ကျွန်တော်နားမလည်နိုင်သော ဖြစ်ရပ်များ (တရားရုံး)

U Hla MgApril 24, 20121min08

ကျွန်တော်သည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင်နေထိုင်ပါသည်။ ကျွန်တော်၏ တူတော်မောင် က ကိစ္စတစ်ခုရှိ၍ ဖိတ်ခေါ်သဖြင့် ဇာတိ ချက်ကြွေ မွေးရပ်မြေ အိမ်မဲမြို့ကလေးသို့ မောင်မျိုးမင်း ၏ကောင်းမှုဖြင့် ရောက်ခဲ့ရသည်။မြို့ကလေးကား အဆောက်ဦး အသစ်များဖြင့် ၊ ဆိုင်ကယ်မြို့တော်လေးဖြစ်နေခဲ့ပြီ။ လူတိုင်းနီးပါးဖုန်းကိုယ်စီဖြင့် ကျွန်တော်တို့ ငယ်ငယ်တုန်းကလို မဟုတ်တော့။ကျွန်တော်

တူတော်မောင်လည်း အိမ်ထောင်ကျလို့ အစိုးရ ဋ္ဌာနတစ်ခု၌ တာဝန်ထမ်းဆောင်လျှက်ရှိသည်။

တစ်နေ့ တူတော်မောင်ရုံးသွား ချိန်မိတ်ဆွေတစ်ယောက်အိမ် အိမ်လည်သွားရန် ဆိုင်ကယ်ဖြင့် လမ်းကြုံလိုက်ခဲ့သည်။တူမောင်က ထွေ/အုပ်သို့ စာဝင်ပေးစရာရှိသည် ခေတ္တလိုက်ခဲ့ပါရန် ခေါ်သဖြင့် ၎င်းနောက် လို်ခဲ့ရာ

တူမောင်က ထွေအုပ် ရုံးထဲဝင်သွားခဲ့လေသည်။ ကျွန်တော်က ဟိုငေး ဒီငေးဖြင့်ပင်။ ထွေအုပ်ရုံးဝင်းထဲတွင် တရားရုံး ဥပဒေရုံး ရှိသည်။ကျွန်တော်လည်း တရားရုံးရှေ့ မတ်တပ်ရပ်လိုက်မိကာ ရှေ့နေနှစ်ယောက် ငြင်းခုန်နေသည်ကို နားထောင်မိသည်။အမူဖြစ်သည်ကို ခန့်မှန်းလိုက်ရာ သက်သေထွက်နေသူ လူငယ်လေး ကိုကြည့်ခြင်း အားဖြင့် ဘာသာခြား မွတ်စလင် ဖြစ်လေရာ ကုလားအမှုတစ်ခု မို့ ပို၍ စိတ်ဝင်စားခဲ့မိပါသည်။

ရှေ့နေနှစ်ယောက်ကလည်း ငြင်းခုန်နေလိုက်ကြတာ ထသတ်မည့်အတိုင်းပင်။သို့သော် စာရေးသာ ခုံတွင်ထိုင်နေ၍  တရားသူကြီးမှာမရှိပါ။

တရားသူကြီရှာဖွေမိပါသည်။ တရားခွင်တွင် မေးမြန်းနေစဉ် ရှေ့နေကို စာရွက်ကလေး သွားပေးသော မျက်မှန်နှင့် ပုဂ္ဂိုလ်လေးကို မေးရာ တရားသူကြီး ရှိရာသို့ မေးငေါ့ ပြလေ၏။တရားလိုနှင့်တရားခံများကို စစ်ဆေးရာတရားသူကြီးမရှိဘဲ နှင့် ဖြစ်နေလေသည်။တရားသူကြီး ခင်ဗျာ  ဟု ဦးတိုက်ပြောနေကြသော်လည်း တရားသူကြီးကား သူ့ အခန်းတွင်း၌သာ အေးအေးလူလူ ရှိနေခဲ့သည်ကို ထူးဆန်းဖွယ် တွေ့ရပါသည်။

