ယနေ့မြန်မာပြည်ဆုတ်ယုတ်ပျက်စီးရခြင်း၏လက်သည်တရားခံ…

winterkoeApril 18, 20123min070
CPI 2011 Map
ကျောင်းနေရမည့်အရွယ်တွင်ဖွဲပြာကျုံးရောင်းပြီးဝမ်းစာရှာနေရသောမြန်မာကလေးငယ်တဦး

မလေးရှားက Lim Kok Wing University ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်အဆင့်အတန်းသတ်မှတ်ချက်က မျှော်လင့်ထားတာထက် နိမ့်ကျနေပြီး အဲဒီအချိန်မှာအိမ်နီးချင်း စင်္ကာပူကျောင်းသားတွေကအရမ်းမြင့်နေပါတယ်။ အဲဒီတော့ အဲဒီအဆင့်အတန်းသတ်မှတ်ချက်နိမ့်ကျနေမှုနဲ့ပတ်သက်ပြီး Lim Kok Wing University က Founder ဖြစ်တဲ့ Lim Kok Wing ကစကားတခွန်းပြောပါတယ်။ Digits (ကိန်းဂဏန်း) တွေက ဘယ်တော့မှမလိမ်ကြပါဘူး…ဆိုပြီး သူ့တက္ကသိုလ်မှာအားနည်းချက်တွေရှိနေပါတယ်လို့ ဝန်ခံပါတယ်။

အာဆီယံနိုင်ငံများအတွင်း GDP per capita အနည်းဆုံးဖြစ်နေသောမြန်မာနိုင်ငံ

မြန်မာနိုင်ငံကလဲ ကောင်းတဲ့စစ်တမ်းတွေအားလုံးမှာအောက်ဆုံးရောက်၊ မကောင်းတဲ့စစ်တမ်းတွေအားလုံးမှာ ထိပ်ပိုင်းမှာဂျောင်းဂျောင်းပြေးနေပါတယ်။ အဲဒါတွေရဲ့မမြင်ရတဲ့ ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။

သက်ကြီးစောင့်ရှောက်မှုစနစ်မရှိ၍ အလူမီနီယမ်ဘူးခွံများကောက်၍ပင်ပန်းဆင်းရဲစွာအသက်မွေးနေရသောမြန်မာအဘွားအိုတဦး

အဲဒါနိုင်ငံရေးအတွက် အသုံးချသွားတော့ ကိန်းဂဏန်းတွေနဲ့မရင်းနှီးကြတဲ့ မြန်မာတွေအများစုက အဲဒီမကောင်းမှုကြီးကို Reform and Upgrade လုပ်ရမယ့်အစား Preserve လုပ်ဖို့ကြိုးစားနေကြရင်း မြန်မာနိုင်ငံကိုမွဲသထက်မွဲ၊ ဂုဏ်သိက္ခာမဲ့သထက်မဲ့အောင် လုပ်နေမိကြပါတယ်။

ဥပဒေမဲ့ကြီးနိုင်ငယ်ညှဉ်းစနစ်နှင့်အကျင့်ပျက်ခြစားမှုတွင်ကမာ္ဘတဝှမ်း၌ဒုတိယအဆိုးဆုံးနေရာအားပုံမှန်သိမ်းပိုက်ထားလေ့ရှိသောမြန်မာ့ယဉ်ကျေးမှု

နိုင်ငံပေါင်း (၁၈၇) နိုင်ငံကိုသုတေသနစစ်တမ်းပြုထားတဲ့ HDI Index 2011 မှာလဲထုံးစံအတိုင်း အာဆီယံ (၁၀) နိုင်ငံမှာ အောက်ဆုံးမှာပါပဲ။ လူသားဖွံ့ဖြိုးမှုအဆင့်အတန်း HDI Index မှာဆိုရင်လဲ အဆင့် (၁၄၉) နဲ့ အာဆီယံထဲက နိုင်ငံငယ်လေးတွေဖြစ်တဲ့လာအိုနဲ့ ပြည့်တန်ဆာပေါလှပါတယ်   မြန်မာတွေကအထင်သေးတဲ့ကမော္ဘဒီးယားတို့အောက်မှာရှိနေပြန်ပါတယ်။  ကောင်းတာတွေဆိုရင် အာဆီယံ (၁၀) နိုင်ငံမှာလည်း ဘိတ်ပါပဲ၊ မကောင်းတာတွေဆိုရင်တော့ ထိပ်ပေါ့။

