အညာခရီးစဉ် (၃) မန်းစက်တော်ရာသွားတောလား

weiweiApril 21, 20125min09

ရွှေစက်တော်ကို ငယ်ငယ်ကလေးဘဝကထဲကနေ အခုအချိန်အထိ ၅ ကြိမ်ထက်မနည်း ရောက်ဖူးခဲ့ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် ပြောင်းလဲမှုကတော့ တဲတန်းတွေ ဆိုင်ခန်းတွေ ဘုရားဖူးတွေ ပိုပိုများလာတာပဲဖြစ်ပါတယ်။ ပိုစည်လာတာနဲ့အမျှ နေထိုင်ရေး၊ စားသောက်ရေးနဲ့ အထူးသဖြင့် အပေါ့အလေးသွားဖို့ အခက်အခဲပိုဖြစ်လာပါတယ်။ အခုတစ်ခေါက်တော့ ရွှေစက်တော်ဘုရားအနီးက ငဖဲမြို့နယ် သီပေါရွာက ကျွန်မမိဘတွေ ကိုးကွယ်ဆည်းကပ်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ညအိပ်တည်းခိုခဲ့ပါတယ်။ ဆရာတော်ဆီအရင်ဝင်ပြီး ထမင်းစားပြီးမှ ဆရာတော်က ရ မိုင်ခရီးကို ဖြတ်လမ်းကနေ လိုက်ပို့ပေးပါတယ်။ အောက်စက်တော်ရာ အထက်စက်တော်ရာဖူးပြီး ခဏတစ်ဖြုတ်ပဲနေပြီး ပြန်ခဲ့ကြတယ်။ လမ်းရောက်မှ သန့်ရှင်းတဲ့ မန်းချောင်းထဲမှာ ရေချိုးဆင်းကြပါတယ်။ ဘုန်းကြီးကျောင်းမှာ ညအိပ်ပြီး မနက်စောစောမှာမှ ပုဂံဘက်ကို ခရီးဆက်ခဲ့ကြပါတယ် …

ရွှေစက်တော်သွား တောလမ်း
ရွာရှုခင်း
ရေသွင်းစိုက်ပျိုးထားတဲ့ လယ်ကွက်တွေ
မန်းချောင်းတစ်နေရာက နွားကျောင်းနေတဲ့ အဘိုးအို
တစ်ရွာဝင် တစ်ရွာထွက်
ဖုန်ထူထူ နေပူပူ
ငြင်သာစွာ စီးဆင်းနေတဲ့ မန်းချောင်းမြင်ကွင်း
အထက်စက်တော်ရာကို လှမ်းမြင်နေရပြီ
ကား ၂ စီးတောင် မလွတ်ချင်တဲ့ လမ်းကျဉ်း
အထက်စက်တော်ရာကို အနီးကပ်မြင်ရပြီ
ကားတွေများလွန်းလို့ အကြာကြီးရပ်စောင့်နေရသေးတယ်
အထက်စက်တော်ရာဘက်ကို သွားတဲ့ တံတားလေးတစ်ခု
ဒီလိုပဲ ရေချိုးနေကြတယ် ..
အထက်စက်တော်ရာအထက်က စေတီလေးတစ်ဆူ
အထက်စက်တော်ရာကနေ မြင်ရတဲ့ မန်းချောင်းနဲ့ အောက်စက်တော်ရာ
အပေါ်ကနေကြည့်ရင် ဘယ်ဘက်အခြမ်းမြင်ကွင်း
ဒါက ညာဘက်အခြမ်းမြင်ကွင်း
ဒါလဲ ညာဘက်အခြမ်းမြင်ကွင်းပါပဲ

ဓါတ်ပုံတွေက ကားပေါ်ကနေ ရိုက်ထားတာများပါတယ်။ ကားမှန်ခံနေလို့ သိပ်မကြည်ဘူးဖြစ်နေပါတယ်။ ဘုရားပွဲဈေးတန်းမှာ ဩ့င်္ကန်ရေ လိုက်ပက်နေတာနဲ့ လမ်းမလျှောက်ဖြစ်ခဲ့ဘူး။ အနီးကပ်ဓါတ်ပုံတွေ မရိုက်နိုင်ခဲ့ပါဘူး။ အောက်စက်တော်ရာ အထက်စက်တော်ရာ အနီးကပ်ဓါတ်ပုံများကိုလဲ လူမတိုးနိုင်တာနဲ့ သေချာမရိုက်ခဲ့ရဘူး။ ရိုက်ထားသမျှထဲက အဆင်ပြေမယ့်ပုံလေးတွေ ရွေးတင်ပေးလိုက်ပါတယ် ….

