နေဝန်းနီ ပါဆယ်ဆွဲတယ်-၅

naywoon niApril 23, 20121min07

နေကတစ်အားပူ………။ ဓါတ်မှန်ရိုက်ဖို့ ကိုယ့် အလှည့်ကမရောက်သေး…။ အာခေါင်တွေ ခြောက်လာတာနဲ့ ရေနည်းနည်း ယူသောက်လိုက်မိသေးတယ်…။ ခံတွင်းကလည်းချဉ်လာတယ်…။ အဲဒါနဲ့ အပြင်ပြန်ထွက်ပြီး ဆေးလိပ် ထွက်ဖွာတယ်…။ အဲဒိအချိန်မှာပဲ ပထမ ဆုံးဝင်သွားတဲ့လူနာ ထွက်လာတယ်…။ အကူကောင်မလေးက ခဏစောင့်ပြီး ဓါတ်မှန်ယူသွားပါလို့ ပြောသံကြားလိုက်ရတယ်….။ ဒုတိယလူနာဝင်သွားတယ်…။ နေဝန်းနီလည်း ရေတစ်ငုံသောက်ပြီး ဓါတ်မှန်ခန်းဖွင့်ထားတဲ့ အဆောက်အဦးပေါ်ပြန်တက်လာတယ်…။ ဒီလိုနဲ့ တစ်ယောက်ဝင်သွားလိုက် တစ်ယောက်ထွက်လာလိုက်နဲ့ လေးနာရီ ထိုးခါနီး ရောက်လာတယ်…။ အကူကောင်မလေးက ဒီတစ်ယောက်ပြီးရင်ရပြီလို့ လာပြောတယ်…။ သူလာပြောပြီးမှပဲ ဗိုက်မအောင့်ပဲ နောက်ကျောတွေတက်လာတယ်…။ လက်ကိုနောက်ပစ်ပြီး ထောက်ထားရတယ်…။ အဲဒိလိုနောက်ပစ်ပြီးထောက်ထား ရင်းနဲ့ လမ်းလျှောက် နေလိုက်တော့ လေချဉ်လေးဂေ့ကနဲ ဂေ့ကနဲ တက်လာတယ်…။ ဗိုက်ထဲမှာလည်း အောင့်သာမအောင့်တယ်.. အီလည်လည်နဲ့ ေတော်တော်နေရဆိုးတာပဲ…။ ဆယ်မိနစ်လောက်နေတော့ နေဝန်းနီရှေ့က လူနာထွက်လာတယ်…။ ခဏနေတော့ နေဝန်းနီကို ခေါ်ပါတယ်…။ နေဝန်းနီ အခန်းထဲဝင်သွားတော့ အခန်းရဲ့ တစ်ဖက်ထောင့်မှာ ကုတင်ကိုတွေ့ပါတယ်…။ ကုတင်ရဲ့ ဘေးမှာ ခုံတစ်လုံးချထားပြီး TV တစ်လုံးတင်ထားပါတယ်… ။ ကုတင်ပေါ်မှာ နေဝန်းနီကို ပက်လက် အိပ်စေပါတယ်…။ အကျင်္ ီ ကြယ်သီးတွေ ဖြုတ်ခိုင်းပါတယ်…။ ဆရာမကတော့ စောစောက ထွက်သွားတဲ့လူနာရဲ့ ဓါတ်မှန် စစ်ဆေးချက်ကိုရေးနေပါတယ်…။ နေဝန်းနီကို ခိုင်းနေတာက အကူကောင်မလေးပါ…။ လုံချည်ကိုလျော့ခိုင်းပြီး ဗိုက်ပေါ်အောင် အကျီ င်္ ကိုလှစ်ထားခိုင်ပါတယ်..။ အသစ် ဆောက်ခါစမို့လားမသိဘူး..။ အဲယားကွန်းက မတပ်ရသေးပါဘူး…။ စာရေးနေတဲ့ ဆရာမ နားမှာ မတ်တပ် ပန်ကာရှိပြီး နေဝန်းနီရဲ့ အပေါ်တည့်တည့် မျက်နှာကျက်မှာ ပန်ကာ အကြီး တစ်လုံးရှိပါတယ်..။ ဒါပဲ…။ ဆရာမ မလာသေးတာနဲ့ ဟိုဟိုဒီဒီလျှောက်ကြည့်တော့ တီဗွီ ရဲ့ ဘေးမှာ ထောင်ထားတာက ပန်းချီဆွဲတဲ့ စုတ်တန်လို ဟာမျိုးတစ်ချောင်းထောင် ထားတာတွေ့လိုက်ရတယ်…။ ဆရာမက သူစာရေးနေတာမပြိးသေးဘူး…။ အခန်းထဲ ဝင်စက ယူသွားတဲ့ အအေးဘူးကို သောက်လိုက် စာရေးလိုက်နဲ့လုပ်နေတယ်…။ ခဏနေတော့ စောစောက ကောင်မလေး နေဝန်းနီအနားကပ်လာပြန်တယ်…။ ရင်ဘတ်က ကြယ်သီး နှစ်လုံးလောက်တွယ်ထားဖို့လာပြောတာပါ…။ မျက်နှာကျက်ပန်ကာက နေဝန်းနီ အပေါ်တည့်တည့်မှာကိုး…။ ခဏနေတော့ ဆရာမ ရောက်လာပါတယ်…။ ဘာဖြစ်တာလဲ …။ ဗိုက် အောင့်တာက ဘယ်နေရာလဲ…။ အရင်ကကော အောင့်ဖူးလား …။မေးနေတုန်း ဖုန်းသံကြားတာနဲ့ ဆရာမလေး ခမျာ အပြင်ထွက်ပြီး ဖုန်းစကားပြေနေရရှာပေါ့….