အမှုအကြောင်းကို စိတ်ဝင်စားသည်အတွက်  မုတ်ဆိတ် နှင့်ထိပ်ပြောင် ပြောင် လူတစ်ယောက်ကို မေးကြည့်ရာ ဗလီ ပစ္စည်းခိုးမူဟု သိရပါသည်။ အပြင်ဘက်တွင်လည်း အကျင်္ီဖြူ လယ်ကတုံးလျေးနှင့် မွတ်စလင်လေးတစ်ယောက်ကိုမေးကြည့်ရာ တရားလို ဂေါပက အတွင်းရျေးမှူးလေးဟု သိရပြန်ပါသည်။သက်သေထွက်နေသည်မှာ လည်း ဂေါပက ပဲဟုသိရပါသည်။

ခဏကြာမှ တရားသူကြီးက တက်လာပါသည်။ မေးခြင်းဖြေခြင်းများကို စိတ်ဝင်စားပုံမရပါ။တရားစီရင်ရေးတွင်  ဘာသာခြားများကိစ္စမို့ စိတ်ဝင်စားမှုနည်းနေသလား၊ဘာသာခြားမို့ တရားသူကြီးမလိုအပ်ခြင်းလား

မျက်မှန်နှင့် ပုဂ္ဂိုလ်လေးကိုမေးရာ ၎င်းက လူကို မတူမတန်သလို နှင့် မဖြေခဲ့ပါ။

ဒီမိုကရေစီနိုင်ငံတော် ကြီးတွင် တရားရေး မဏ္ဍိုင် ဥပဒေပြုရေးမဏ္ဍိုင် ၊ အုပ်ချုပ်ရေး မဏ္ဍိုုင် တို့ ကို လက်ကိုင်ထားဖေါ်ဆောင်ခဲ့ပါသည်။တရားစီရင် ရာတွင် No Man above the Law ဟူ၍ လည်းချမှတ်ထားပါသည်။

အိမ်မဲမြို့တွင် အဆောက်အအုံ များ ဆိုင်ကယ်များ၊ ဖုန်းများဖြင့် မိမိ ဋ္ဌာနေ တိုးတက်နေသော်လည်း အပေါ်ယံ တိုးတက်မှုသာဖြစ်ပါသည်။ပြောင်းလဲရန် များစွာရှိနေသေးကြောင်း စဉ်းစားမိရင်း

ကျွန်တော်လည်း တူတော်မောင်ပြန်ထွက်လာသော အခါ လိုက်ပါခဲ့ရလေတော့သည်။ ထူးဆန်းသော မြင်ကွင်း ကိုဖြင့် မမေ့နိုင်ခဲ့ပါ ။ ၎င်း တရားသူကြီးအမည်ကိုလည်း စုံးစမ်းမှတ်သားထားမိပါတော့သည်။

8 comments

  • Thel Nu Aye

    April 24, 2012 at 5:13 pm

    ဒီလိုအဖြစ်မျိုးတွေကကြုံဖူးတာများပါပြီ။ ဘာလို့လဲဆိုတော့ တရားသူကြီးကသူချရမဲ့အမိန့်သူသေချာနေလို့ပါ။ အမှု့စဖြစ်ပြီဆိုကတဲကဘယ်သူ့ကို အနိုင်ပေးရမှာလဲဆိုတာသူသိပြီးသားမို့ အချိန်ကုန်ခံပြီးနားမထောင်တော့ ပါ။ လူမြင်ကောင်းအောင်ပဲ တရားခွင်လုပ်ရတာပါ။ ငွေများတရားနိုင်တဲ့ခေတ်မှာ ပိုက်ဆံပေးထားသူ ကနိုင် မှာမို့သူကအလုပ်ရှုပ်ခံလို့ နားမထောင်တေ့ာတာ ဒီခေတ်ရဲ့တရားသူကြီးတော်တော် များများဖြစ်နေပါပြီ။

