မြန်မာပြည်မှာ ပထမဆုံးကားသချုင်္ ိင်း

manawphyulayApril 19, 20122min021

နေဝင်ချိန်ကို ရထားပေါ်က ရိုက်ထားတာ

ရထားစီးရင်း ဒညင်းကုန်းဘူတာလွန်တော့ ကားတွေ ပုံထားတာ အံ့ဩဖွယ်ရာ တွေ့မြင်ရလို့ ရိုက်ခဲ့တာပါ။ ကားဟောင်းတွေ နံပါတ်နဲ့လဲပေးတာလား။ ဒီမှာ ဒီလိုပုံထားတာ တစ်ခါမှ မမြင်ဖူးဘူး ခုမှမြင်ဖူးတာ။ ဘယ်နေရာတွေမှာ အဲလို ကားတွေ တောင်ပုံရာပုံ လုပ်ထားသေးလဲတော့မသိဘူး။

ကားတွေ ပစ်ထားပုံကတော့ အံ့မခန်းပါပဲ။
ဒီမှာတော့ တောင်လိုပုံနေတယ် ကိုယ့်မှာတော့ တစ်စီးတလေတောင်မရှိဘူး။

ဒါနဲ့ ကားတွေသယ်ချနေတာပါ။

21 comments

  • စော်ဘွားလေး မောင်မာန်ခ

    April 19, 2012 at 2:14 pm

    ကားလေးတွေနှမြောစရာကြီး…..ကောင်းတဲ့အပိုင်းတွေရှိနေသေးတာကိုနော့်လေ….
    နိုင်ခြံဂါးကလူတွေကပြင်တာမတတ်လို့အသစ်လုပ်ရတာ..မြန်မာနိုင်ငံကိုပညာသင်လွှတ်လိုက်လို့ပြောပါဦး..
    ဒုတ်ထောက်ပြီးမောင်းလို့ရတာမသိကြဘူးထင်တယ်..ဂီယာမပြုတ်အောင်…..

    Reply

  • သမိန်ဂီ့

    April 19, 2012 at 2:29 pm

    အဲ့ ဒါတွေ အရည်ကျို မယ် ရှို ….
    ကျိုပီး ရင် ဘာလုပ်မဲ သိချင်သား…
    Recycling မတတ်တော့လဲ …အင်း …အမျှအမျှ အမျှ…
    🙁

    စကားမစပ်
    ဆြာမင်းလူ ရေးတဲ့ စာ ကိုးကားပြီး ပြောရရင် ဘာတဲ့ ..
    အိမ်က ချစ်ချစ်ကြီးတွေ အေကေဘီ နဲ့ လဲ ပေးမယ်ဆို…
    ရွာထဲက ဘယ်သူတွေ တန်းစီ ကြမလဲ မသိ….အာဟိ..
    ပီး ..ချစ်ချစ် အဟောင်းဂျီးဒွေ ဒါမိုး ပုံထားမှာ မြင်ယောင်သေးတော့….

    😀
    အာဟိ ဒက်ဂလောက်..

    Reply

  • ဆူး

    April 19, 2012 at 2:36 pm

    သံတွေ ထွက်လာရင် တံတားဆောက်မယ် အဟိ..

    Reply

  • ဗိုက်ကလေး

    April 19, 2012 at 2:44 pm

    ဒီလိုမှန်းသိ သင်္ကြန်လည်ရအောင် တစ်စီးလောက် သွားခိုးပါတယ်ဗျာ..
    ဒေါ်ပျိုဂျီးကလဲ ပြောပြောတော့ မစောဘူး..
    စကားမစပ်..
    အဲသလိုပုံပြီးသကာလ ဘာဆက်လုပ်ကြမှာလဲဟင် 🙄

    Reply

    • manawphyulay

      April 19, 2012 at 2:51 pm

      ဘာဆက်လုပ်မလဲဆိုတာ သိချင်သား… လောလောဆယ် မရှိတဲ့သူတွေ တစ်စီးစီပေးရင်တော့ အကောင်းသားနော်…

