နှစ်သစ်မှာ ပျော်ရွှင်စေဖို ဟာသ လေးတွေပါ…

zaylayJune 12, 20102min00

မိန်းမ ထမင်းစားခန်းထဲဝင်လာသောအခါ ယောကျာင်္းက ယင်ကောင်များအား ယပ်တောင်ဖြင့် လိုက်ရိုက်နေသည်ကိုတွေ ့ရသည်။
“ရှင်ဘာလုပ်နေတာလဲ” ဟု မိန်းမကမေးသောအခါ
ယေကျာင်္းက “ယင်ကောင်အမဲလိုက်ထွက်နေတာ”ဟုအဖြေပေးသည်။
“တော်တော်များများ သတ်လိုက်ပြီလား” ဟုမိန်းမက ဆက်မေးသည်။
“အေး၊ အမ၂ကောင်၊ အထီး၃ကောင် ဆော်ထည့်လိုက်ပြီ” ဟုယောကျာင်္းကပြောရာ
“ရှင်က ယင်ကောင်ကိုအထီး အမ ဘယ်လိုသိသလဲ “ဟုမိန်းမက ပြန်မေးလေ၏ ။
ထိုအခါ ယောကျာင်္းက “သိတာပေါ့ဟ၊ ဘီယာဗူးပေါ်က ၃ကောင်ကအထီး၊ ဖုန်းပေါ်မှာ ကြာကြာနားနေတဲ ့၂ကောင်က အမပေါ့” ဟုအဖြေပေးလေသည်။


တစ်ခါကရွာတစ်ရွာမှာ ဆရာနှင့်တပည့်၂ဦး၊ အိမ်တစ်အိမ်မှာအတူနေထိုင်ကြပြီး၊
တပည့်မှာဆရာ့စကားကိုမြေဝယ်မကျနားထောင်၍ ရိုးသားသူတစ်ဦးဖြစ်ပါတယ်။
တစ်နေ ့မှာဆရာကကိစ္စရှိလို ့-” တပည့်ရေ၊ ဆရာအပြင်သွားအုံးမယ် ထမင်းချက်ထားကွာ” လို ့မှာခဲ့ပါတယ်။

ဆရာအပြင်ကပြန်လာပြီး” တပည့်ရေ၊ ထမင်းစားကြရအောင်ခူးကွာ” လို ့ပြောလိုက်တော့၊ တပည့်ကလည်းခူးပြီးတာနဲ ့ဆရာက ” ဟင်းကောကွာ” လို့မေးတယ်။
ထိုအခါတပည့်က” ဆရာကထမင်းပဲချက်ထားလို ့မှာတာကို” ဟုပြန်ဖြေတယ်။
ဆရာက အားမလိုအားမရနဲ ့” တပည့်ရာရိုးပါ့၊ ဆရာက ‘တစ်’ ဆိုရင်၊ တပည့်က ‘နှစ်’ ‘သုံး’ အထိစီစဉ်ထားရတယ်ကွ၊မှတ်ထားသိလား လို့ပြောပါတယ်။

အဲဒီလိုနဲ ့တစ်နေ ့မှာတော့ ဆရာဖျားနေလို ့တပည့်ကို” ဆေးဆရာသွားပင့်ခဲ့ကွာ” ပြောတော့၊ တပည့်လည်းအပြေးတစ်ပိုင်းနဲ ့အိမ်ကထွက်သွားတယ်။
ခဏကြာတပည့်ပြန်လာပြီး ဆရာက-“တပည့်ရေ၊ ဆေးဆရာပင့်ခဲ့ပြီလား” လို ့မေးတော့၊
တပည့်ဖြေလိုက်ပုံမှာ-” ဆရာကျွန်တော့်ကိုသွန်သင်တဲ့အတိုင်း၊ ဆေးဆရာလည်းပင့်ပြီ၊
နောက်ပြီးအခေါင်းနဲ ့ဘုန်းကြီးပါပင့်လာပါတယ်ခင်ဗျာ”

