မန ္တလေးရောက် အမေရိကန် ဂျက်ဇ်ဂီတ သံတမန်နှစ်ဦးနှင့် တွေ့ဆုံခြင်း

DaveJanuary 22, 20101min01

အမေရိကန်ဂျက်ဇ်ဂီတ သံတမန်နှစ်ဦးဖြစ်သည့် ဂျက်ဇ်ဂီတာပညာရှင် ဖရက်ဒီဘရိုင်ယန့်နှင့် ပါကပ်ရှင်း ပညာရှင် ဂျီးလတ်တို့သည် မန ္တလေးမြို့ ၊ဂျက်ဖာဆင်စာကြည့်တိုက်ဝင်းအတွင်း ဇန်နဝါရီ၁၅ ရက်နေ့ ညနေ ၆နာရီက ဒေသခံ ပရိသတ်ကို ဂျက်ဇ်တေးသံသာများဖြင့် တီးခတ်ဖျော်ဖြေခဲ့သည်။မြန်မာ့ရိုးရာ သားရေ ပါကပ်ရှင်းတူရိယာတစ်မျိုးဖြစ်သော ဗုံများဖြင့်လည်းတွဲဖက်တီးခတ်ခဲ့သဖြင့် မြန်မာဂီတပရိသတ်များက အံ့ဩ ဝမ်းမြောက်စွာဖြင့် တစ်ခဲနက် ပျော်ရွှင်စွာ အားပေးကြသည်။ယင်းဖျော်ဖြေပွဲသို့ ပရိသတ် ၅၀ဝဦး ထက်မနည်းကြွရောက် အားပေးခဲ့ကြသည်။ဖျော်ဖြေပွဲအပြီးတွင် သူတို့နှစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့ရာ-

ဂျီးလတ်အနေနဲ့ ပါကပ်ရှင်းတူရိယာ ဘယ်နှစ်မျိုးလောက် တီးခတ်နိုင်ပါသလဲ။

တော်တော်များများတီးခတ်နိုင်ပါတယ်။

ပါကပ်ရှင်းတီးတဲ့အခါ ဘယ်လိုခံစားရပါသလဲ။

အရမ်းပျော်ပါတယ်။

ဒီပညာရပ်ကို ဘယ်မှာသင်ယူခဲ့ပါသလဲ။

တွေ့တဲ့ကြုံတဲ့ နေရာတိုင်းမှာ သင်ယူခဲ့တာပါ။

မြန်မာဝါးပါကပ်ရှင်းတူရိယာတွေကို တီးဖူးပါသလား။လမ်းဘေးက ကလေးတွေ တောင်းရမ်းတဲ့အခါတီး ကြတဲ့ ဝါးတူရိယာက စိတ်ဝင်စားစရာကောင်းမယ်ထင်ပါတယ်။

မတွေ့ ဖူးသေးပါဘူး။အရမ်းစိတ်ဝင်စားပါတယ်။တီးကြည့်ချင်ပါတယ်။

မန ္တလေးမှာအခုလို လာရောက်ဖျော်ဖြေတဲ့အတွေ့အကြုံကို ဘယ်လိုခံစားမိပါသလဲ။

ပရိသတ်က အရမ်းတက်ကြွတော့ ပျော်ရွှင်မိပါတယ်။နောင်လည်း လာခွင့်ရချင်ပါသေးတယ်။

ဂျီးလတ်ရော ဖရက်ဒီရော နှစ်ဦးစလုံးအနေနဲ့ ဂီတဖန်တီးတဲ့အခါမှာ ရုတ်ခြည်းထွက်ပေါ်လာတဲ့ခံစားမှု ပေါက်ကွဲခြင်းအပေါ်မှာ ဘယ်လို သဘောထားပါသလဲ။

(ဂျီးလတ်) ဒါက ပြောရခက်တဲ့ ကိစ္စဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ ဂီတက အမျိုးမျိုးရှိနေလို့ပါ။

(ဖရက်ဒီ)ဂျီးလတ်ပြောတာဟုတ်ပါတယ်။ဥပမာ ဂန ္တဝင်ဂီတတွေ တီးခတ်ကြတယ်ဆိုပါစို့။ရှေးအစဉ်အလာ အတိုင်းကျွန်တော်တို့ တီးခတ်ကြရတယ်။တချို့ဂီတတွေမှာလည်း သူ့အကန့်အသတ်၊သူစည်းဘောင် အတွင်းက တီးခတ်ကြရပါတယ်။အဲဒီတော့ ရုတ်တရက်ခံစားမှုဖောက်ခွဲဖို့ မဖြစ်နိုင်ပါဘူး။

(ဂျီးလတ်)ဟုတ်တယ်။ရော့ခ်ဂီတတို့ဘာတို့မှာတောင်မှ အကန့်အသတ်ထဲမှာ လုပ်ပြကြရတာတွေရှိပါတယ်။ ပရိသတ်၊အခြေအနေအချိန်အခါတွေ ပေါ်မှာမူတည်ပြီး ဂီတကို ဖန်တီးပြုလုပ်ကြရတာဆိုတော့ လုပ်ပြချင် တိုင်း လုပ်ပြလို့မရဘူးပေါ့။

(ဖရက်ဒီ)ဂီတလုပ်ကြပြီဆိုတဲ့နေရာမှာ ဒါဟာအရေးကြီးတဲ့အရာတော့ ဟုတ်ပါတယ်။သူ့နေရာနဲ့သူ သုံးကြရ တာ ဖြစ်ပါတယ်။

(ဂျီးလတ်)ဘာပဲဖြစ်ဖြစ် ဂျက်ဇ်ဂီတမှာတော့ ဒါဟာ မပါရင်မဖြစ်ပါဘူး။

(ဖရက်ဒီ)ဟုတ်တယ်ဗျ။ဂျက်ဇ်က တူရိယာတွေ၊သံစဉ်တွေကို ရောနှောရတာမျိုးပါ။ပွင့်ထွက်လာတဲ့ခံစားမှု အပေါ်မှာမူတည်ပြီးတော့ ပေါ်ပေါက်လာတဲ့ ဂီတလည်း ရောနှောမှ ဖြစ်မှာပါ။

စသည်ဖြင့် ရင်းရင်းနှီးနှီး ပြောဆိုဖြစ်ခဲ့ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။

One comment

  • susunosuki

    April 17, 2010 at 2:13 pm

    ပညာရှင်တွေလာတာကြိုဆိုပါတယ်
    ကျွန်တော်နဲ့ မဆုံလိုက်ရတာနာတယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.