။ အင်း ……. ငါ့ဂလှည့် ရောက်ကာမှပဲ ဖုန်းက လာရသလား ဟင်…..။ မိုက်ပါ့ ချက်ကြီးရယ်…။ ဟင်းဟင်း…။ စောစောက အီလည်လည် ဖြစ်နေတဲ့ ဗိုက် ပြန်အောင့်လာပြန်ပြီ…။ အောင့်လိုက်စမ်း …။ ဒီလောက်အောင့်ချင်တဲ့ဗိုက်…။ အရင်လို နမူး ရှူးထိုးမဟုတ်ဘူး…။ ဟိုဟာ ဒီဟာလမ်းးနေမှာမဟုတ်ဘူး….။ ဟိုဆေးဒီဆေးလည်း သောက်မေနှာမပါဘူး…။ ခုနင့်ကို ရိုက်မဲ့ ဓါတ်မှန်ရှေ့မှာ ….။ နင့်အကြောင်းငါသိရတော့မှာ ကြားကြားလေးဆက်အောင့်ထား…။သိလား …။ ကျုံးဝါးနေတုန်း ဆရာမပြန်ဝင်လာတယ်…။ စောစောက တီဗွီ ဘေးမှာထောင်ထားတဲ့ စုတ်တန်လို့ အရာကိုဆွဲယူလိုက်ပြီး ဆေးရည်ရည်ထည့်ပါတယ်…။ ပြီးတော့ ဗိုက်ကို စုတ်တန်နဲ့ ဆေးသုတ်သလိုလိုက်သုတ်ပေးတယ်..။ အေး စက်စက်နဲ့ ….။ တစ်နေရာအရောက် စုတ်တန်နဲ့ ထောက်ထားပြီး အသက်ရှူ ဗိုက်ကိုဖောင်းထားတဲ့ …။ မြန်မြန်ပြီးချင်တာနဲ့ သူပြောသလိုပဲလိုက်လုပ်ပေးလိုက်ပါတယ်…။ ဝမ်းဗိုက်ရဲ့ ညာဘက်ခြမ်း…။ အလယ်တည့်တည့်…။ ဘယ်ဘက်ခြမ်း…။ အပေါ်-အောက် တော်တော် ဆွဲကြည့်ပါတယ်…။ ခုလုပ်နှိပ်လိုက်သံလေးငါးချက်ကြားလိုက်ရတယ်…။ ပြီးတော့ မေးတယ် …။ အရက်သောက်လာတဲ့…။ ဘာပြောလိုက်ရမှန်းမသိဘူး…။ ခဏနေမှ ခုတော့ ပြတ်နေတာ ကြာပါပြီလို့ ပြောလိုက်ရတယ်…။ အသည်းရောင်နေတယ်…။တဲ့..။ သူ့ဖာသာပြောသလို ဆက်ပြောတယ်…။ ကျောက်ကပ် ကျောက်တည်နေတာ တွေ့ တယ်တဲ့…။ ကျင်ချောင်းက နာတယ်အောင့်တယ်လို့ ပြောတော့ အဲဒါဆီ ကြိတ်ရောင်တာနဲ့တူတယ်တဲ့…။ ဘာမှဆက်မပြောတော့ဘူး…။ ပက်လက်ကနေ ထခိုင်းပြီး အပြင်ကနေစောင့်နေဖို့ ပြောတယ်…။ နေဝန်းနီ ထွက်လာတော့ အကူကောင်မလေးပါလာတယ်…။ တစ်ရှူးတစ်ပိုင်းလာပေးတယ်…။ ဟုတ်သားပဲ…။ စောစောက စုတ်တန်လိုဟာကြီးနဲ့ ဆေးရည်တွေ သုတ်ထားတာ…။ တစ်ရှူးနဲ့သုတ်ရင်းက လက်နဲ့ပွတ်မိတော့ ရေလိုပါပဲ…။ ခဏစောင့်နေဦး လို့လည်းပြောတယ်…။ နေဝန်းနီနောက် ရောက်လာတဲ့ လူနာမရှိတော့ပါဘူး…။ ဒီတော့ ဓါတ်မှန် ဖတ်တာမြန်ပါလိမ့်မယ်..။ ထင်ရတာပဲလေ…။ ထင်လိုက်သလိုပါပဲ ခဏနေတော့ စာရွက်ကလေးနှစ်ရွက်နဲ့ ဆရာမထွက်လာပါတယ်..။ ရှေ့က ဆရာဆီ ပြန်ပြဖို့ ပြောပါတယ်…။ ခုလောလောဆယ် အရက်သောက်လို့ မရကြောင်းနဲ့ ရေများများသောက်ဖို့ ပြောပါတယ်…။ နေဝန်းနီလည်း သူပေးတဲ့ စာရွက်ကလေးတွေကိုင်ပြီးဆေးခန်းရှေ့ ပြန်လာရတာပေါ့…။