တစ်နေ ့ အဖျားအလွန်ကြီးနေသောလူနာတစ်ဦးအား၊ ဆရာဝန်ကဆေးကုသပေးပါသည်။
လူနာ- ဆရာ၊ ကျွန်တော်ဘာတွေစားရမယ်ဆိုတာညွှန်ကြားပေးပါ။
ဆရာဝန်- အဖျားကတက်လိုက်ကျလိုက်ဖြစ်နေတော့ အူရောင် ငန်းဖျားဖြစ်မှာစိုးရတယ်။
ထမင်းကအစ အဖတ်ဆိုရင်ဘာမှမစားပါနဲ ့၊ နွားနို ့၊ ကော်ဖီ အရည်ဆိုရင်အားလုံး
သောက်လို ့ရပါတယ်။
ပြောပြီးဆရာဝန်ကပြန်သွားတော့သည်။ နောက်တစ်နေ ့လူနာဆီရောက်တော့၊ လူနာအဖျား
တက်နေသဖြင့်-

ဆရာဝန်- အဖျားတက်နေပြန်ပြီလား၊ ဘာတွေစားလဲ၊ အဖတ်တွေစားတယ်ထင်တယ်။
လူနာ- ဘာမှမစားပါဘူးဆရာရယ် ။ ထန်းရည်ခါး ၁ဗူးပဲသောက်ထားတာပါ။
ဆရာဝန်- ဟာ၊ ဖျားနေတဲ့သူက ထန်းရည်ခါးသောက်ရသလား။
လူနာ- ဆရာက အရည်ဆိုရင်အားလုံးသောက်လို ့ရတယ်ဆို။

ဒါမှ အမတ်အစစ်
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိ်န်းမက မေးလိုက်သည်။

မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။

မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။

ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း

ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။

ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။

ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။

အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။

စိတ်မှန်နေသောအရူး

အရူးထောင်တွင် ဗိုလ်ချုပ်ကြီးလာရောက်စစ်ဆေးမည်ဆိုသဖြင့် ဆရာဝန်များက အရူးများကို အမိန့်ပေးနေလေသည်။
‘ဒီနေ့ ဗိုလ်ချုပ်ကြီးလာလိမ့်မယ်။ မင်္ဂလာပါ ဘဘကြီးလို့ နှုတ်ဆက်မှ မင်းတို့ကို ထမင်းကျွေးမယ်’

ဗိုလ်ချုပ်ကြီးလာသောအခါ အရူးတစ်ယောက်မှလွဲပြီး ကျန်သောအရူးများက မင်္ဂလာပါ ဘဘကြီး ဟု နှုတ်ဆက်လေသည်။

ထိုအခါဗိုလ်ချုပ်ကြီးက ဆရာဝန်များကို ထိုအရူးဘာကြောင့် မနှုတ်ဆက်သလဲဟုမေးသောအခါ ဆရာဝန်ကြီးဖြေလိုက်ပုံက
‘စိတ်မဆိုးပါနဲ့ ဗိုလ်ချုပ်ကြီးရယ် သူဒီနေ့ စိတ်ကောင်းနေလို့ ဖြစ်ပါလိမ့်မယ်’

ဒီညတော့ အိပ်ရတော့မယ်

ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။

ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။

နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။ ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’ ဟု ထပ်မံ ကြေညာလေသည်။

နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။

ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’

ကျေးဇူးပါ

ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။

ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ် အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့ သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။

လူငယ်။ ။ ကျေးဇူးပါအဖေ။

နံရံတွေ ပြိုနေလို့

အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။ နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့် ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။

ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’

ပိုတောင်ကောင်းသွားပါတယ်

တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားလေသည်။

ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။

ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။

‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’

ကြိုက်ရာလမ်းရွေး

နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’

ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’

နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’

နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’

Good Father

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား… ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား… အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး….
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး… ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား… လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား… ရပါတယ်။

Postive Attitude
ိပ်သိရင်
ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့ဩတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”