      Reply

      • စော်ဘွားလေး မောင်မာန်ခ

        April 19, 2012 at 3:02 pm

        ဟုတ်ပါ့ဟုတ်ပါ့….မခနောဆန်ပြုတ်ရေ…..အဲလေယောင်လို့…အန်တီမနောဖြူလေးရေ…

        Reply

  • ster

    April 19, 2012 at 2:48 pm

    ကျန်သေးတယ်။ မှာထားတဲ.ကားရောက်နေပြီး ကားဟောင်းကို မအပ်သေးပဲ ဆက်စီးနေတာတွေ နဲ. မရောက်သေးတဲ.အက္ခရာတွေ လာအုံးမယ်။

    Reply

  • ရောင်ခြည်ခ

    April 19, 2012 at 3:20 pm

    အဲ့လိုရှိမယ်လို့ မထင်ခဲ့ဘူး၊ အခုလိုတွေ့ရတော့ အဲ့ဒီကားတွေကို ဘာပြန်လုပ်မလဲဆိုတာ သိချင်လိုက်တာ..

    Reply

  • နေဝန်းနီ

    April 19, 2012 at 3:56 pm

    အန်တီရေ… တား တစ်စီးလောက်ယူဆော့လို့ မရဝူးလားဟင်…။

    Reply

    • ဗိုက်ကလေး

      April 19, 2012 at 4:04 pm

      နှုတ်ခမ်းမွေးရှည်တဲ့လူတွေ ဆော့လို ့မရဘူးတဲ့ဂျ 😆

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 19, 2012 at 6:53 pm

    ကျုပ်ကတော့ ခပ်ပေါပေါဘဲတွေးမယ်
    ကြည့်ရတာ အသစ်တွေနဲ့အဟောင်းတွေလဲမယ်ကွာ
    ရော့အဟောင်း ပေးအသစ်ဆိုပြီးဖြစ်ကတတ်ဆန်းလုပ်ထားတယ်လို့မြင်တယ်ဗျ
    ကျုပ်တို့တိုင်းပြည်အခြေနေလောက်နဲ့ ကားတွေကို ( အဟောင်းဖြစ်သည့်တိုင် )
    ဒီလို အမှိုက်တွေလို ပုံထားတာကတော့ လုံးဝပုံစံမကျဘူးလို့ ထင်တာဘဲ ( အထင် )
    ဒီကားတွေကို တစ်ချိန်တုန်းက ဘော်ဒီထုမယ် ပလာစတာကပ်မယ် ဘာမယ်ဆိုရင်
    ဘယ်လိုကုန်ကျကြတာခင်ဗျားတို့ အသိဆုံးဖြစ်မှာ
    ကျုပ်ကတော့ တစ်ခါမှ မတစ်ခါ ကားမပိုင်ဖူးဘူး 😀
    ပြောလို့သာပြောတာ တစ်ချို့ကားများဆို ဘုရားစူးမိုးကြိုးပြစ် မော်တော်ကားလို့ခေါ်တယ်ဆိုတာကတော့
    တစ်မျိုးပေါ့ဗျာ
    ကားတွေ မော်ဒယ်မတူလို့ စပါယ်ယာပါ့စ်တွေ အသုံးဝင်ပုံခြင်းမတူတာလည်းဟုတ်ပါတယ်
    ဘာဘဲဖြစ်ဖြစ် ပေါ့ဗျာ
    ကားလေးတွေဘာတွေကိုဖြုတ်ပြီး ဓားတို့ ဘာတို့ ပြည်တွင်းပန်းဘဲလုပ်ငန်းတွေတွက်
    ရွေးထုတ်လို့ရနိုင်ပါသေးတယ်
    ကြည့်လည်းလုပ်ကြပေါ့ဗျာ
    ဖဲသမားတစ်ယောက်ဖဲနိုင်တဲ့အခါ ဖိနပ်အသစ်တစ်ရံဝယ်သတဲ့
    အသစ်ရတော့ အဟောင်းကို ပြစ်လိုက်ပါလေရော
    တစ်နေ့မသာအိမ်မှာ ဖဲတက်ရိုက်တာ ဖဲကလည်းရှုံ
    ပြန်ဆင်းလာတော့ အသစ်ဖနပ်လေးမရှိရှာတော့ပါလေသတည်း
    ဒီ မိုးမလုံလေမလုံ ကားစုတ်ပုံထည်းက ကားတွေ ပစ္စည်းဟောင်းရောင်းဝယ်သူတွေကို
    လေလံပေး မယ် လိုအပ်တဲ့ အသုံးပြုလို့ရနိုင်တဲ့
    နတ်ခေါင်းလေး ဗြဟ္မာခေါင်းလေး ဝါရှာလေး ပလာစတာလေးတွေ ဖြုတ်ထုတ်လို့ပြီးမှ
    အရည်ကြိုပြီးချက်ပြုတ်စားသောက်ကြပေါ့ဟုတ်ဘူးလား
    ဘာရယ်ဟုတ်ပါဘူး ဒီလောက်ဘဲမှီတယ်

