော့မဟုတ်ဘူးပေါ့။့ဆရာထက်
လာလည်မယ်ဆိုရင် ကူညီပါမယ်။ကျနော့် g talk ကို add ပေးပါ။
ပြောစရာချန်ထားလို ့ရတာပေါ့။thanhtutoo1984@gmail.com။