****************
မောင်လို့ခေါ်ရင် ပြောမယ်
တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့အခန်းတစ်ခန်းမှာ
ကောင်လေးကနောက်ကခုံမှာ
အရှေ့မှာကစာသိပ်ကြိုးစားတဲ့ကော
င်မလေးတစ်ယောက်ထိုင်တယ ် ခုံတစ်တန်းထဲ
ကျကြတာ

ရှေ့နောက်ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို
ခုနကပြောတဲ့နောက်ကကောင်လေးကစာရွက်ကြီးကိုင်ပြီးစာပြန ်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး

ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့
အခက်တွေ့နေတယ်ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာဒီတစ်ပုဒ်ပဲ ကျန်တာ
ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ်

၄ဝလောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့
အနီးဆုံးဖြစ်တဲ့နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်“
ဟေ့…..နံပါတ်(၅) ပြောပြကြည ့်“

“အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်““

မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
စိတ်အရမ်းဆိုးသွားတယ်””အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ်
ဆရာမတွေကလဲမျက်စိတောက်ထောက်ကြည့်နေတာနာရီကြည့်ေ တာ့

မိနစ် ၃ဝ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးကစိတ်ကိုလျှော့ပြီး
အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး““ ဟေ့ …ပြောပြလေဟာ နင်ကလဲ
နော်

””ကောင်လေးကလည်းပြန်ပြောရှာပါတယ်““ မောင်လို့ခေါ်ရင်ပြောမယ် ””ကောင်မလေး
တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ

ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး

နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ်
အဲဒါနဲ့ကောင်မလေးကစဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင်
ကိုယ်ကဘာဖြစ်သွားမှာကျလို့

နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး

နောက်လှည့် ပြီး

““ မောင်………….””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေးပြန်ပြောတယ်

““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ်
စိတ်ထဲမှာလဲကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က
အရေးကြီးနေတော့အသံကိုမနဲချိုပြီး

““ မောင်…..ပြောပြပါနော် ……မောင်နော် ””

အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက

““ ဟဲဟဲ …..မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

လျှော့ပေးမယ်လေ

ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….

အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်တယ်…..

How much is it? (ဘယ်လောက်လဲ)

It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…

Oh… very Expensive….

အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလို်က်တာက…

မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….

===============

ကိုတွတ်ပီဆိုင်ထိုင်နေတုန်း ကောင်မလေး၂ယောက်ရောက်လာပြီး
” မေမေမျှင်ရှိလား ”
” ရေချိုးနေတယ်၊ ဈေးဝယ်မလို့ဆို ငါရောင်းတတ်ပါတယ် ”
” မေမေမျှင်မှသိမှာ ”
” ငါလဲ တစ်ဆိုင်လုံးသိပါတယ် ကဲ ပြောဘာဝယ်မလဲ ”
” အတွင်းပစ္စည်းဝယ်ချင်လို့ ”
အဲသည်အချိန်မှာ ဒေါ်သေးမျှင်ကရေချိုးရာက လှမ်းအော်တယ်။
” ကတွတ်ပီ တော်မသိဘူး၊ လစဉ်သုံးပစ္စည်း၊ အတွင်းပစ္စည်းတို့ဆိုတာ ကျုပ်မှသိတာ ”

***********

ကတ်တလောက်

အရောက်ပို့ ပို့ဆောင်ရေးသည် ကျေးရွာအရောက် ကုန်ပစ္စည်းများ ပေးပို့ပါသည်
ရွာသာယာမှ ဖိုးထောင်တစ်ယောက် ဖက်ရှင် မဂ္ဂဇင်းတစ်စောင် ဝယ်လာသည်
မိုဒယ်လေးတွေ ဝတ်စုံလှလှလေးတွေနှင့် ကြော်ငြာလေးတွေ တွေ့တော့ အတော်ကြိုက်သွားသည်
သူငယ်ချင်းဖြစ်သူ သာဝနှင့် တိုင်ပင်သည်
ငါတော့ ဒီကက်တလောက်စာအုပ်ထဲက ကောင်မလေးကို ကြိုက်တယ်ကွာ ဈေးလဲ မဆိုးဘူးကွ ငါတစ်ယောက်လောက်မှာမလားလို့
အေးကွ မင်းအရင်မှာလိုက် သူတို့ ဓါတ်ပုံထဲကလိုပဲ လှရင် ငါလဲ မှာမယ်
နောက် တစ်ပတ်အကြာ
သူငယ်ချင်း ဖိုးထောင် မင်းမှာထားတဲ့ ကောင်မလေး ရောက်ပြီလားကွ
အေး သူငယ်ချင်း အဝတ်အစားတွေတော့ ရောက်ပီကွ လူကတော့ မကြာခင်ရောက်လာမယ် ထင်တယ်။