    Reply

  • etone

    April 19, 2012 at 7:24 pm

    အစ်မ မနောရေ …တက္ကသိုလ်တက်တုန်းက ဖြတ်သွားနေကြ ကားသချိုင်းဆိုတာ မတွေ့ခဲ့ဖူးဘူး … အခုလိုကား ဟောင်းတွေပြန်သိမ်းပြီးမှ တွေ့တာဖြစ်မယ် … ။ မြင်ရတာ နှမျောထှာ .. ဟီး…။

    မမြင်ဖူးတဲ့ ဓါတ်ပုံလေးတွေအတွက်ကျေးဇူးပါ အစ်မ မနောရေ … ။

    နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေနော် …. 🙂

    Reply

  • zaw min

    April 19, 2012 at 9:17 pm

    ကားဟောင်းတွေ တောင်လိုပုံ၊ အထက်ကားတွေ ပလုံပလုံ၊
    လမ်းတွေကတော့ ဂလုံဂလုံ။
    မနောလိုချင်ရင် တစီးပို့ပေးမယ်လေ၊ လွှ လည်းပို့ပေးမယ်။လိပ်စာသာပေးလိုက်ပါ။

    Reply

    • manawphyulay

      April 20, 2012 at 12:56 pm

      ဂယ်ကျောတာလား… ဘီးတွေကြီးပဲတော့ လာမပို့နဲ့နော် ဒါပဲ ဟွန်း

      Reply

      • water-melon

        April 20, 2012 at 8:45 pm

        တကယ်ပြောတာ မနော်
        ကားလာပို့မယ်
        ကိုကျော်သူကိုယ်တိုင် လာမှာနော် 😀

        Reply

  • mocho

    April 20, 2012 at 3:34 pm

    ဒီ လို မျိုး ကားတွေအပုံလိုုက်ကြီး နဲ ဘီယာဘူးခွံ လိုက် ကောက်နေတဲ့ သက်ကြီး ရွယ်အို တွေနဲ့ ကလေးလေး တွေ ကို ယှဉ်ကြည့် မိပြီး ဘယ်လို ပြောရမှန်းတောင်မသိတာ့ ဘူး။

    Reply

  • အင်း. အိုဟောင်းယဉ်များနေရာ တွင်သူများနိုင်ငံများမှ စွန် ့ပစ်၊reject ကားများ ဝင်လာအုံးမှာပေါ့။
    ထို နည်းတိုင်း အဆိုးကိုဈေးကောင်းပေးစီးနေကြရလေအုံး လတ္တံ။ဟီးးးးးး အဆဲခံရနိုင်သည်။

    Reply

  • Gipsy

    April 20, 2012 at 8:50 pm

    စီးလို့ သင့်သေးတဲ့ ကားတွေလဲ ပါနေမယ်ဆိုတော့ သူများတွေ အစား
    နှမြော မိသလို ဖြစ်မိတယ်…
    ကိုယ့်နို်င်ငံမှာ ဒီလို ကားတွေ အစုလိုက်အပုံလိုက်မြင်ကွင်းမျိုး ဖြစ်လာလိမ့်မယ်
    မတွေးမိဘူးဗျာ…
    အော် သင်္ခါရသဘော.. မမြဲပါလား ….။

