NLD အမတ်တွေ လွှတ်တော်မှာ ကျန်းသစ္စာဆိုရခက်

ပုိင္ေလးApril 12, 20121min015

NLD အမတ်တွေ လွှတ်တော်မှာ ကျန်းသစ္စာဆိုရခက်

သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ  ဧပြီ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးဟာ မနက် (၁၁) နာရီကနေ (၁၂) နာရီ (၂၇) မိနစ်အထိ တစ်နာရီခွဲနီးပါးကြာ သီးသန့် တွေ့ဆုံခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က ဗီအိုအေကို ပြောပါတယ်။ ဆွေးနွေးမှုအပြည့်အစုံကို နှစ်ဘက်စလုံးက သတင်း ထုတ်ပြန်ခြင်းမရှိပါဘူး။ လွှတ်တော်တွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံရဲ့အကျိုးစီးပွားတွေ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဦးသိန်းစိန်နဲ့ ဒေါ် အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့ကြတယ်လို့ ဦးခွန်သာမြင့်က Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ (၂၃) ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထအစည်းအဝေး စတင် ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်နှစ်ရပ် ရွေးကောက်ခံ ကိုယ်စားလှယ်အသစ်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခါ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ရွတ်ဆိုကြဖို့ဟာ မဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒါပေမယ့် ဒီစာသားတွေ ကို အချိန်မီပြင်ဆင်ပေးရင် NLD ရဲ့ ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်ကို တက်နိုင်မှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက Reuters သတင်း ဌာနကို ပြောဆိုခဲ့ပါတယ်။ NLD အနေနဲ့ အခုပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ရတဲ့ ရည်ရွယ်ချက် သုံးခုထဲမှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဟာ တစ်ချက်ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အတိအလင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

15 comments

  • ဦးဦးပါလေရာ

    April 12, 2012 at 10:57 am

    ဆင်ပြောင်ကြီး အမြီးကျမှတော့ အတစ်ခံမယ်မထင်ပါဘူး။
    ပြီးတော့ တိုင်းပြည်အကျိုးအတွက် တိုင်းပြည်တာဝန်ထမ်းဆောင်မယ့် အဓိကလူတွေကျမ်းကျိန်ရမယ့် စာသားမှာ အဲဒါတွေဘယ်သူထည့်ထားတာလဲမသိ… (သိတော့သိပါတယ်… တမင်ပြောတာ)

    တိုင်းပြည်ဆိုတာက ကိုယ်ကာကွယ်စောင့်ရှောက်ရမယ့်အရာ။
    အခြခံဥပဒေဆိုတာကတော့ (ခေါ်ပေးတဲ့သူသာရှိရင်) လေးတန်းမအောင်လဲ လိုက်ရေးလို့ရတာပဲ…..

    Reply

  • ရွာစားကျော်

    April 12, 2012 at 11:16 am

    လာပြီ.. နောက်ပြန်မလှည့်ပါဘူးလို့ တတွတ်တွတ်ပြောနေတဲ့လူတွေ
    တဖက်လှည့် အကြံနဲ့ လုပ်ဇာတ် အဟောင်းတွေပြန်ကပြီ.. ဒီချုပ်ကို ယှဉ်ရမှာ ကြောက်လှချည်လား..
    ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့ လိုပြီဆိုတာ ခုထိသဘောမပေါက်သေးတာလား..

    Reply

  • htoosan

    April 12, 2012 at 11:51 am

    ဟင် .. ဝင် အရွေးခံပြီးမှ ခုလို ဆိုရမယ်ဆိုတာ သိတာလား ?
    အရွေး မခံခင်ကထဲ က သိတာ မဟုတ်ဘူးလား ? ….
    အရွေးမခံ ခင်ကတည်းက ဒီလိုဆိုရမယ်ဆိုတာ သိရဲ့သားနဲ့ ဝင်ခဲ့ ပြီး အရွေးခံရပြီးမှ မဆိုနိုင်ပါဘူးဆိုတာကတော့ မဲပေးခဲ့တဲ့ လူထုကိုလည်း ငဲ့ပါဦး …

    ကာကွယ်စောင့်ရှောက်မယ်ဘဲကျမ်းကျိန်တာ မပြင်ဘူးလို့ ကျမ်းကျိန်တာမှ မဟုတ်တာ…..

    Reply

  • kai

    April 12, 2012 at 3:21 pm

    But the attorney general, citing a series of Supreme Court and other cases, said acts of Congress are presumed to be constitutional and should be overturned only sparingly.