**************

ဒီကောင် လူမဟုတ်ဘူး

အသက်ရွယ်ကြီးရင့် ကာ လင်မယားကတောက်ကဆ ရန်ဖြစ်နေကြစဉ် လင်ဖြစ်သူ
အဖိုးကြီးက မယားဖြစ်သူ အဘွားကြီးအား ရိုက်နှိက်နေလေသည်။

ထိုစဉ် သမီးဖြစ်သူ ငိုယိုပြီး ဖခင်ဖြစ်သူအားတိုင်လေသည် ” အဖေ သမီးကို
သမီးယောက်ကျင်္ားရိုက်တယ်”

ဖခင်။ ။ “# # ^ ^ % % သား ဒီကောင် သူများသားသမီးကိုလည်းယူုသေးတယ်
ရိုက်လည်းရိုက်တယ် ဒီကောင်လူမဟုတ်ဘူး”…

************

နောက်မသွားတော့ဘူးနော်

ကိုဒသဂီရိတို့ချစ်စခင်စ ကြင်နာစ ဇနီးမောင်နှံ နှစ်ယောက်ကနေ သားသမီးတွေ ပွားစီးလာတဲ့
အချိန်မှာ ဘယ်လိုဖြစ်သလဲ ဆိုတာကို
ရေးချင်တာ………..
ညားကာစကတော့ မျက်စိအောက်က ပျောက်မသွားနဲ့ဦး တနေ့ကုန်ထိုင်ပြီး
တစိမ့်စိမ့်ကြည့်နေတဲ့ ကိုဒသဂီရိ…..
သူနားက တဖဝါးမှမခွာလို့ ချစ်တက်လိုက်တာလို့ ထင်ထားတဲ့ မမိန်းမ…..
ကာလတွေ ရွေ့လျားလာတော့ ကလေးတစ်
ယောက်ပွားစည်းလာတယ် …
အခေါ်အဝေါ်လေးကလဲ ပြောင်းလာတယ် ကိုဒသဂီရိက မမိန်းမ ကို ကလေးတစ်ယောက်အမေ
လို့ခေါ်သတဲ့ လေ
အရင် ကအလုပ်ကိစ္စကလွဲလို့ သူ့အနားမှာပဲ အချိန်ပေးတဲ့ ကိုဒသဂီရိဟာ
ခုဆိုညနေစောင်းလာရင် လမ်းလျှောက်
ထွက်တက်လာတယ်… သွားခါနီးရင်လဲ ကဲ ကို အပြင်သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ…..ဆိုပြီး လစ်ရော
မမိန်းမက ပြုံးပြုံးလေး ကြည့်လို့ ကျန်ခဲ့တာပေါ့ … ကိုဒသဂီရိက KTV ,
တို့ ဘာတို့ သွားပြီ ရေလည်လန်းနေတာပေါ့
အဲဒီလို သွားတာလဲ ခဏခဏပဲလေ သွားတိုင်းလဲ သွားလိုက်ဦးမယ်
ကလေးတစ်ယောက်အမေရေ…..ဆိုပြီး လစ်တာပေါ့
ဒီလိုနဲ့ တစ်ယောက်ကနေ နှစ်ယောက် … နှစ်ယောက်ရလားတော့
သက်ပြင်းလေးတောင်ချလိုက်သေးတယ် ဟင်း…….
သွားလိုက်ဦးမယ် ကလေးနှစ်ယောက်အမေရေ…..ဆိုပြီး လစ်တယ်လေ မမိန်းမက
ပြုံးတာကလဲ ပညာပါလာပြီဗျ …….
ငါးသလဲထိုး ငါးမြွေထိုးပြုံးလေးတွေ ပေါ့ …..
အဲ့ သုံးယောက်မြောက်မွေးတော့ ထုံးစံအတိုင်း ကလေး လေးလမပြည့်ခင်အထိ
မိန်းမနား ကပ်သေးတယ် …လေးလလဲ
ပြည့်ရော ထုံးစံအတိုင်း သွားလိုက်ဦးမယ် ကလေးသုံးယောက်အမေရေ…..ဆိုပြီး
လစ်မလို့ ခြေလှမ်းနေတုန်း မမိန်းမ
က ပြုံးပြုံးလေးနဲ့ ပြန်ပြောလိုက်တဲ့ စကားကြောင့် နောက်ကိုဒသဂီရိအပြင်ကို
မသွားတော့ဘူးတဲ့ ………………………………..
ပြောလိုက်တာက