 

အာဆီယံနိုင်ငံများ၏လူသားဖွံ့ဖြိုးမှုဆိုင်ရာအညွှန်းကိန်းတွင်အောက်ဆုံးနေရာအားဗိုလ်စွဲသည့်အစဉ်အလာအားထိန်းသိမ်းထားသောမြန်မာနိုင်ငံ

ကောင်းတဲ့နေရာတွေမှာဘိတ်ဖြစ်ပြီး မကောင်းတဲ့နေရာတွေမှာထိပ်ဖြစ်နေတယ်ဆိုတာ အတွေးမှား၊ အယူမှားနေလို့ပါ။ အဲဒီအခါကျတော့ နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ ဟိုးအောက်ဆုံးကိုရောက်သွားပါတယ်။ အဲဒီမကောင်းမှုကြီးကိုဖက်တွယ်နေမိရင်တော့ လူတွေဒုက္ခပင်လယ်ဝေနေကြပြီး ထွက်ပြေးနေကြတဲ့ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ မအောင်မြင်မှုတွေနဲ့အလားတူရလာဒ်တွေကို အရင်နဲ့လက်ရှိအတိုင်း အနာဂတ်မှာလဲ အလားတူခံစားနေကြရဦးမှာပါ။

နိုင်ငံခြားတိုင်းပြည်များတွင် စက်ဖြင့်လုပ်ကြသောအလုပ်များကို ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ကြရသည့်မြန်မာအမျိုးသမီးများ

တရားဥပဒေကိုလျစ်လျူရှု၊ ကြီးနိုင်ငယ်ညှဉ်းနဲ့အကျင့်ပျက်ခြစား၊ ခိုင်မာတဲ့လူမှုဖူလုံရေးစနစ်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ သက်ကြီးစောင့်ရှောက်မှုစနစ်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက်အဆင့်အတန်းရှိတဲ့ပညာရေးစနစ်တွေမရှိပဲ (အဓိကကျတဲ့ကိစ္စတွေအစား ဘယ်သူကဘာဝတ်လို့၊ ဘယ်လိုနေလို့ ဘယ်သူကဘယ်လိုအရက်သောက်လို့၊ ဘယ်သူကဘယ်သူနဲ့တွဲလို့အပျိုမစစ်လို့၊ ကိုယ့်သားသမီး၊ ညီမအစ်မလိုသဘောမထားလို့ စတဲ့ သူတပါးကိုယ်ရေးကိုယ်တာကို ကျူးကျော်စော်ကားပြီး လူအချင်းချင်းလေးစားမှုကင်းမဲ့တဲ့) မရောင်ရာဆီလူးတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုကနေ  နိုင်ငံတကာအောက်ခြေအလုပ်သမားတွေ၊ ဒုက္ခသည်တွေ၊ မိန်းမ/ယောက်ျားဖာတွေ၊ ပေါ်တာတွေ၊ အဓမ္မလုပ်အားပေးတွေ၊ မုဆိုးမတွေ၊ ကလေးစစ်သား၊လုပ်သားတွေ၊ မိဘမဲ့ကလေးတွေ၊ မိဘကနိုင်ငံခြားမှာကျွန်၊ ဖာ၊ ဒုက္ခသည် သွားခံရလို့ မိဘနဲ့အတူမနေရတဲ့ကလေးတွေ…စသဖြင့်မြောက်မြားစွာသော မကောင်းတဲ့ရလာဒ်တွေကို တောက်လျှောက်မွေးထုတ်ပေးနေခဲ့ပါတယ်။

တရားဥပဒေကင်းမဲ့သည့်မြန်မာနိုင်ငံနှင့် ကြီးနိုင်ငယ်ညှဉ်းမြန်မာ့ရိုးရာယဉ်ကျေးမှုတို့၏သားကောင်ဖြစ်ရသော ကျောင်းနေရွယ် အသက် (၁၅) နှစ်ခန့်သာရှိသေးသည့် ကလေးအိမ်ဖေါ်လေးတဦး