    ယူအက်စ်မှာ.. ဖယ်ဒရယ်အစိုးရနဲ့.. ပြည်နယ်အစိုးရတွေ ကျမ်းမာရေးအထွေထွေပြုပြင်ရေးဥပဒေတွေက.. အခြေခံဥပဒေကြောင်းနဲ့ မကိုက်ညီပါဘူးဆိုပြီး… တရားပြိုင်စွဲကြတာဖြစ်နေတာပါ..
    ဆိုတော့…
    စုပရင်းကုတ်..(တရားရေး) တက်ကြရတယ်ပေါ့..

    တရားရေးထိပ်ဆုံးမှာ.. ထိုင်နေတာက.. ကွန်ဆာဗေးတစ်တွေများနေတာမို့.. အိုဘားမားလုပ်ခဲ့တဲ့.. ကျမ်းမာရေးအထွေထွေပြုပြင်ရေးဥပဒေဟာ.. တရားရှုံးဖို့လိုလိုဖြစ်နေပါတယ်..။
    ( မြန်မာပြည်ရဲ့.. တရားရေးမဏ္ဍိုင်မှာ ဘယ်သူထိုင်နေသလဲ.. အင်မတန်သတိထားစရာပါ.. ) 😕
    အဲဒါနဲ့.. တရားရုံးချုပ်က.. အပေါ်ကအတိုင်းဝင်ပြောလိုက်တာပါပဲ..

    တကယ်တော့.. လူထုကရွေးကောက်တင်မြှောက်ထားတဲ့.. လွှတ်တော်အမတ်တွေက သဘောတူရင်.. အဲဒီဥပဒေဟာ..အခြေခံဥပဒေသဘောသက်ရောက်ရတာပါပဲ..

    ညီစေနော….
    ညီစေ…။
    ===
    လေ့လာဖို့..
    http://constitution.org/col/presump_legit.htm
    http://www.washingtonpost.com/politics/in-letter-to-texas-judge-holder-defends-obamas-comments-urging-supreme-court-to-uphold-health-care-law/2012/04/05/gIQAxEH1xS_story.html?tid=pm_politics_pop

    Reply

  • etone

    April 12, 2012 at 5:22 pm

    ဘယ်လိုဖြစ်ပြန်တာလဲ ….. လွှတ်တော်ထဲရောက်ခါနီးမှ ဟိုလိုလို ဒီလိုလိုဖြစ်ပြန်ပြီ …. ။
    တခြားနိုင်ငံတွေမှာအခြေခံဥပဒေကို ကိုက်ညီတယ် မကိုက်ညီဘူး ကွန်ပလိန်းတက်တာမျိုး တရားပြိုင်စွဲတာမျိုး လုပ်လု့ိရပေမယ့် …. ဒီမှာတော့ အဲ့လို လုပ်လို ့ရမယ် မထင်ဘူး …. ။
    တရားရေးရာဌာနက ပုဂ္ဂိုလ်ကြီးတွေတောင် ဘယ်ပါတီဝင်တွေချည်းပဲလဲ ….. တွေးရင်းတောင်ရင်မောတယ် … ။

    Reply

  • cobra

    April 12, 2012 at 7:39 pm

    ကလိမ်ကကျစ်လုပ်ဖို့ဆိုသူတို့ပဲတတ်နိုင်တယ်
    အမျိုးမျိုးဒုက္ခပေးနေကြပါလား၊
    ဘယ်တော့မှအစစ်အမှန်တွေရမှာလဲ။

    Reply

  • ko latt

    April 12, 2012 at 8:48 pm

    ပြည်သူက အမေစု ဘက်မှာရှိတယ်…တိုင်းသိ ပြည်သိ.ကုန်ကုန်ပြောရရင်.ကမာ္ဘကတောင် သိတယ်ဗျား…လုပ်နေကြ ကလိန်ကကျစ်နည်းတွေ သုံးဖို့တော့ မစဉ်းစားနဲ့လို့ ဆိုပါရစေ..လူထုရဲ့ သည်းခံ နိူင်မှု အတိုင်းအတာ က ကုန်ဆုံးသွားပြီ ဆိုတာ လက်တွေ့ဘဲ မဟုတ်လား
    အာဏာ ကိုတစ်အား ဖက်တွယ်နေဦး မယ်ဆိုရင်…မြန်မာ လူမျိုး စာရင်းကနေ ထုတ်ပစ် ရပါလိမ့်မယ်…ခင်ဗျားတို့ အဖွဲ့တွေ တရုတ် မှာ ကျွန်သွားခံ ကြပေါ့