    Reply

  • Gipsy

    April 24, 2012 at 8:39 pm

    မမှားသောရှေ့ နေ မသေသော တရားသူကြီး…..။

    Reply

    • နေဝန်းနီ

      April 24, 2012 at 10:09 pm

      ဂျစစ်ပီ…။အဲဂျစ်ပစီ မွှားနေဘီ…။ မမှားသောရှေ့နေ မသေသော ဆေးသမားပါ…။
      တရားသူကြီးက တိရိစ္ဆာန်ဘုံမှာမပါဘူး ငရဲဘုံနဲ့ပြိတ္တာဘုံမှာ

      Reply

  • ဦးဦးပါလေရာ

    April 24, 2012 at 10:21 pm

    အဲဒီတရားသူကြီးက မိုက်ရိုင်းတာပါ။
    တကယ်တော့ တရားသူကြီးဟာ တရားခွင်မှာနားမထောင်ပဲ လျှောက်လဲချက်တွေကို ဖတ်ရုံနဲ့ အမှားအမှန်ကို မဆုံးဖြတ်နိုင်ပါဘူး။ လိုအပ်တဲ့ မရှင်းလင်းတဲ့ အချက်များကို ကိုယ်တိုင်မမေးပဲ အမှု့မှန်ကို မဆုံးဖြတ်နိုင်ပါဘူး။
    ဒါပေမယ့်လဲ နယ်မြို့များမှာ အခုလိုပဲ တရားသူကြီးက တရားခွင်မှာ ကောင်းကောင်းနားမထောင်ပဲ လျှောက်လဲချက်တွေကို ဖတ်ပြီး အစိုးရရှေ့နေနဲ့ညှိပြီး အခြား တရားရေးရဲ့အပေါ်ကလူများနဲ့ညှိပြီး စီရင်ချက်ကိုချကြပါတယ်။

    ဒီလို အညံ့စားတွေလက်ထဲမှာကြာရင် နောင်ဆို အဝေးရောက်တရားရုံး စာပေးစာယူတရားရုံး အွန်လိုင်းတရားရုံးတွေတောင် ပေါ်လာဦးမယ်။

    Reply

  • kai

    April 24, 2012 at 11:02 pm

    ယူအက်စ်မှာ တရားရုံးထဲကို တီဗီအစီအစဉ်ကဝင်ရိုက်ပြီး.. တီဗီဇတ်လမ်းတွဲလုပ်ကြတာ လူကြိုက်အင်မတန်များတယ်..

    လူတွေလည်း တရာ းရေးကိုင်တွယ်ပုံတွေ.. ဗဟုသုတရ..။ တရားသူကြီးတွေလည်း ဆယ်ရီဘရိတ်တီဖြစ်ရောပဲ..
    မြန်မာပြည်မှာ.. ကိုရီးယားကားတွေပြနေတာထက်စာရင်.. အဲဒါကိုလုပ်သင့်တယ်..

    =
    http://voices.yahoo.com/judge-shows-reality-television-punch-23979.html

    Sources for my Top 5 TV court show judges:

    Judge Mathis: http://judgemathistv.warnerbros.com/about/judge.html

    Judge Jeanine Pirro: http://www.judgejp.com/about/pirro.php

    Judge Joe Brown: http://www.judgejoebrown.com/bios.php

    Judge Wapner: http://en.wikipedia.org/wiki/Joseph_Wapner

    Judge Judy: http://www.judgejudy.com/profiles_of_justice.php

    Reply

    • Diamond Key

      April 25, 2012 at 9:48 am

      တဂျီးနော် တဂျီး……… နော်တို့ဆီမှာ အဲလိုရိုက်ရင် ……… ဟိုကိစ္စတွေ ဒုက္ခရောက်ကုန်မှာပေါ့ ……….. ဟိုကိစ္စတွေ ………..ဟိုကိစ္စတွေလေ :mrgreen:

