သစ်လုံးတင်ယာဉ်တွေ မခိုင်ခံ့ရင် ဒဏ်ငွေ သုံးသိန်း

guestktyJune 12, 20101min01

သစ်လုံးတင်ယာဉ်၊ ကွန်တိန်နာယာဉ်တွေ သော့မခတ်တာ သေချာ မချည်နှောင်တာမျိုး တွေ့ရှိရင် ဒဏ်ငွေကျပ် သုံးသိန်း ဒဏ်ရိုက် အရေးယူမယ်လို့ သိရတယ်။ သစ်လုံးတင်ယာဉ် တိမ်းမှောက်မှုတွေ ဖြစ်ရာမှာ သစ်လုံးတွေ ကားလမ်းမပေါ် ပြန့်ကျဲပြီး လမ်းသွားလမ်းလာတွေရဲ့ အသက်အန္တရာယ် ထိခိုက်တာမျိုးတွေ ရှိလာတယ်။ ဒါကြောင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ပြီးခဲ့တဲ့ သောကြာနေ့ (မေလ ၂၈ ရက်နေ့)က လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ကုန်တင်ယာဉ်၊ သစ်လုံးတင်ယာဉ်တွေကို သတ်မှတ်ချက်နဲ့ အညီ မောင်းနှင်ခြင်းရှိ မရှိကို အရင်ကထက်ပိုပြီး စစ်ဆေးအရေးယူဖို့ ဆွေးနွေးကြောင်း သိရတယ်။ ပညာပေး အစီအစဉ်အနေနဲ့ ကွန်တိန်နာတွေလည်း သေချာသော့ခတ်ပြီး မောင်းရမယ်။ သစ်လုံးတင် ယာဉ်တွေဆိုလည်း သစ်လုံးကို ချည်နှောင်တဲ့ သံကြိုးက ခံနိုင်ရည်ရှိတဲ့ သံကြိုးဖြစ်ရမယ်။ သံကြိုးက သံချေးတက်ပြီး ဝန်နဲ့အား မမျှတာမျိုးတွေဆို အန္တရာယ်ရှိနိုင်ကြောင်း သေချာပညာပေး ပြောကြားမယ်လို့ ဆိုတယ်။ သည်အစီအစဉ်ကို သက်ဆိုင်ရာ နယ်မြေအလိုက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေက ပိုမိုစစ်ဆေး ဆောင်ရွက်မယ်လို့ သိရတယ်။ သစ်လုံးတင်ယာဉ်၊ ကွန်တိန်နာတွေ သေချာအောင် သော့ခတ် ချည်နှောင် ထားပေမယ့် ယာဉ် တိမ်းမှောက်ရင်လည်း ယာဉ်နဲ့ ကုန်နဲ့ တစ်တွဲတည်း ဖြစ်နေအောင် ဖြစ်ပါတယ်။ တခြား ဘေးပတ်ဝန်းကျင်ကို ထိခိုက်တဲ့ အန္တရာယ် မဖြစ်အောင် ရည်ရွယ်တယ်လို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သိရကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • khinmintatthu

    June 12, 2010 at 8:58 pm

    အဲဒီလိုချမှတ်သင့်တာကြာပါပြီ….အစကတည်းကသာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ခဲ့မယ်ဆိုရင် မဖြစ်သင့်တာတွေ မဖြစ်ခဲ့ဖူးပေါ့… အခုတော့ မဖြစ်သင့်တာတွေဖြစ်ပြီးမှ စည်းကမ်းတွေချမှတ်၊ ဘာတွေလုပ်လိုက်၊ ညာတွေလုပ်လိုက်နဲ့…. အဲဒီလိုစည်းကမ်းတွေချမှတ်ပေမယ့်လည်း ကားသမားတွေကရော စည်းကမ်းရှိမယ်လို့ မထင်မိဘူး…. သုံးသိန်းဆိုတဲ့ ဒဏ်ရိုက်မှုလေးနဲ့တော့ မလုံလောက်သေးလောက်ပါဘူး….

    Reply

Leave a Reply

Your email address will not be published.