သဘာဝဆေးရည်များ အကျိုးရှိရှိအသုံးချခြင်း အပိုင်း(၁)

Wai Aung Chan MyoApril 7, 20121min02

ဆေးနည်းများကို ပြုလုပ်ရာတွင် ဖော်ပြခဲ့သည့်အတိုင်း ပစ္စည်းအမယ်များ မရခဲ့လျှင် လည်း မိမိတို့ဒေသထွက်ရှိသည့် နီးစပ်ရာ အမယ်များကို ဉာဏ်ရှိသလို အသုံးပြုနိုင်သည်။ ၎င်းတို့ကို အချဉ်ဖောက်ရာတွင် ရာသီဥတုပေါ်မူတည်၍ ပူလျှင် ၁ပတ်၊ အေးလျှင် ၂ပတ်ခန့် ကြာနိုင်သည်။ အချဉ်ဖောက်မည့် အိုးများကို ထားရာတွင် အေး၍ စိုစွတ်သော၊ အရိပ်ရသော နေရာများတွင် ထားရမည်။ စဉ့်အိုးများကို ဖုံးအုပ်ရာတွင် လေ့လာတွေ့ရှိသမျျှှထဲတွင် ပိတ်စ အပါးသာ အဆင်ပြေပြီး မိုးရာသီဖြစ်ခဲ့လျှင် အပေါ်မှ အမိုးမိုးပေးရန် လိုသည်။

ဆေးရည်များကို တစ်မျိုးနှင့် တစ်မျိုး ရောစပ်ဖြန်းရာတွင် စေတနာပို၍ လိုအပ်သည်ထက် အဆ ပိုမထည့်ပါနှင့်။ တန်လျှင် ဆေး၊ မတန်လျှင် ဘေး ဆိုသကဲ့သို့ အပင်များ ဒုက္ခဖြစ် တတ်သည်ကို သတိထားသင့်သည်။

သီးမပွင့်မီ အချိန်တွင် မီးစုန်းဓါတ်လိုအပ်သည်။ စတော်ဘယ်ရီသီး အချဉ်ဖောက်ရည်သည် အကောင်းဆုံးဖြစ်သည်။

မုန်တိုင်း၊ လေပြင်း၊ အအေးဒဏ်ကြောင့် မကျန်းမာသောအပင်များ၊ အရွက်များကို သစ်ရွက် အချဉ်ဖောက်ရည် ဖြန်းပေးရသည်။

ရေတွင် ထုံးဓါတ်များသော (pH level) မြင့်သော မိတ္တီလာကဲ့သို့သောဒေသများတွင် အရွက် ထိပ်ဖျားများလောင်သည့်ရောဂါ ဖြစ်တတ်သောကြောင့် pH level ညှိပေးရန် LAB ဘက်တီး ရီးယား အချဉ်ဖောက်ရည်သည် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် ၎င်းသည် အပင်ကို ရောဂါ ခံနိုင်စွမ်းရှိအောင်လုပ်ပေးသည့်အပြင် အဟာရဓါတ်ချို့တဲ့ခြင်းကိုပါ ကုစားပေးသည်။

ငါးအမိုင်နိုအက်စစ်သည် အနံ့ပြင်းသည့်အတွက် ရန်သူပိုးမွှားများ မလာစေရန်ကူညီပေး သည်။ သစ်ရွက်ဆွေးပြုလုပ်ရာတွင်၎င်း၊ မြေဆွေးပြုလုပ်ရာတွင်၎င်း၊ ထိုငါးအမိုင်နိုအက်စစ် ထဲ့ဖြန်းပေးခြင်းဖြင့် ပိုမိုကောင်းမွန်စေသည်။

2 comments

  • Thakhin CJ

    April 6, 2012 at 2:16 pm

    လူကလေး မောင်ဝေအောင်
    ချွန်ုပ် အားကြီး စိတ်ဆိုးလယ်
    တစ်နေ့ ပို့စ် နှစ်ပုဒ်ပဲ တင်ခွင့်ရှိတာ သိလျက်နဲ့
    ပို့စ်တွေ ဇွတ်ကြီးတင်ရင်တော့ သခင်ကြီး သိတ် စိတ်ဆိုးတယ်
    ဆင်ခြင်စေချင်ပါတယ်

    Reply

    • Wai Aung

      April 20, 2012 at 12:55 pm

      ခွင့်လွှတ်ပါ နောက်ဆင်ခြင်ပါ့မယ်

      Reply

Leave a Reply

Your email address will not be published.