၂၄ လက်မ ကမ်းလွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ ဓာတ်ငွေ့ စတင်လွှတ်ပါက တစ်နေ့လျှင် ကုဗပေ သန်းပေါင်း ၁၅ဝ ပို့လွှတ်မည်ဟု သိရ

khinmintatthuJune 11, 20101min04

၂၄ လက်မ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၁၅ဝ ပို့လွှတ်မည်ဖြစ်ကြောင်း၊ ယင်းမှ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင်စက်ရုံများသို့ အဓိကပို့လွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
၂၄ လက်မပိုက်လိုင်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗပေ သန်းပေါင်း ၁၅ဝ ကို ကမ်းလွန်ရတနာ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ပလက်ဖောင်းမှ ဖိအား ၁၄၀ဝ PSI ဖြင့်ပို့လွှတ်၍ ဖျာပုံခရိုင် ဒေါ်ငြိမ်း ကျေးရွာ ပိုက်လိုင်းစခန်း(Pipeline Center) မှ ရန်ကုန်မြို့သို့ ဖိအား ၈၀ဝ PSI ဖြင့် ထိန်းချုပ်ဖြန့်ဖြူးမည် ဖြစ်ကြောင်း သိရှိရသည်။
မုတ္တမကမ်းလွန် ရတနာဓာတ်ငွေ့မြေမှ အင်းစိန်ရွာမဓာတ်ငွေ့ ဖြန့်ဖြူးရေးစခန်းသို့ ဆက်သွယ်သည့် အဆိုပါ ၂၄ လက်မပိုက်လိုင်းမှ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်တာဘိုင် စက်ရုံများဖြစ်သော လှော်ကား၊ ရွာမ၊ သာကေတနှင့် အလုံတို့သို့ အဓိကပို့လွှတ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။
ထို့ပြင် သဘာဝဓာတ်ငွေ့သုံး နိုင်ငံပိုင်စက်ရုံများနှင့် စက်မှုဇုန်ရှိ ပုဂ္ဂလိကစက်ရုံများသို့လည်းကောင်း၊ တောင်ကြီးခရိုင် ပင်းပက်သံမဏိ စက်ရုံ၊ သာစည်မြို့နယ်၊ ပြည်ညောင် ဒေသရှိဘိလပ်မြေစက်ရုံများ၊ နေ ပြည်တော်ရှိ (တောင်ဖီလာ၊ ရေနီ၊ မင်းတုန်း)ရှိအမှတ်(၁)စက်မှုဝန်ကြီး ဌာန ဘိလပ်မြေစက်ရုံများနှင့်အခြား စက်ရုံများအထိ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သိရှိရသည်။
”၂၄ လက်မ ကမ်းလွန်ပိုက် လိုင်းကနေ ရန်ကုန်မြို့မှာရှိတဲ့ လျပ် စစ်တာဘိုင်စက်ရုံတွေအပြင် ဘိလပ် မြေစက်ရုံတွေကိုလည်း ပို့လွှတ်မယ် လို့သိရပါတယ်။ ရန်ကုန်မြို့ရဲ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်က ၆၀ဝ မဂ္ဂါဝပ်ဖြစ်တယ်။ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ ရန်ကုန်ကိုအဓိက ဖြန့်ဖြူးပေးမယ်လို့တော့သိရပါတယ်။ ဒါ့အပြင် စက်မှုဇုန်တွေကိုလည်း ပေးပို့မယ်လို့ သိရပါတယ်”ဟုစီးပွားရေး လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့ သည်။
ကမ်းလွန် ရတနာသဘာဝ ဓာတ်ငွေ့မြေမှ ဖျာပုံခရိုင် ဒေါ်ငြိမ်းကျေးရွာသို့ ၉၄ မိုင်ခန့် ပင်လယ်ရေ မျက်နှာပြင်အောက် ပင်လယ်ကြမ်း ပြင်ပေါ်တွင်တည်ရှိပြီး ဒေါ်ငြိမ်းကျေးရွာ Pipeline Center မှ အင်းစိန်ရွာမ ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းအထိ ကုန်းတွင်းပိုင်း ၈၅ ဒသမ ၄၃ မိုင် အရှည်ရှိကြောင်းလည်း သိရှိရ သည်။
အဆိုပါ ၂၄ လက်မပိုက်လိုင်း စီမံကိန်းကြီးကို နိုင်ငံခြားငွေ အမေရိ ကန်ဒေါ်လာ ၂၇၅ သန်းခန့်နှင့် ပြည်တွင်းသုံးငွေကျပ် ၄၁၁၁ သန်း ကုန်ကျခဲ့ပြီး အချိန်ကာလ ၁၅ လအတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

မှတ်ချက်။    ။မေးလ်ထဲမှ သတင်းတစ်ပုဒ်ကို မျှဝေလိုက်ခြင်းဖြစ်ပါသည်။

4 comments

  • etone

    June 30, 2011 at 10:15 am

    ပြောတာလည်း မင်းပါပဲ ကွယ် ဆိုတာမျိုး ဖြစ်နေပါပြီနော် ။

    Reply

  • pan pan

    June 30, 2011 at 10:26 am

    အင်း… ဒီတိုင်းသာတကယ်ဆိုရင်တော့
    ဆရာမြို့မငြိမ်းရဲ့ လူချွန်လူကောင်းသီချင်းထဲက
    “လျှပ်စစ်အား အသုံးများတဲ့ပြည်…တွင်တွင်ကျယ်ကျယ် ထက်အောက်မြေတခွင်”
    ဆိုတဲ့ အပိုဒ်လေးကို သတိရမိသေးတော့….

    Reply

  • ဆူး

    June 30, 2011 at 10:41 am

    ဟိုးရှေးရှေးတုန်းက တခါ ကြားဖူးတယ် ပိုက်လိုင်းကြီးနဲ့ လွတ်လိုက်တာ.. မီးတွေ မှန်လို့ နောက်တော့ မီးပျက် သွားတယ်။ အဲလို အဲလို ကြားတာ မီးဘာလို့ ပျက်လဲ သတင်းတွေ ထဲမှာ ကြားမိတယ် ပိုက်လိုင်းထဲမှာ ဂဲတွေ သဲတွေ ပါသွားလို့ တာဘိုင် စက်ကြီးတွေ ပျက်သွားလို့တဲ့… ဒီတခါ ခဲတွေ သဲတွေ စင်ရင် တော်ပါပြီ။

    Reply

  • nature

    June 30, 2011 at 4:05 pm

    မင်္ဂလာသတင်းကောင်းတခုပါပဲ။

    Reply

Leave a Reply to nature Cancel Reply

Your email address will not be published.