ဒိန်ချဉ် သောက်ခြင်းဖြင့် ကလေး များတွင် သွားပိုးစား မှုကို လျှောချ ပေးနိုင်

guestktyJune 13, 20101min02

ဒိန်ချဉ်ကို ပုံမုန် သောက်သုံးပေး ခြင်းဖြင့် ကလေးများမှာ ဖြစ်ပေါ်သည့် သွားပိုးစားမှု ကို လျှော့ချ နိုင်ကြောင်း သုတေသနပြုမှု အသစ်တစ်ခုက ဆိုသည်။ ဒိန်ချဉ်ကို အနည်းဆုံး တစ်ပတ်တွင် လေးကြိမ် သောက်သုံးပေး သူများသည် တစ်ပတ်တွင် တစ်ကြိမ်ပင် မသောက်သည့် ကလေးများနှင့် ယှဉ်လျှင် သုံးနှစ်အရွယ်ကလေး များတွင် ဖြစ်တတ်သည့် သွားပိုးစားခြင်းကို ၂၂ ရာခိုင်နှုန်းထိ လျှော့ချ ပေးနိုင် ကြောင်း သိရသည်။ သွားဘက်ဆိုင်ရာ စာစောင်တွင် ယင်းတွေ့ရှိ ချက်ကို ဂျပန်လူမျိုး ပညာရှင်များက ဖော်ပြခဲ့ကြသည်။ အစောပိုင်း ကလည်း နို့ထွက် စားစရာ များသည် သွားအတွက် ကောင်းမွန်စေ ကြောင်း တွေ့ရှိထားပြီး ဖြစ်သည်။ ချိစ် နှင့် ထောပတ်၊ နို့တို့သည် ဒိန်ချဉ် နှင့် ယှဉ်ပါက သွားအတွက် သိသိသာသာ ကောင်းကျိုး မတွေ့ရဘဲ ဒိန်ချဉ် ကသာ ကလေးငယ်များ အတွက် သွား ဖွံ့ဖြိုးမှုကို အားပေး ကြောင်း တွေ့ရခြင်း ဖြစ်သည်။ တိုကျိုရှိ ဖုခုအိုဒါ တက္ကသိုလ် မှ ပညာရှင်များ နှင့် ဩစတြေးလျ ပညာရှင်များကို ယင်း သုတေတွင် ပါဝင်ခဲ့သည်။ ဗြိတိန် အပါအဝင် နိုင်ငံ အတော် များများတွင် သုံးနှစ် ဝန်းကျင်ရှိ ကလေးမျာ၏ သွားပြဿနာ မှာကြှီးမား လှသည့်။ ဒိန်ချဉ် ကိုသောက် သုံးခြင်းဖြင့် သွားများ အပေါ်တွင် အလွှာ တစ်ထပ် ဖုံးစေကာ ပိုပြီး ခိုင်မာစေသည်။ သွားနှင့် ပတ်သက်သော သုတေသန ပြုမှုရလဒ်များ သည် ဆက်တိုက် ဆိုသလိုထွက်ပေါ် လာနေပြီး ပြီးခဲ့သည့် အပတ်က လည်း လူကြီးများတွင် သွားကို တစ်နေ့ ၂ ကြိမ် မတိုက် သူများသည် နှလုံးရောဂါဖြစ် နိုင်ခြေ ပိုများ ကြောင်း အင်္ဂလိပ် ဆေးပညာရှင် များက သတိပေးပြီးဖြစ်သည် ။ ယင်း သတိပေးချက်၏ အကြောင်းရင်မှာ ပိုးများ ရှိခြင်းသည် သွေးကြော ပိတ်ဆို့မှု ဖြစ်နိုင်ခြေ ပိုမြင့်မား စေသော ကြောင့်ဟု ယူဆရသည်။ ( Popular News)

2 comments

  • King of Secrets (Bo Min)

    June 28, 2012 at 7:21 pm

    အထူးပင် ဗဟုသုတ ကြွယ်ဝစေပါသည်။ ကျွန်ုပ်စာအုပ်ထဲတွင် မှတ်သားထားပါသည်။ နောက်လည်း ဆေးပညာနှင့် ပတ်သတ်သည်များကို တင်ပေးစေလိုပါသည်။ ကျေးဇူးတင်ပါသည်။

    Reply

  • သားဦး၊မြေးဦး

    June 28, 2012 at 7:37 pm

    အင် းးးးးးဒိန်ချဉ်တစ်ခွက်(၄၀၀)ကျပ်ဆိုတော့ မနည်းဘူး ကုန်မှာဗျာ။
    လျှော့သောက်ပါမည်။

    Reply

Leave a Reply to King of Secrets (Bo Min) Cancel Reply

Your email address will not be published.