    Reply

  • မနောခင်ဗျား… ယခုမြင်နေရတဲ့ပုံ တည်ရှိရာနေရာကတော့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ ရွာမ အမှတ်(၃) သံမဏိစက်ရုံ တည်ရှိရာနေရာဖြစ်ကြောင်းကို လုံးဝ ငြင်းစရာမလိုအောင် မှန်ကန်ကြောင်း ဦးစွာပထမ ပြောပါရစေ။ ရွာမသံမဏိစက်ရုံဟာဆိုရင်ဖြင့် အင်္ဂလိပ်လိုဆို (steel) စက်ရုံလို့ ပြောရမှာပေါ့။ သို့သော်လည်းပဲ မီးပေါင်ပြည့်အောင် လျှပ်စစ်မီး လုံလောက်စွာ မရရှိနိုင်ခြင်း၊ ကျွမ်းကျင် ပညာရှင်များကို ထိုက်သင့်သော လစာပေးပြီး မခန့်အပ်ထားနိုင်ခြင်းတို့ကြောင့် ကျောင်းဆင်းကာစ အင်ဂျင်နီယာပေါက်စလေးများကိုသာ အများစုခန့်အပ်ထားနိုင်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများကိုသာ ထုတ်လုပ်နေသော စက်ရုံဖြစ်ပါတယ်။

    ယခင်ကတော့ ပြင်ပမှ သံတို၊သံစ အရောင်းအဝယ်လုပ်သော ကုန်သည်များထံမှ ကုဗတုံးများကိုသာ ဝယ်သုံးနေခဲ့ရပြီး သိရှိသည့်အတိုင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ပုလင်းခွံသာ အမြောက်အမြား ဝယ်ယူစုဆောင်းနိုင်သော်လည်း သံတိုသံစမှာ ရှားပါးလွန်းလှပေသည်။ ထို့အတွက်ကြောင့် ယခုလို ကားဟောင်းများ အပ်နှံခိုင်းသည့်အခါ ကက(ထောက်) အတွက် ရွှေပုံကြီး တွေ့လေသည့်အလားပင်။ ဘာပဲပြောပြော လိုအပ်သည့် ကုန်ကြမ်းများကို အလကားရပေပြီမလား။ ထို့ကြောင့်ပင် ကားဟောင်းများ အပ်နှံရန်နေရာကို ရွာမသံမဏိစက်ရုံသို့ ရွေးချယ်လိုက်ခြင်းဖြစ်သည်။

    သူများနိုင်ငံများတွင်မတော့ ကားဟောင်းများကို တစ်စစီဖြစ်အောင် ကြိတ်ခွဲခြင်းဖြင့်လည်းကောင်း၊ ပုံစံခွက်များတွင် ဖိနှိပ်ထည့်ကာ ကုဗတုံးများဖြစ်အောင် ပြုလုပ်ခြင်းဖြင့်လည်းကောင်း Recycle လုပ်ကြသကဲ့သို့ ထိုကားများသည်လည်း များမကြာမီကာလမှာပင် မြန်မာပြည်သူများ နေထိုင်ရာ အိမ်များ၏ ကွန်ကရစ်များကြားတွင် သံချောင်းများအနေဖြင့် တည်ရှိနေမည် ဖြစ်ပါကြောင်း………။

    (သိလိုသည်ဆိုသဖြင့် အထွန့်တက်လိုက်ရခြင်းသာ ဖြစ်ပါသည်။)

    Reply

  • snow white

    April 24, 2012 at 4:08 pm

    တကယ်ကိုမိုက်တယ်နော်အမပြောသလို ဘဲကိုယ်တွေမှာတောင်တစီးမှမရှိဘူး ပစ်ထားတာတော့ အများကြီးဘဲ မြန်မာနို်င်ငံမှာအဲ့လို ကားတွေပစ်တယ်လို့ မသိဘူး နိုင်ငံခြားကားတွေမှာတော့

    Reply

  • နေဝန်းနီ

    April 24, 2012 at 9:47 pm

    အဲသဟာပြောတာပေါ့ ……….။ သူခိုး ..ဘာကောင်းမှန်းမသိဆိုလား တစ်ခု အလကား ရဖူးတော့ အားလုံးကိုလိုက်အလကားလိုချင်နေတာ

    Reply

Leave a Reply to mocho Cancel Reply

Your email address will not be published.