မြန်မာပြည်ကအခြေအနေနဲ့ အာဖရိကက နာမည်ဆိုးနဲ့ကျော်ကြားတဲ့နိုင်ငံတချို့နဲ့ တထပ်တည်းကျတဲ့ကဏ္ဍတွေအများကြီးရှိနေပါတယ်။ မြန်မာပြည်ကိုဘက်စုံချွတ်ခြုံကျစေခဲ့တဲ့ စနစ်ကိုတည်ဆောက်ပေးခဲ့တဲ့လူတွေကို မြန်မာတွေထိန်းသိမ်းချင်ကြပါတယ်ဆိုတဲ့   မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာတွေက မွေးဖွားပေးခဲ့တာပါဆိုရင် ယုံရခက်ကြီးပေါ့…ဘာတွေလာပြောနေတာလဲလို့ ထင်စရာပါ။

ထိုင်းနိုင်ငံတွင်ထိုင်းနိုင်ငံသားများမလုပ်ချင်သောအလုပ်ကြမ်းများကိုလုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံတွင်းသို့ခိုးဝင်ရန်ကြိုးစားရာမှအဖမ်းခံရသောမြန်မာများ

ဒါပေမယ့် ဟုတ်နေပါတယ်။ လက်ခံနိုင်လက်မခံနိုင်ဆိုတာတွေကတော့ တဦးချင်းစီရဲ့ အတွေးအခေါ်၊ အသိညဏ်အဆင့်အတန်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာတွေပေါ်မှာမူတည်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရအရ အားလုံးမှာလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။

အိမ်နီးချင်းနိုင်ငံများတွင်အိုဗာစတေးမှုဖြင့်ယခုကဲ့သို့အဖမ်းဆီးခံနေကြရသော မြန်မာများအများအပြားရှိသော်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းရန်တွင်တွင်အော်သော မြန်မာအစိုးရ၏ မြန်မာသံရုံးများမှ မြန်မာနိုင်ငံသားများအား ဘယ်သောအခါကမှ စောင့်ရှောက်မှုမပေးခဲ့ပါ။

 

70 comments

  • snow white

    April 21, 2012 at 5:43 pm

    ဖတ်တာဇန်ဝင်သွားတာ အလုပ်လုပ်နေရင်းဖတ်လိုက်တာ အလုပ်မှာဆူခံရတယ်ဗျို့ တကယ်တကယ်လူဘဝဆိုတာ ကောင်းတယ် ဆိုးတယ် ဒွန်တွဲနေတာလေ မကောင်းမှုမှန်သမျှတော့မြန်မာ တွေဘဲခံနေရသလို စက်နဲ့လုပ်ရမယ့် အရာတွေလူတွေရဲ့ခွန်အား ကုန်ခံနေရတာဘဲ နည်းပညာလည်းမသိ စက်ကိရိယာလည်း မတီထွင်တက် ဆိုတော့ သူများခိုင်းတာဘဲ လုပ်နေရအုံးမှာပါလေ

    Reply

  • kai

    April 22, 2012 at 2:26 pm

    တရုတ်..ဂျပန်..ထိုင်ဝမ်……တို့ရဲ့.. ယုံကြည်ကြတဲ့ဘာသာတွေထဲ.. ဗုဒ္ဓဘာသာဝင်အများစုဖြစ်နေတာကိုတွေ့ရမှာပါ..။

    ဆိုတော့..ဗုဒ္ဓဘာသာရဲ့အဆုံးအမ..တရားတွေကို..
    အဲဒီအဆုံးအမတွေကို.. လောကီထဲကြိုက်သလိုအသုံးပြု.. ကောင်းတာချည်းဖြစ်နေကြတယ်ဆိုတဲ့.. အထောက်အထားပါပဲ..။

    မြန်မာပြည်ဟာ..အနှစ်၂၀ဝကျော် တောက်လျှောက်ကျဆင်းခဲ့တယ်..
    ဘာမှားနေသလည်း…
    =
    နိုင်ငံရေး..စစ်ရေး.. စီးပွားရေး အကုန်ဘာသာရေးနဲ့မရောလို့မရပါဘူး..
    လူသားရဲ့သဘာဝမှာကိုက.. ဘာသာရေးအဆုံးအမကအဓိကလွှမ်းမိုးတာပါ..
    အခုဖြစ်နေတဲ့ ကမ္ဘာ့ပဋိပက္ခတွေကြည့်ရင်လည်း.. ဘာသာရေးအခြေခံနေတာတွေ့ရမှာပေါ့.
    အမေရိကန်သမ္မတဟာ.. သမ္မတအဖြစ်ကျမ်းကျိန်ရာမှာ.. သမ္မာကျမ်းစာကိုကိုင်ပြီးကျိန်ပါတယ်..။
    အခုကမ္ဘာမှာဖြစ်နေတဲ့.. တအုံးအုံးပေါက်နေတဲ့ဆူဆိုက်ဗုံးတွေဟာ.. ဘာသာရေးအစွန်းရောက်ကလာတာပါ..
    အခုချိုင်းနားနဲ့..ဂျပန်ရဲ့.. စီးပွားရေးလုပ်ရင်သုံးတဲ့..အတွေးအခေါ်တွေက.. ဘာသာရေးဓမ္မ..တရားတွေကနေ ကကောက်ယူတာတွေပါ…။