7 comments

  • kai

    April 24, 2012 at 7:04 am

    ကိုနေရဲ့..ဇတ်လမ်းဖတ်ကြည့်ပြီး စိတ်မကောင်းပါ..
    မြန်မာပြည်မှာ.. ကျမ်းမာရေးစောက်ရှောက်မှုစနစ်သေသေချာချာလုပ်ဖို့လိုနေပြီ.. တွေးနေမိတယ်..

    ဒီအတိုင်းဆက်သွားရင်.. ဖြစ်လာမယ်ထင်ရတာပဲလေ..။
    အခုပဲ.. မြန်မာပြည်ကကျမ်းမာရေးဝန်ကြီး ယူအက်စ်မှာ လာအကူအညီတောင်း..လာ လေ့လာနေတယ်.. မဟုတ်လား..။
    အစိုးရအဖွဲ့ဝင်တွေ.. နို်င်ငံတကာ.. ထွက်လာပြီး.. သမ္မတလို.. အိမ်ပြန်ပါကြရင်.. ဖြည်းဖြည်းချင်းကောင်းလာမယ် ထင်ရတာပဲ..

    Japan to Cancel 60% of Myanmar’s Debt

    LoanSafe – 7 hours ago
    (Source: Masami Ito Japan Times, Tokyo (MCT) — Prime Minister Yoshihiko Noda announced Saturday that Japan will resume yen loansto Myanmar and cancel about …

    Reply

    • အမုန်း လုလင်

      April 24, 2012 at 9:13 am

      debt မရှိလည်းပျက်နေတာပါပဲ။
      ကြွက်တွင်းထဲရေဝင်သလိုပဲ ဘယ်တော့မှမပြည့်ဘူး ။

      Reply

  • ကြောင်ကြီး

    April 24, 2012 at 9:21 am

    ဓာတ်ပြာမျိုရင် ပျောက်တယ်ကြားဖူးတယ်… အနောက်တိုင်းဆေးဆိုတာတော့ သိဒဲ့အတိုင်းပဲ ကန်စပ်မှ… တော်ပါပြီ စေတနာ ဝေဒနာဖြစ် ကြားဂနေ ဘဂျီးနွားကျောင်း အပြောခံနေရအုံးမယ်၊ တလောဂ သဂျီး အိပ်ချ်အိုင်ဗွီပေါ့စစ်တစ်ဆိုလား ဖြစ်တော့ ဦးချိန်တီ လျက်ဆားကို ကိုဘေးနွားကင်နဲ့နယ်စားလိုက်တာ ပျောက်သွားသတဲ့… သေချာသိဂျင်ရင်တော့ သူ့သာမေးကြည့်ဘေဒေါ့…။

    Reply

  • laypai

    April 24, 2012 at 11:23 am

    ဆေးရုံ မှာ ဆေးလိပ် သောက် တာ ဒဏ် မရိုက်ဖူးလား။

    Reply

  • အလင်းဆက်

    April 24, 2012 at 11:55 am

    နေဝန်းနီ..ရဲ ့ပါဆယ်..တွေက ဖတ်ရတာ အရသာ ရှိတယ်..

    Reply

  • ဗိုက်ကလေး

    April 24, 2012 at 12:07 pm

    ဘာလီရေ များများသောက်
    တောင်ဇီးဖြူဆိုလား ပြုတ်သောက်
    ဝီစကီကို ရေမရောပဲ နိုင်ဂဂျားမင်းတားကြီးလို ဇိမ်နဲ ့သောက်

    Reply

  • windtalker

    April 24, 2012 at 8:55 pm

    အခုမှ သတိရမိတယ် ။ ဘိုနီ ရေ ။ ထန်းပင်ကျရေ နိုင်နိုင်သောက်ပေးဗျ ။ အဲဒါက ကျောက်ကပ်အတွက် တော်တော်ကောင်းတယ် ဆိုကလားဘဲ ။ ဆေးလည်းဖြစ် ၊ မစ်လဲရူး ၊ 2ဝေး ဘဲ ဗျို ့ ။

    Reply

Leave a Reply to အလင်းဆက် Cancel Reply

Your email address will not be published.