funny for you -2 ဟိဟိ မိုက်တယ်ကွ-

zaylayJune 12, 20101min00

မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ လမ်းခုလတ်က အိမ် တအိမ်တွင်
ကြက်တူရွေးတစ်ကောင်မွေးထားသည်။ ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်
အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။

နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။ တနေ. တွင်
သေချာနားထောင်ကြည့်လိုက်ရာ ‘အဝါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကို
ကြားမိလိုက်သည်။

မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံ
ဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကို
ပြောပြသည်။ဒါပေမယ့် လက်ခံ ဖို. အင်တင်တင်ဖြစ်နေကြသေးသည်။

ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီ
ဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်
အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။

ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကို
ပညာပြရအောင်’ ဟုဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မဝတ်ပဲ
ထွက်လာကြသည်။

ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့ အနည်းငယ် ထွေသွားပြီး
ဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလို
ရွတ်လိုက်ပါတော့သည်။ ‘အအို ၊ အအို ၊ အပြို’


(^_^)

Leave a Reply

Your email address will not be published.