    ဆိုတော့..
    လူ့အသိုင်းအဝိုင်း.. တိုးတက်..ဆုတ်ယုတ်.. ဘာသာရေးနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်..။

    အဓိကက..လူတွေ….လူတွေ….လူတွေ….လူတွေ….လူတွေ….လူတွေ..

    လူတွေကဘယ်လိုအရကောက်ပြီး.. ဘယ်လိုလက်တွေ့ကျင့်သုံးကြတယ်…. လက်ခံလိုက်နာကြသလည်းနဲ့..အဓိကသက်ဆိုင်ပါတယ်..။
    ဘာသာတရားရဲ့ဓမ္မထဲ.. ဘာတွေထိုးသွပ်ပြင်ဆင်ထားသလည်းနဲ့.. ဆိုင်ပါတယ်..။
    ဘယ်သူတွေက.. ဘယ်လိုအတွေးအခေါ်အမှားတွေ.. ဗုဒ္ဓသာသနာခေါင်းစဉ်တတ်လုပ်နေသလည်းနဲ့..ဆိုင်ပါတယ်..။
    အရကောက်မှားတဲ့သူများရင်..အသုံးချမှားတဲ့သူများရင်.. အဲဒီနိုင်ငံကျဆင်းမယ်..။
    စီးပွားရေး.. နိုင်ငံရေး..စစ်ရေး.. အထွေထွေကျဆင်းမှုဖြစ်မှာပါပဲ..။
    ဒီလိုနှစ်ပေါင်းများစွာ.. ရာစုနှစ်ချီဖြစ်နေရင်.. နိုင်ငံရေးစနစ်ကြောင့်မဟုတ်ဖူးလို့.. ထင်ရှားသိသာပါတယ်..

    မိမိဘဝ..လူအများစုဘဝ.. လူနေမှုအဆင့်အတန်းမြင့်ချင်ရင်.. အစဉ်အဆက်မှားနေတယ်ထင်တာတွေကို.. အကြိတ်အနယ်ဆွေးနွေးကြပြီး.. ပြင်ကြဖို့ပဲ..

    အမြင်အနေနဲ့ကြည့်ရင်.. ပြည်တွင်း.. ဒီယဉ်ကျေးမှုဘဝထဲ.. ရှင်သန်နေရတဲ့သူတွေထက်.. အပြင်နိုင်ငံတွေမှာနေတဲ့သူတွေက.. ပိုသိသာမြင်သာတယ်..။
    လက်တွေ့..နှိုင်းယှဉ်ကြည့်စရာရှိနေတာကိုး…
    အဲလိုအမြင်တွေကို.. လေးလေးစားစား သုံးသပ်ကြည့်သင့်တယ်..။
    ကျုပ်အနေနဲ့ကတော့.. လေးလေးစားစား.. လက်ခံပါတယ်..
    အားပေးပါတယ်လို့…။ :mrgreen:

    Reply

    • winterkoe

      April 23, 2012 at 11:26 am

      တကယ့်ကိုကောင်းမွန်တဲ့ဝေဖန်ချက်ပါပဲ။

      Reply

  • Green Rose

    April 23, 2012 at 8:34 pm

    ရွှေအိမ်စည် share လုပ်ချင်တယ်ဆိုပြီးတောင်းထားတာ… Green Rose ရဲ့ comment ကိုပြောတာလား? မူရင်း post ကိုပြောတာလားဟင်? Green Rose ရဲ့ comment ကိုပြောတာ ဆိုရင် ခွင့်ပြုပါတယ်။ ကျေးဇူးတင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.