      Reply

  • etone

    April 25, 2012 at 11:35 am

    ဒီနိုင်ငံမှာက ခေါက်ရိုးကျိုးနေပြီးသား စိတ်ဓါတ်တွေ ပြင်မရတော့လို့လား မသိဘူး … တရားသူကြီးတွေ ဘာလာလာ ဂိမ်းဖို့ ဂျိုကာတစ်ကောင် ဝှက်ဖဲလုပ်ထားသလိုပါပဲ … ။

    တရားရုံးတွေထဲ … တရားမျှတမှု နဲ့ သမာဓိရှိမှု တကယ်ပဲကြီးစိုးဖို့ လိုအပ်ပါတယ် ။ ငွေများတရားနိုင် လာဘ်စားမှုတွေလည်း ပျောက်ကွက်သင့်ပြီ …. ။ တရားရုံးကနေ … မတရားရုံးလို့ နာမည်ပျက်မထွက်စေချင်လျှင်တော့ …. နိမ့်ကျတဲ့ စိတ်ဓါတ်တွေ ၊ အဂတိလိုက်စားမှုတွေကို ပြင်မှပဲ ရမယ် ။

    ******************

    ဟိုးတစ်လောကလည်း မေးလ်ထဲကနေ ဖတ်လိုက်ရတယ် ဗလီပိုင်မြေကို … ဂေါပက ကလူတွေရောင်းစားပြီးခွဲဝေယူထားတဲ့ အမှု … နှစ်ကြာတော့မှ … ဝေစုမတည့်လို့ ထပေါ်တယ်ဖြစ်သေးတယ် …. ။ ဘယ်လို ဖြေရှင်းလိုက်သလဲတော့ မကြားမိဘူး …. ။

    သဂျီးပြောသလို တရားခွင်ကြားနာစစ်ဆေးမှုတွေကို … မီဒီယာရှေ့လုပ်လျှင် .. အတိုက်လျှောက်တော့ အမှုမှန်တိုင်း ဥပဒေချနိုင်မယ်ထင်ပါရဲ့ ….. ။ 🙄

    Reply

  • Mr. human

    April 25, 2012 at 11:56 am

    ဒီလိ်ု တရားရုံးက ဖြစ်နေတာတွေကို တိုင်းတရားရုံးက
    တရားလွှတ်တော်က အရေးယူသင့်တယ်။
    မသိရင်လည်း ခုသိပြီလေ။
    တရားသူကြီးနာမည်ပါ ထည့်ရေးသင့်တယ်။
    သေချာတယ် တဖက်က ငွေ စားထားပြီ။
    ကုလားတွေကလည်း အာဏာပိုင်ကို ဖေါ်လံဖားလုပ်တဲ့ တချို့ လူတွေရှိတယ်
    ဘာပဲဖြစ်ဖြစ် ငွေ မျက်နှာတော့ မကြည့်သင့်ဘူး။
    တိုင်းက တရားလွှတ်တော်ရေ ကြီးကြီးကျယ်ကျယ်တွေပြော တိုင်ကြားနိုင်တယ်ပြောပြီး
    ခုတာဝန်ချိန်ပျက်ကွက်မှုကို အများသိအောင် အရေးယူပါလား။
    မတရားအမိန့်တွေနဲ့ ငွေများတရားနိုင်ဖြစ်ပါများရင် အစိုးရအပေါ်မှာပါ ပြည်သူက အကြည်ညို
    လျှော့လာမယ်။တရားရေးမဏ္ဍိုင်ယိမ်းယိုင်နေရင် တိုင်းပြည်ပါ ယိမ်းယိုင်လာမယ်
    မတရားသူကြီးတွေ ကို တရားရုံးက ဖယ်ရှားသင့်ပြီ။

    Reply

Leave a Reply to ဦးဦးပါလေရာ Cancel Reply

Your email address will not be published.