တစ်ကိုယ်တော် ရွက်လွှင့်သူ အမေရိကန် ဆယ်ကျော်သက် အသက်ရှင်လျက်ရှိ

guestktyJune 12, 20101min00

ကမာ္ဘတစ်ပတ် ရွက်လှေဖြင့် ခရီးထွက်ခဲ့သူ အမေရိကန် ဆယ်ကျော်သက်အား မိုးသက်မုန်တိုင်းကြားတွင် ပျောက်ဆုံးသွားပြီဟု ယူဆထားရာမှ ယမန်နေ့က ၎င်းအား သူမ၏ ပျက်စီးနေသော လှေအတွင်းတွင် ကောင်းမွန်စွာ ရှိနေကြောင်း သိရှိခဲ့ရသည်ဟု အမေရိကန်နိုင်ငံထုတ် သတင်းမီဒီယာများတွင် ရေးသား ဖော်ပြထားသည်။ အိန္ဒိယသမုဒ္ဒရာတွင် လှိုင်းလေအနည်းငယ် ငြိမ်သက်သွားချိန်တွင် လေယာဉ်ဖြင့် အနိမ့် ပျံသန်း၍ ရှာဖွေကြရာ သူမ၏လှေအား ရေပေါ် ပေါ်လျက် အနေအထားဖြင့် ပထမဦးစွာ တွေ့ရှိကြရသည်။ သူမသည် လှေငယ်အတွင်းတွင် ကျန်းမာစွာရှိ၍ စားဖွယ်သောက်ဖွယ်များ နှစ်ပတ်စာခန့် ကျန်ရှိသေးသည်ဟု သိရှိရသည်။ (ဆင်ဟွာ)