လက်တစ်ဖက်လောက်တော့ ပေးပါ..

ko thuApril 21, 20121min010

 

မွန်းကြပ်မှုတွေနဲ့ ငါ

ချောင်တစ်ချောင်မှာ ပိတ်မိနေခဲ့တယ်..။

အဆင်မပြေတာတွေ ကြုံလာတိုင်း

မင်းကို တောင့်တနေမိခဲ့တယ်…။

တစ်ခါတစ်လေဆို ကိုယ့်ကိုယ်ကို ထူမဖို့တောင် အားအင်တွေ မရှိတော့ဘူး..။

ငါ ကောင်းကောင်းမသိတဲ့ စိုးရိမ်စိတ်တွေက ငါ့ဝိဉာဉ်တွေကို ချုပ်နှောင်ထားတယ်..။

ငါ လဲကျခဲ့ရင်တောင်မှ ဖေးမဖို့ လူတစ်ယောက်မှ မရှိခဲ့..။

ဒီအချိန်တွေမှာ အထီးကျန်မှုတွေက ငါ့အနားမှာ..

ငါ့ အနားမှာ ဘာလို့ စာနာတတ်တဲ့သူ တစ်ယောက်တစ်လေတောင် မရှိရတာလဲ..။

တကယ်တော့ ဘာမှမရှိတဲ့ငါ..ဘာမှ မလိုပါဘူး…။

ဒီတော့…ကြင်နာတတ်တဲ့ ချစ်ခြင်းနဲ့ နားလည်မှုတစ်စုံသာ ငါ့ကိုပေးစမ်းပါ…။

ဒါမှမဟုတ်လဲ…လက်တစ်ဖက်သာ ငါ့ကို ပေးစမ်းပါ…။

10 comments

  • manawphyulay

    April 21, 2012 at 6:04 pm

    copy/past ပြင်လိုက်ပါဦးလား… တစ်ချိန်ချိန်တော့ နားလည်မှုနဲ့ ကြိုဆိုတဲ့ လက်တစ်စုံ အနားမှာ ရောက်လာမှာပါ…

    Reply

  • ဗိုက်ကလေး

    April 22, 2012 at 11:04 am

    ခံစားချက်ခြင်း တိုက်ဆိုင်တယ်ဗျာ..
    လက်တစ်ဘက်လောက် ပေးကြပါ

    Reply

    • Moe Z

      April 22, 2012 at 11:19 am

      မပေးနိုင်ပါဘူး ခင်ဗျားက ကျုပ်ကိုပါဆွဲချသွားရင် ဘယ်လိုလုပ်မလဲ ..

      Reply

      • ဗိုက်ကလေး

        April 22, 2012 at 11:27 am

        သဘောရိုးနဲ ့ တောင်းဆိုခြင်း ဖြစ်ပါတယ် ဂျီးဒေါ်ရာ
        ကျနော်သာ လက်တွေများကြီးရှိရင် လိုင်းကားပေါ်မှာ….အလှူပွဲတွေမှာ..ကောင်းမွန်စွာအသုံးချမှာပါ..
        ဟင်းပန်းကန် လိုက်ချပေးတာတို ့.ခရီးသည်တွေ ပြုတ်မကျအောင် ထိန်းပေးထားတာတို ့ဘာတို ့ညာတို ့ပါ ဂျီးဒေါ်ရာ
        ကျနော်က သဘောရိုးပါတယ်..စိတ်ပဲပုတ်တာပါ

        Reply

        • amatmin

          April 22, 2012 at 12:17 pm

          ငါတို့ကတော့ နင်လက်အများကြီးရှိမှာကို ကန့်ကွက်တယ်..
          တော်ကြာ အရက်များ တူတူသောက်မိခဲ့ရင် ..လက်အများကြီးနဲ့..
          အမြည်းအများကြီး နှိုက်စားနေမှာ.. 🙂

          အပေါ်ကစာရေးသူရေ..အားပေးပါတယ်ဗျ
          လက်တွေကမ်းစရာမလိုတဲ့ နားလည်မှုတစုံ အမြန်ဆုံးရပါစေ..လို့

    • မဟာရာဇာ အံစာတုံး

      April 22, 2012 at 3:55 pm

      လက်နှစ်ဖက် ဆိုလို့ ပြောရဦးမယ် ..
      ပေါက်ဖော် လက်တော့ ယူနဲ့နော့ ….
      သူက အီးအီး ဘယ်လောက်ပန်းတယ်ဆိုတာ ကိုနာဂလည်း အသိပဲ မဟုတ်လား …
      😀 😀

      Reply

  • ဗိုက်ကလေး

    April 22, 2012 at 4:42 pm

    များကိုဘဲ ဝို်င်းဖဲ့နေကြဒါဘဲ
    ဘာလေးဒွေမှန်းလဲသိဘူး..သွား..လူဇိုးဒွေ

    Reply

  • water-melon

    April 22, 2012 at 7:14 pm

    ရုပ်ကိုက အဖဲ့ခံရုပ်ဖြစ်နေတာ
    တောင်မ တော်တော်ထ

    စိတ်ကူးနဲ့ထပ်တူကျတဲ့ လက်နှစ်ဖက် အမြန်ဆုံးရနိုင်ပါစေ

    Reply

    • ဗိုက်ကလေး

      April 22, 2012 at 7:22 pm

      အူးလေးကော..
      ဘာလိုသေးလဲ..
      ဘာလိုသေးလဲဆိုတာ..ဟိုလေ.
      လက်အပြင် ဒူးတို ့..ပေါင်တို ့ကော မလိုဘူးလားလို ့ သိချင်လို ့ပါ.

      Reply

Leave a Reply

Your email address will not be published.