ဆူနာမီနှင့်ပတ်သတ် ဦးထွန်းလွင် ဗျူး

chityimhtooApril 11, 20121min03

Messenger News Journal
ဧပြီလ ၁၁ ရက်နေ ့၂၀၁၂

လတ်တလော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကို ဗဟိုပြုပြီး ငလျင်လှုပ်တယ်၊ မြန်မာနိုင်ငံ အတွင်းမှာလည်း ငလျင်လှုပ်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတယ်။ အဲဒီအပေါ် ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

မြန်မာစံတော်ချိန် 3 နာရီ 8 မိနစ်မှာ ငလျင်တစ်ခုလှုပ်တယ်။ ရစ်တာစကေး ၈ ဒသမ ရ အင်အားရှိတယ်။ အခု ငလျင်လိုမျိုး ၂၀၀၄ ဒီဇင်ဘာ ၂၆ က အင်ဒိုနီးနိုင်ငံ မြောက်ဘက် ဆူမားတြား၊ အနောက်တောင်ဘက် ရေအောက်ပင်လယ်ပြင် ၂၆၈ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်။ အဲဒီတုန်းက ငလျင်ပြင်းအားက ၉ ဒသမ ၁ ရှိတယ်။

မြန်မာနိုင်ငံကို ရောက်လာနိုင်ပါသလား။
မြန်မာနိုင်ငံကို လာမယ်၊ မလာဘူးဆိုတာ လေးနာရီလောက် စောင့်ကြည့်ရဦးမယ်။ ည ရ နာရီကျော်မှ စိတ်ချရတဲ့ အနေအထားရှိတယ်။

၈ ဒသမ ရ ပြင်းအားရှိတယ်ဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဘယ်လောက်ထိ ပြင်းထန်နိုင်တယ်လို့ ဆရာထင်ပါသလဲ။

ငလျင်ကလည်း အလွန်ပြင်းတယ်။ ဆူနာရီရေလှိုင်းဖြစ်ဖို့ အလားအလာများတယ်။ ကြိုတင်သတိရှိဖို့နဲ့ ကာကွယ်ဖို့လိုတယ်။ ပေ ၃ဝ အမြင့်လောက်မှာ ပြောင်းရွှေ့နေထိုင်ရမယ်။ ပင်လယ်ကမ်းစပ်ဒေသမြို့တွေက အထူးသတိထားရမယ်။ ငွေဆောင်၊ ချောင်းသာ၊ ကော့သောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အထူးသတိထားရမယ်။ နောက်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေတဲ့ နိုင်ငံတွေလည်း ဂရုစိုက်ရမယ်။

ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ ထိခိုက်မှုရှိနိုင်လား။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ သတိထားရမယ်။ တစ်နေရာနှင့်တစ်နေရာတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံမှာ လူ ၆၁ ယောက်သေတယ်။ အပျက်အစီးတွေလည်း ရှိခဲ့တယ်။ အခုဟာက ဆူနာမီဖြစ်ဖို့ အချက်အလက်ပြည့်စုံနေတယ်။

Messenger News Journal

အခု လှုပ်တဲ့ ငလျင်က ဆူနာမီကို အခြေခံပြီး လှုပ်တဲ့ ငလျင်ပဲ။ ၂၀၀၄ တုန်းကလည်း လှုပ်ခဲ့တယ်။ အဲဒီတုန်းက ၉ ဒသမ ၁ အင်အားရှိတယ်။ အခုက ၈ ဒသမ ရ ဆိုတော့ တအားပြင်းထန်တယ်။ အခုငလျင်နဲ့ ဆပ်စပ်ပြီး မြန်မာနိုင်ငံအနေနဲ့ မြေလွတ် မြေပျော့တွေရှိတဲ့ နေရာတွေမှာ သတိထားရမယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ အောက်ဘက်မှာရှိနေတဲ့အတွက် မြေမျက်နှာပြင် ၁၄ ဒီဂရီအောက် နိမ့်တဲ့ နေရာတွေ စိုးရိမ်ရတယ်၊။
အမြင့်ပိုင်းတွေက စိုးရိမ်စရာမရှိဘူး။
မြန်မာနိုင်ငံကို ဆူနာမီ ဘယ်လောက်ထိ လာနိုင်မလဲဆိုတာတော့ သေချာမသိသေးဘူး။
http://www.thithtoolwin.com/2012/04/blog-post_2958.html