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 12, 2012 at 9:08 pm

    သူ့အသက်ကိုသတ်လေ့ရှိသည် ဟောတိဖြစ်၏။
    ပုံ
    ကြောင်ကြီး ။ ။ အမေဒိဂန်
    သတ္တဝါဟူသည် လူချွတ်မှ ကျွတ်၏ ။ ။
    ပုံ
    သဂျီး ။ ။ အမေဒိဂန်

    Reply

  • တီတီရေငုံနှုတ်ပိတ်

    April 12, 2012 at 11:00 pm

    ဉာဏ်တော့သိပ်မမီဘူး တော်-
    ဒါပေမယ့် ကြုံဘူးသလောက်တော့
    လမ်းထဲက ကြယ်စင်ဂျစ်တူး စာဖတ်တဲ့အခါ
    ဖတ်လို့မကောင်းတဲ့စာဆို ကျော်လိုက်တာပဲ… 🙂

    Reply

  • ကြောင်ကြီး

    April 13, 2012 at 8:56 am

    စကားလုံး အသုံးအနှုန်း သိပ်အရေးကြီးတယ်နော်.. အန်အယ်လ်ဒီရဲ့ လုပ်ရပ်မှန်တယ်။ စစ်ကောင်တွေက သူတို့ကြည်နေတုန်းသာ လွှတ်ပေးတာ၊ မတည့်တဲ့အခါ သိမ်းထားတဲ့ မှတ်တမ်းတွေ ဖုံသုတ်ပြီး နိုင်ငံတော်ပုံကန်မှု၊ အခြေခံဥပဒေ ဖျက်ဆီးမှုတွေနဲ့ အန်အယ်လ်ဒီကို တသက်တကျွန်းချမယ်။ အာဆီယံနဲ့ တရုတ်လို ကောင်မျိုးတွေကလည်း တည်ဆဲဥပဒေအတိုင်းသာလို့ ဆင်ခြေပေးလိမ့်မယ်။ ၁၉၉ဝခုနှစ်တုန်းက အန်အယ်လ်ဒီ ခေါင်းဆောင်ဦးကြည်မောင်ပြောတဲ့ နူရင်ဘတ်စစ်ခုံရုံး စကားလုံးကို လိုရာစွဲသုံးပြီး အဲဒါကြောင် အာဏာဆုပ်ကိုင်ရပါတယ် သောက်ရှက်မရှိ အကြောင်းပြတယ်။ အခုလည်း စကားလုံးတွေနဲ့ တုပ်နှောင်ချည်ဖို့ ဆင်ထားပြန်ပြီ။
    သူတို့ချထားတဲ့ ဘောင်အတွင်းက တိုက်ယူမယ်ဆိုရင် စကားလုံးအသုံးအနှုန်း တရားဝင်မှု ရုံးလုပ်ထုံးလုပ်နည်းများ အခရာကြတယ်။ နှောင်းသွားမှ ပြင်မရပါ။ အူတူတူအတတဆိုရင်တော့ ဖြစ်လာတဲ့အခါ လည်ဆင်းခံပေတော့…။

    Reply

  • မိုးချမ်းမြေ့

    April 13, 2012 at 5:57 pm

    ဘယ်လို ကကြိုးကကွက်ဆန်းတွေများ အကခိုင်းအုံးမှာပါလိမ့်။

    Reply

  • မိုးချမ်းမြေ့

    April 13, 2012 at 6:12 pm

    ဘယ်လို ကကြိုးကကွက်ဆန်းတွေများ အကခိုင်းအုံးမှာပါလိမ့်။ အရုပ်ကလည်း ကြိုးဆွဲရာ မကသလို။ ကြိုးဆွဲသူကလည်း သူဆွဲချင်သလို မဆွဲတတ်သေး။

    Reply

  • kai

    April 14, 2012 at 3:20 am

    ကြာသပတေး, 12 ဧပြီ 2012
    ၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား

    By သင်းသီရိ

    ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်တွင်း ရွတ်ဆိုရတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။

    ပြည်သူ့လွှတ်တော်က တတိယအကြိမ် ပုံမှန် အစည်းဝေးထဲ မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ အတွက် ဧပြီလ ၂၃ ရက် တနင်္လာနေ့ မှာ ပြန်ကျင်းပမယ့် ပြည်သူ့ လွှတ်တော်အစည်းဝေးကို အဝင် NLD ပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ်သစ် တွေ တက်ဖို့ှ စီစဉ်ထားကြတာပါ။

    ဒါပေမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ရွတ်ဆိုတဲ့အခါ ဖွဲစည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားလုံးအစား NLD ကိုယ်စားလှယ်လောင်းတွေ ဟာ လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်ဆင်ရွတ်ဆိုနိုင်ဖို့ NLD ပါတီက ညှိုနှိုင်းတာတွေ လုပ်နေတယ် လို့ NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

    “ကျမ်းကျိန်တဲ့ဟာ ဇယား လေး လို့ သူတို့ ပြောတယ်လေ။ အဲဒီ ဇယား လေး ထဲမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံး ပါတယ်။ ကျနော်တို့ က ကာကွယ် စောင့်ရှောက်တယ် ဆိုတဲ့ ဟာကို ကျနော်တို့ အရင် ကတည်း က လက်မခံဘူးလေ။ ကျနော်တို့ မူအရ။ ကျနော် တို့ က လေးစား လိုက်နာမယ်။ အဲဒီ ဟာကို ပြင်ဆင်ရေး အတွက် အန်ကယ်တို့ ကြိုးစားနေတယ်။ ပြင်ဆင်ပြီးတဲ့ အချိန် ကျနော်တို့ တက်မယ်။ အခု အခြေအနေ အရ ပြောရရင်တော့ ၂၃ ရက်နေ့ မှီဖို့တော့ နည်းနည်း ခဲယဉ်းတာပေ့ါလေ။ ဒါ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး။”

    ဟုတ်ကဲ့ ဦးဉာဏ်ဝင်းတို့ အခု လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်နိုင်ဖို့ ဘယ်ကိုများ တင်ပြ ဆွေးနွေး နေတာပါလဲရှင့်။

    “အဲဒါတော့ ကျနော် ပြောလို့ မရပါဘူး။ ကျနော်တို့ အကြံပြုချက်တွေ ပေးပို့ထားတာ ရှိပါတယ်။”

    တကယ်လို့ ဧပြီ ၂၃ အမှီ မပြင်နိုင်ဘူးဆိုရင် ကောရှင့်။

    “ကျနော်တို့ ကျမ်း မကျိန်ဘူးပေ့ါ။ အန်အယ်လ်ဒီ က မတက်ဘူး။ ကျမ်းကျိန်မှ တက်မှာ။ ကျမ်းမကျိန်ရင် တက်လို့ မရဘူး။ ကျမ်းမကျိန်ရင် ဧည့်သည် ဖြစ်နေမှာပေ့ါ။ ကျနော်တို့ အဲဒီ ဟာနဲ့ ပတ်သက်ပြီးတော့ ပြေလည် သွားလိမ့်မယ်။ ကျနော်တို့ အကြံပြုချက်ထဲ က တခုခုနဲ့ ပြေလည်သွား လိမ့်မယ် လို့ ကျနော်တို့ ယုံကြည်ထားတယ်။”

    မနေ့ ဧပြီ ၁၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ နေပြည်တော် မှာ တွေ့ပါတယ်။ ဆွေးနွေးတဲ့ အထဲ ဒီကိစ္စအဓိက ဖြစ်မလားရှင့်။

    “ဒီကိစ္စလည်း ဆွေးနွေးတဲ့ အထဲမှာ ပါတယ် လို့ သိရပါတယ်။ ကျန်တာတော့ ဆွေးနွေးတာတွေ subject တွေ အများကြီး၊ ကျနော်တော့ မသိဘူး။”

    ဒါကတော့ NLD ပါတီက အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။ အခု NLD ပါတီက ကျမ်းသစ္စာ ကျိန်ဆိုစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် ပါ့မယ်ဆိုတဲ့အစား လေးစား လိုက်နာပါမယ်လို့ပြင်ဆင်ဖို့ ကြိုးစားနေတာနဲ့ ပတ်သက်လို့ ပြည်သူလွတ်တော် ဥပဒေကော်မရှင် ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင်ရဲ့ အမြင်ကတော့

