ရန်ကုန်မြို့တွင် မီးသတ် နည်းပညာ ကောလိပ် ဖွင့်လှစ်မည်

BayoteJune 12, 20101min04

မီးသတ် ပညာရပ်များကို သင်ကြား ပို့ချမည့် မီးသတ် နည်းပညာ ကောလိပ် ကို ရန်ကုန်မြို့၊ စမ်းချောင်း မြို့နယ်တွင် မကြာမီ ဖွင့်လှစ်ရန် မီးသတ်ဦးစီးဌာန ရုံးချုပ်က စီစဉ်လျက် ရှိသည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသင်းဌေးရွှေက ပြောသည်။ “မီးသတ် နည်းပညာ တွေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိ လာအောင် ဆောင်ရွက်တဲ့ အနေနဲ့ မီးသတ် နည်းပညာ ကောလိပ်ကို ဖွင့်လှစ်ဖို့ စီစဉ်နေ ပါတယ်။ ၁ဝ တန်းအောင် ကျောင်းသား တွေကို လက်ခံ မှာပါ ”ဟု ၎င်းက ပြောသည်။ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းရှိ မစိုးရိမ် ကျောင်းတိုက် အနီးတွင် ကောလိပ် အဆောက် အအုံကို တည်ဆောက်လျက်ရှိပြီး ဖွင့်လှစ်မည့် ရက်ကို မသတ်မှတ် ရသေးကြောင်း ဦးသင်းဌေးရွှေက ပြောသည်။ “လာမယ့် ၁ဝ တန်းအောင်တွေ ကနေ စပြီး လက်ခံ နိုင်မယ်လို့ ခန့်မှန်း ပါတယ်။ ဒီပလိုမာ ပေးမှာပါ။ ပညာရေး ဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဝန်ကြီး ဌာန တွေနဲ့ ညှိနှိုင်းဆဲ ဖြစ်တဲ့ အတွက် ဖွင့်လှစ်မယ့် အချိန် အတိ အကျကို မပြောနို်င် သေးပါဘူး ”ဟု ဦးသင်းဌေးရွှေ က ပြောသည်။

ကျောင်းသား လက်ခံမည့် ပုံစံ၊ သင်ရိုးညွှန်းတမ်း စသည့် ကိစ္စ ရပ်များကို စီစဉ် နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။ “မီးသတ် ပညာတွေကို လူတွေက အထင် သေးတယ်။ မီးသတ် ပညာဟာ အင်ဂျင်နီယာ ပညာရပ်တွေ ကိုလည်း သိရတယ်။ လက်သမား ပညာရပ်တွေကိုလည်း သိရတယ်။ ဓာတု ပစ္စည်းတွေ အကြောင်း၊ စက် ယန္တရားတွေ အကြောင်း၊ မီးငြှိမ်းသတ်နည်း မှာလည်း လျှပ်စစ်ကြောင့် လောင်တဲ့မီး၊ သစ်သား၊ ဝါး စတဲ့ ကာဗွန်ဒြပ်ပေါင်း တွေကို လောင်တဲ့ မီး၊ သတ္တုကို လောင်တဲ့မီး စတဲ့ လောင်စာ အလိုက ငြှိမ်းသတ် နည်းလမ်းတွေ ရှိပြီး ဖြစ်တယ် ”ဟု ၎င်းကေ ပြာသည်။ မီးသတ် နည်းပညာ ကောလိပ်မှ ဒီပလိုမာ ရရှိသူများ သည် မြန်မာနို်င်ငံ မီးသတ်ဦးစီးဌာန အောက်ရှိ မီးသတ် စခန်းများတွင် ရာထူး အဆင့်ဆင့် မီးသတ် သမားများ အဖြစ် လည်းကောင်း၊ မီးသတ် ပညာ ဖြန့်ဖြူးရေး ဝန်ထမ်းများ အဖြစ် လည်းကောင်း၊ ဟိုတယ်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်း များတွင် မီးသတ် အကြံပေးများ အဖြစ် လည်းကောင်း အလုပ် အကိုင် ရရှိနို်င်မည် ဖြစ်ကြောင်း ဦးသင်းဌေးရွှေက ပြောကြားကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

4 comments

  • intro

    June 12, 2010 at 4:31 am

    အမယ်… တယ်ဟုတ်ပါလားဟ… နောက်ဆိုရင် Fire Fighter တွေ Quality ဖြစ်လာပြီပေါ့… ဟဲဟဲ

    Reply

  • သတင်းလူသား

    June 12, 2010 at 7:52 pm

    Fire Fighter တွေကတော့ Quality ဖြစ်ပါတယ်။ မင်္ဂလာဈေးကနမူနာပါ။ Fire Equipment တွေကသာ Quality မဖြစ်တာပါ။ နောက်ပြီး အရေအတွက်လည်း များများရှိဖို့လိုပါတယ်။ ဒါလည်း မင်္ဂလာဈေးက နမူနာပါ။ ခုလိုကောလိပ်တစ်ခုအဖြစ်ဖွင့်လှစ်မယ်ဆိုတာကတော့ ကြိုဆိုလက်ခံရမယ့်အရာဖြစ်ပါတယ်။ ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။

    Reply

  • faizal

    June 13, 2010 at 6:32 am

    ၁ဝတန်းအောင်တွေဆိုပါလား။
    ပြီးရင်လစာလေး ၂ပဲခြောက်ပြားပေးမဲ့ရာထူးအတွက် ၁ဝ တန်းအောင်မှဆိုတော့..
    စဉ်းစားကြပါဦး

    Reply

  • Scott

    July 27, 2010 at 5:56 pm

    မင်္ဂလာဈေးကသက်သေပဲနော်…မီးသတ်ကားကောင်းကောင်းတောင်အများပြည်သူအတွက်မထားပေးနိုင်ဘူးလား……………

    Reply

Leave a Reply

Your email address will not be published.