3 comments

  • chityimhtoo

    April 11, 2012 at 6:52 pm

    ယနေ့ညနေ လှူပ်ခတ်ခဲ့သည့် အင်ဒိုနီးရှား ငလျင်ကြောင့် မြန်မာနိုင်ငံရှိကမ်းခြေများတွင
    ် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာကမ်းခြေများမှ စုံစမ်းသိရှိရသည်။

    ချောင်းသာကမ်းခြေတွင်ရောက်ရှိနေ သည့် ဧည့်သည်များအား ငလျင်လှုပ်ခတ်အပြီးတွင် သက်ဆိုင်ရာဟိုတယ်များ
    အလိုက် သတိပေးချက်ထုတ်ပြန်မှုကြောင့် ယခုအချိန်တွင်
    ကမ်းခြေမှာရှင်းလင်းသွား ပြီး ပင်လယ်အတွင် ရောက်ရှိနေသည့် စက်လှေများလည်း ကမ်းခြေသို့ပြန်လည်ဆိုက်ကပ်ထားကြကြောင်း ချောင်းသာ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။

    “၃နာရီလောက်မှာ ငလျင်လှူပ်တော့ CNN မှာသတိပေးချက်တွေ့တာနဲ့အကုန်လုံးကမ်းပေါ်ပြန်တက်ကြဖို့ခေါ်တယ်။ တစ်ချိူ့ဧည့်သည်တွေကတော့ မယုံကြဘူး” ဟု ချောင်းသာကမ်းခြေ bell resort ဧည့်ကြိုကောင်တာမှတာဝန်ကျ ဝန်ထမ်းတစ်ဦးကပြောသည်။

    အလားတူ ငပလီကမ်းခြေတွင်လည်း ညနေ ၃ နာရီအချိန်ခန့်က ပင်လယ်ဘက်မှမီးတောက်အချို့ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် ယင်းကမ်းခြေမှ ဟိုတယ်များအားလုံး ပိတ်ထားကြပြီး ဧည့်သည်များအား အရေးပေါ်ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိ်ကြောင်း ငပလီ ဟိုတယ်ဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

    ” ခု Amazing ဟိုတယ်ကတော့သူတို့ဟိုတယ်
    က ဧည့်သည် ၉၂ ယောက်ကို ရွှေ့ဖို့ ချက်ချင်းလုပ်နေကြတယ်။ တခြားဟိုတယ်တွေကိုလည်းသက်ဆိုင်ရာက သတိပေးနေတယ်” ဟုငပလီကမ်းခြေသို့ဆက်သွယ်မေးမြန်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
    ဟိုတယ်တွေအားလုံးတော့ပိတ်လိုက်ပြီ “ဟု ငပလီကမ်းခြေသို့ ဆက်သွယ်စုံစမ်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။

    7Day News Journal

    Reply

  • ကိုရင်မောင်

    April 11, 2012 at 7:46 pm

    ခုလို အန္တာရယ်သတိပေးသတင်းအချိန်နဲ့အမျှတင်ပေးတဲ့အတွက်
    ကျေးဇူးဘဲ ကိုချစ်ရင်ထူးရေ….

    Reply

  • TTNU

    April 12, 2012 at 3:09 am

    သတင်းအပြည့်အစုံဖတ်ရလို့
    ကျေးဇူးတင်ပါတယ်။

    Reply

Leave a Reply to ကိုရင်မောင် Cancel Reply

Your email address will not be published.