    “ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခါမှာ သုံးတဲ့ စကားလုံးက ကာကွယ်စောင့်ရှောက်တယ် လို့ဘဲ ပြောပြော လေးစား လို်က်နာတယ် လို့ဘဲ ပြောပြော ကျနော်ကတော့ အတူတူဘဲ သက်ရောက်မှု လည်း ရှိတယ်။ ဘာလို့လည်း ဆိုတော့ လေးစား လိုက်နာတယ် ဆိုတော့ လေးစားတယ် ဆိုတော့ Pay respect ပေါ့။ လိုက်နာတယ် ဆိုတော့ to comply ပေါ့ဗျာ။ ကာကွယ် စောင့်ရှောက်တယ် ဆိုတာတော့ safeguard ပေ့ါဗျာ။ ကာကွယ် စောင့်ရှောက် တာလည်း အခြေခံ ဥပဒေ အရ ဖြစ်လာတဲ့၊ ရွေးကောက်ပွဲ အရဖြစ်လာတဲ့ လွှတ်တော် အမတ်တွေ ဟာ အခြေခံ ဥပေဒအရ လုပ်ရမယ် ကိုင်ရမယ့် ဟာတွေ ရှိတယ်။ အဲဒီတော့ အခြေခံ ဥပေဒ အရ ပြင်ဆင်ခွင့်ကိုလည်း အခြေခံ ဥပဒေထဲမှာ သွားတွေ့တယ်။ ဒီဟာတွေက ကျနော် ထင်တာတော့ လွှတ်တော်ထဲကို ရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာတဲ့ အခါမှ လိုအပ်တဲ့ ဟာတွေ ကို ဆက်လက် ကျင့်သုံးသင့်တယ် ထင်တယ်။ ဒီ အဝင်မှာ အဲဒီ ကိစ္စတွေ ကို၊ စကားလုံး အသုံးအနှုန်းတွေ ကို သိပ်ပြီးတော့ တွယ်ကပ်နေပြီးတော့ ကြိုးစားနေမယ် ဆိုလို ရှိရင် အစ မကောင်းဘူး ဖြစ်သွားမှာ ကို ကျနော် က စိုးရိမ်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော် တို့က ဒီလွှတ်တော် ထဲ ကို ဒီ အင်အားစု တွေကို မြန်မြန် ရောက်စေချင်တယ်။”

    ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ်လို့ ဆိုရင် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်တာတွေ လုပ်ဖို့ အခက်အခဲရှိနိုင်ပါသလား ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်း စုကြည်က ရွေးကောက်ပွဲဝင်တာဟာ ဖွဲစည်းပုံထဲက လူထုအတွက် အကျိူးမရှိတဲ့ ဥပဒေတွေကို ပြင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောထားတာတွေ ရှိတော့

    “လုံးဝ မထင်ပါဘူး ခင်ဗျာ။ လုံးဝ မထင်ပါဘူး။ အခုကို က အခြေခံ ဥပဒေထဲ က တချို့ အပိုဒ် တွေကို ပြင်ဆင်ဖို့ က လွှတ်တော် အမတ်တွေ ကကော၊ ပါတီ မရွေး၊ လူမျိုး မရွေး ကြိုးစားနေကြတာတွေ ရှိပါတယ်။ အဲဒါလည်း ကာကွယ် စောင့်ရှောက်တာ တမျိုးပါဘဲ။ အခြေခံ ဥပဒေတွေ ကို ပိုပြီးတော့ ကောင်းလာအောင် ပြည်သူတွေ အတွက် ပိုပြီးတော့ အကျိုးရှိ လာအောင် ပြင်ဆင်တာ ဟာလည်း အခြေခံ ဥပဒေ ကို ကာကွယ် စောင့်ရှောက်တာပါဘဲ။ တနည်းအားဖြင့် အခြေခံ ဥပဒေကို လေးစား လိုက်နာတာဘဲ လို့ ကျနော် ယုံကြည်ပါတယ်။”

    ပြည်သူလွှတ်တော် ဥပဒေကော်မရှင်ထဲက အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးသန်းမောင် ရဲ့သုံးသပ်ချက်ပါရှင်။ NLD ပါတီဟာ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ၄၃ နေရာထိ အများဆုံးအနိုင်ရခဲ့တဲ့ပါတီတခု ဖြစ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃ရ ဦး လွှတ်တော်တက်ရမှာ ဖြစ်ပါတယ်။
    http://www.voanews.com/burmese/news/NLD_argue_to_change_the_oath-147151335.html

    Reply

  • kai

    April 14, 2012 at 3:24 am

    လွှတ်တော်ကပြင်ပေးမယ်လို့ထင်ပါတယ်…
    ပြင်မပေးလည်း ကိစ္စအကြီးတော့ မဟုတ်..
    လွှတ်တော်အမတ်တွေကိုယ်တိုင်က.. ဥပဒေပြုသူတွေပဲဟာ..

    ပြင်လိုက်ပေါ့..။
    ညီရင်.. အခြေခံဥပဒေတခုလုံးပြင်ချင်သလို… ပြင်လို့ရတယ်လို့.. အခြေခံဥပဒေထဲထည့်ပြဌာန်းထားတာပဲနော..။

    ဒါလေးများ…… :mrgreen:

    Reply

Leave a Reply

Your email address will not be published.