ပန်းဆိုးတန်းမှတ်တိုင်က လူကူးမျဉ်းကြား

ဦးသုApril 10, 20121min06

လူကူးမျဉ်းကြားက မကူးရင် အခုတလော တော်တော်လေး ဖမ်းနေတာ အားလုံးသိကြမှာပါ ဒါပေမယ့် မျဉ်းကြားမှာ ဘတ်စကားတွေက ပိတ်ရပ်ထားပြီး မျဉ်းကြား နားကနေ ကူးတာ ကြတော့ မျဉ်းကြား မကူးတဲ့သူ တွေကို ဖမ်းပြီး ပိတ်ရပ်ထားတဲ့ ဘတ်စကားတွေကို မဖမ်းတာ ကျတော့ တော်တော် ခံပြင်းပါတယ်  လိုင်းကြေးပဲ ရနေလို့ လား ဒါမှ မဟုတ် မီးပွိုင့်တွေ မှာ သူတောင်းစားတွေ ပေးသလို ၂၀၀  ပစ်ချတာတွေကြောင့်လား တော့မသိပါဘူး သူ့ဟာသူ ဝီစီမှုတ်ချင်မှုတ် မမှုတ်ချင် နေ သောက်ဂရု ကိုမစိုက် ဘူး မျဉ်းကြား မှာ လူတွေကူးနေတာ တွေ့တာတောင်မှ တာလမ်းပေါ်မှာ နွားတက်လျှောက်နေသလို အရှိန်လေး တောင် ပိုတင် ပြီး ခြောက်လန့် မောင်းတတ်ကြတယ် လိုင်းကြေးမှန်မှန် ရနေရင်ကျေနပ်နေ တဲ့ကောင်တွေ ပန်းဆိုးတန်းမှတ်တိုင် ဗန်ဓုလ (စာမရိုက်တတ်လို့ပါ) လမ်းပေါ်ပန်းဆိုးတန်းမှတ်တိုင် က လူကူးမျဉ်းကြားလေး ကို လာကြည့်ကြပါအုံးလို့ ။

6 comments

  • Gipsy

    April 10, 2012 at 12:46 pm

    ပြည်သူတွေ အတွက် တရားမျှတမှုရရှိဖို့ အတော်လေးကိုဝေးနေပါသေးတယ်…၊
    အဲ့ဒီ မတရားမှုတွေ အပင်းဆို့မှုတွေ ကြောင့် အကျိုးမဲ့ အပြစ်သက်ရောက်မှုက
    ပြည်သူတွေအတွက် ကြီးစွာသော အနှောင့်အယှက်ပါ ….။

    Reply

  • laypai

    April 10, 2012 at 12:51 pm

    200 ပစ်ချ ပေး တယ် ဆို လို့ ရယ် စရာ လေး တခု ပြောရ အုံး မယ်။နဲ နဲ တော့ ကြာ ပါပြီ။
    မြေနီကုန်း မှာ ပါ။ ကိုယ် က လည်း ပွိုင့် ထိပ် ကနေ ကူး မလို့ စောင့် နေတာ။ ဆရာလေး ခပ်ငယ်ငယ် တပါး က လည်း မလှမ်းမကမ်း မှာ ပါတယ်။ ၂၀ဝ တန် တရွက် ကားပေါ် ပစ်ချတော့ အဲဆရာလေး က သူ့ လှူ တယ်မှတ် လို့ ကောက်ပြီး ဆု တွေ ပါတွေ ပေး နေတာ။ အဲဒီပိုက်ဆံ ကို ကောက်ဖို့ ပြေးလာ တဲ့ ပီကယ်ရုံး က ခေါ်ထား တဲ့ ကောင်လေး လည်း ဘာလုပ်ရ မှန်း မသိ ပြန်လှည့် သွာပါလေရော။

    Reply

  • မွန်မွန်

    April 10, 2012 at 1:58 pm

    မြေနီကုန်းမှတ်တိုင်လည်း ဘာထူးတုန်း..မီးပွိုင့်မိတာတောင် မျဉ်းကြားပေါ်တက်ရပ်ထားတယ်။ နောက်မှ ပို့စ်ရေးပြီးတင်ဦးမယ်…

    Reply

  • etone

    April 10, 2012 at 2:46 pm

    Thu Wai ပြောသလိုပါပဲ … မျဉ်းကြားက မကူးလျှင်တော့ဖမ်းတယ် …. ။ ကူးရအောင် ကားတွေ မျဉ်းကြားပေါ် တက်ရပ်တာတော့ ဘယ်လိုမှ အရေးမယူပေးဘူးပဲ … တစ်ခါတစ်လေကျလျှင်လေ ..သူတို့ ထုတ်တဲ့ စည်းကမ်းအချို့က … တကယ်လိုက်နာချင်လျှင်တောင် .. လိုက်နာလို့မရဘူး … 😆

    Reply

  • Onyx

    April 10, 2012 at 2:48 pm

    နွားတက်လျှောက်ရင်တောင် လျောရမှာစိုးလို့ အရှိန်လျော့ပေးအုန်းမယ်
    ဟိုတစ်ခါ မြင်းကျားက လမ်းကူးတုန်းကတောင် ခွေမျိုးတွေက ကားပေါ်ကနေ ဆဲသွားသေးတယ်။
    ဘယ်လောက် ခံပြင်းဖို့ကောင်းလိုက်လဲ ။အဲလိုတွေဆိုရင်ကော ဘယ်လို အရေးယူပေးမှာလဲလို့ မေးလိုက်ချင်တာ။စီးတော့ ကားတွေက အကောင်းစားတွေ တချို့ဆို နံပတ်တောင်
    မရသေးဘူး ။ အဲဒါမျိုးနေမှာ လူနေဘုံဖျား စိတ်နေချုံကြားဆိုတာ။
    ပီကယ်တွေကတော့ ပြောမနေနဲ့ သူတို့နဲ့ မဆိုင်သလိုပါပဲ။သိပ်ကို ဒေါသထွက်ဖို့လဲကောင်းတယ်။

    Reply

  • ster

    April 10, 2012 at 5:24 pm

    bus ကားတွေ ပေးတဲ.ဟာယူထားတာလဲ ပါချင် ပါမှာပေါ.။ မပြောရဲတာလဲ ဖြစ်မယ်။ spare, driver(များသောအားဖြင်.) တွေ အရမ်းဆိုးတာ။ သူတို.လုပ်ချင်တာ လမ်းပေါ်မှာ အကုန်လုပ်နေတာ။

    Reply

Leave a Reply to Onyx Cancel Reply

Your email address will not be published.