သွားပေဦးတော့ ကလေးနှစ်ယောက်အဖေရေတဲ့

(ကိုဒသရေ စိတ်မဆိုးရဘူးနော်…………..ချစ်လို့စတာ)။

==========
‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို
ပြောစမ်း။’’
‘‘ မြေ-လေ-မီး…ပြီးတော့…ပြီးေ
တာ့…’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’

၂) ရောမမြို့ကြီးတည်ဆောက်ချိန်

‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’
‘‘ ညမှာပါ’’
‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’
‘‘ ဆရာပဲပြောတယ်လေ။ ’’
‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’

၃) ရူပဗေဒ

‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ
ဘာလို့လဲ။’’
‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’

၄) ဆက်သွယ်လိုလျှင်

‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’

‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’

၅) ကျွန်တော့်အဖေပါ

မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-

‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
‘‘ ကျွန်…ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’

၆) မှန်ပေမယ့် မှားတယ်
‘‘စိတ္တဇနာမ် ဆိုတာဘာလဲ။’’
‘‘ မသိဘူးဆရာ။’’
‘‘ ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။’’
‘‘သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။’’

၇) မှန်တော့မှန်ပါရဲ့

‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ…နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’

၈) စီအေတီ

‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’

၉) အမေးနှင့် အမေး

‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’

၁၀) သတိပေးနေလို့

‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။

==========
Here are some sayings from School….

Teacher: ‘What is your name?’
Student: ‘Mera naam Suraj Prakash hai.’

Teacher: ‘When I ask a question in English, answer it in English.’
Student: ‘My name is Sunlight.

Teacher: ‘What is your name?’.
Student: ‘My name is Beautiful Red Underwear’

Teacher: ‘What kind of a name is this? Don’t joke tell me the right name’
Student: ‘My name is Sunderlal Chadda.”

Teacher: What happened in 1869?
Student: Gandhiji was born.

Teacher: What happened in 1873?
Student: Gandhiji was four years old.

Teacher: What is the full form of maths?
Student: Mentally affected teachers harassing students

Teacher: Now children, if I saw a man beating a donkey and stopped him then what virtue would I be showing?
Student: BROTHERLY LOVE

Teacher: Because of Gandhiji’s hard work what do we get on 15th August?
Student: A holiday

Teacher: ‘Can anyone give me an example of Coincidence? ‘
Johnny: ‘Sir, my mother and father got married on the same day same time.’

Teacher: How old is ur father.
Sunny: As old as I am.
Teacher: How is it possible?
Sunny: He became father only after I was born. (1st Rank)

Teacher: There is a frog, Ship is sinking, potatoes cost Rs3/kg…Then, what is my age?
Student: 32 yrs.
Teacher: How do you know?
Student: Well, my sister is 16 yrs old
and she is half mad.

Leave a Reply

Your email address will not be published.