သင်ဟာ ဘယ်လိုသူငယ်ချင်းမျိုးလဲ?

zaylayJune 12, 20101min01

သင်ဟာ ဘယ်လိုသူငယ်ချင်းမျိုးလဲ?

တစ်ယောက်ထဲ ဘတ်စ်ကား ဒါမှမဟုတ် ရထားစီးတဲ့အချိန် သင်အမြဲလုပ်တတ်တဲ့ အပြုအမှုတစ်ခုက

(၁) နားကျပ်နားထောင်တတ်တယ်

သင့်အပြင်ပန်းသဏ္ဍာန်က အေးတိအေးစက်ရှိပေမယ့် သင့်အတွင်းစိတ်က ဖော်ရွေသူဖြစ်တယ်။ တခြားလူကို အရင်စမိတ်ဆက်ဖို့ သင်ဝန်လေးတတ်သူဖြစ်တယ်။ သင့်အကြောင်းမသိသူက သင့်ကို မဖော်ရွေသူ အေးစက်စက်နိုင်လွန်းသူလို့ ထင်မှတ်တတ်တယ်။ ဒါပေမယ့် ရင်းနှီးတဲ့လူရှေ့မှာ သင်ဟာ စကားတွေ အများကြီးဖောင်ဖွဲ့တတ်သူဖြစ်တယ်။

(၂) စာအုပ် သို့မဟုတ် စာရွက်စာတန်း ဖတ်နေတတ်တယ်

သင်ဟာ ကုတ်ကမြင်းဖြစ်တယ်။ ရင်းနှီးသူ၊ မရင်းနှီးသူရှေ့မှာ သင်ဟာအိန္ဒြေတခွဲသားနဲ့ ဟန်ဆောင်တတ်သူဖြစ်တယ်။ ဒါကြောင့် အဖွဲ့အစည်း၊ အပေါင်းဖော်ကြားမှာ သင်ဟာလျှစ်လျှူရှူ ခံရတတ်သူဖြစ်တယ်။ ဒါပေမယ့် စိတ်တူကိုယ်တူ သူငယ်ချင်းတွေရှေ့ရောက်ရင် သင့်နဂို စကားများတတ်တဲ့ အကျင့်က ပေါ်လာတတ်တယ်။

(၃) အပြင်ကိုငေးမောနေတတ်တယ်

ကိုယ်နဲ့အကျင့်စရိုက် နည်းနည်းတူတယ်လို့ထင်ရင် ဘယ်သူငယ်ချင်းမျိုးမဆို သင်လက်ခံ စကားပြောနိုင်သူဖြစ်တယ်။ တစ်ဖက်သားနဲ့ သူငယ်ချင်းလုပ်ဖို့ ဝန်မလေးတတ်သူဖြစ်တယ်။ ဒါပေမယ့် စိတ်တူကိုယ်တူမဟုတ်တဲ့ သူငယ်ချင်းမျိုးကို သင်ဘယ်တော့မှ သင့်ခံစားချက်၊ သင့်ကိုယ်ရေးကိုယ်တာကို ရင်မဖွင့်ပြတတ်ဘူး။ များသောအားဖြင့် တခြားလူရင်ဖွင့်တာကိုပဲ သင်နားထောင်လေ့ရှိတယ်။ သင်နဲ့ ပေါင်းဖက်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကတောင် သင့်ရဲ့ တကယ့်စိတ်ကိုသိဖို့ဆိုတာ မလွယ်လှဘူး။

(၄) အိပ်နေတတ်တယ်

သူငယ်ချင်းတွေကြားမှာ သင်ဟာ ပျော်တော်ဆက်ဖြစ်တယ်။ ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ သင်ဟာ ဒဲ့ဒိုးနဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်သူဖြစ်တယ်။ သိပ်ဟန်မဆောင်တတ်သူဖြစ်တယ်။ ဒါပေမယ့် ဒီလိုပြုမှုတတ်တဲ့ သင်က လုံးဝပျော်ပျော်ရွှင်ရွှင်နေတတ်သူလို့ မဆိုနိုင်ပါဘူး။ လူတွေကိုနောက်ပြောင်တာနဲ့ ကိုယ်လည်းပျော်ရွှင်မှုတွေရမယ်လို့ သင်ထင်နေလို့ဖြစ်တယ်။

!@
www.bloodytear.ning.com

One comment

  • Scott

    July 27, 2010 at 5:40 pm

    appreciate လုပ်ပါတယ်……………ဝေဖန်ရရင် ဘာမှမဆိုင်သလိုဘဲလားလို့……..

    Reply

Leave a Reply to Scott Cancel Reply

Your email address will not be published.