9 comments

  • weiwei

    April 21, 2012 at 5:44 pm

    အကြတ်နေ့မို့ ကားပေါ်ကဆင်းတာနဲ့ ရေပက်ကြတာမို့ ဘယ်မှသေချာမသွားနိုင်ခဲ့ဘူး … ရာသီဥတုကလဲ အရမ်းပူ၊ လူတွေလဲ အရမ်းများတာမို့ စိတ်ကြည်လင်မှုလဲ မရခဲ့ပါဘူး … ဖြစ်နိုင်ရင် သင်္ကြန်ရက်ကိုရှောင်ပြီး သွားတာ ကောင်းပါတယ်။

    Reply

  • တညင်သား

    April 21, 2012 at 5:56 pm

    မန်းချောင်းထဲ ည ဘက်လက်နိပ်ဓါတ်မီးတွေ နဲ့ ရတနာ ပစ္စည်းရှာသူတွေ ကို မြင်ရောင်မိတယ်..
    ရေဆင်းချိုးကြရင်းနဲ့ ဆွဲကြိုးတွေ လက်စွပ်တွေ ပြုတ်ကျတက်ပါတယ် မသွားဘူး သူတွေ သတိထားဖို့ပါ…
    မမဝေ နားကပ် ပြန်ကြည့်ပါအုံး စိန် တပွင့် ပြုတ်သွားလားလို့….:)

    Reply

  • ကျနော်သင်္ကြန်ဆိုခရီးမထွက်တာကြာပြီ.။
    ကိုယ်က အငှားကားနဲ့သွားရသူဆိုတော့အဆင်မပြေဘူးလေ။

    Reply

  • 2003တုံးက မင်းဘူးထိရောက်တယ် ဒါပေမယ့် မိုးတွင်းကြီးဖြစ်နေတော့ ရွှေစက်တော်ကိုမရောက်ခဲ့ရဘူးဗျာ။
    ထပ်သွားချင်တယ်။

    Reply

  • ရွှေအိမ်စည်

    April 21, 2012 at 7:45 pm

    တင်ပြပုံတွေ နဲ ့ဓါတ်ပုံတွေ က..အညာရဲ ့သရုပ်ပီပြင်လို ့..ကိုယ်တိုင်သွားရသလိုမြင်တွေ ့မိပါတယ်…
    အမှတ်ယ စရာလေးတွေသတိယရင်း….ကျေးဇူးတင်ပါတယ်

    Reply

  • မမဝေဝေ သွားတဲ့ လမ်းက ငဖဲ ဖက်ကနေသွားတဲ့ လမ်းပေါ့။ပုံမှန်တိုင်းဆို မင်းဘူးကနေဆိုရင် လေးပင်ရွာ အဲကနေမှ
    (၃)မိုင်လမ်း ဒါမှမဟုတ်(၈)မိုင်လမ်းကြိုက်ရာသွားပေါ့။ဒီလမ်းက နေမရောက်ဖူးပါဘူး။ကျေးဇူးပါ မမဝေဝေ။ကျနော့်
    ပုံလေးတွေတင်ပေးပါအုံးမယ်။

    Reply

  • ဆူး

    April 22, 2012 at 10:13 am

    တွေ့တွေ့ပြီ.. ကိုရှုံး ခေါ် ကိုစိုင်းလူ.. အကျင်္ ီ အနီလေးကို ချွတ်ပြီးတော့ နွားကျောင်းနေတယ်။
    မဝေ သွားမယ် ဆိုတာ သတင်းကြားလို့ ဓါတ်ပုံရိုက်ခံဖို့ သူက အရင် သွားပြီး စောင့်နေတာနဲ့ တူတယ်။ ဟိဟိ

    Reply

  • ahnyartamar

    April 22, 2012 at 2:53 pm

    အင်း……ကျွန်တော်လည်း မရောက်ဖြစ်တာကြာတော့ မဝေ တင်ထားတဲ့ ပုံတွေကြည့်ပြီး အညာကိုတောင် လွမ်းလာပြီ။ ကျေးဇူးပါ။

    Reply

  • Onyx

    April 22, 2012 at 6:31 pm

    အဲကိုမရောက်ဘူးလို့ weiwei တင်ပေးထားတဲ့ ပုံတွေကိုကြည့်ရင်နဲ့ပဲ မန်းချောင်းထဲမှာ ရေဆင်းချိုးသွားပါကြောင်း။

    Reply

Leave a Reply to Onyx Cancel Reply

Your email address will not be published.