စုကီနှင့် သူမ၏ အချစ်တော်များ

phone_kyawApril 6, 20121min012

သူတို ့လည်း မြန်မာပြည်နဲ ့ပက်သက်ပြီးအတော်လေးကို စိုးရိမ်ပူပန်ကြတယ်။ နိုင်ငံတကာ သတင်းဌာနတွေဖြစ်တဲ့ SBS နဲ ့ BBC တို ့ကနေ မြန်မာနိုင်ငံသတင်းတွေကို တစ်ပတ်မှာ တစ်ခါလောက် သူတို ့တွေ ့နေမြင်နေရတော့ သူတို ့လည်း မြန်မာနိုင်ငံအခြေအနေကို သိတဲ့ပုံပဲ။

သူတို ့ဆိုတာက နိုင်ငံတကာကနေ ဩစတျေးလျနိုင်ငံမှာ သတ္ထုတူးဖော်ရေးလာလုပ်နေတဲ့ ပညာရှင်တွေဖြစ်ပါတယ်။ ချမ်းသာတဲ့ ဂျပန်နိုင်ငံကစလို ့၊ ဆင်းရဲတဲ့ ကျနော်တို ့လို မြန်မာနိုင်ငံက လူတွေလည်း ဩစတျေးလျနိုင်ငံက ရွှေတူးဖော်ရေး မိုင်းတွင်းမှာလုပ်ကြတယ်။ အဓိကတော့ လစာအရမ်းကောင်းလို ့ဖြစ်ပါတယ်။ ဂျက်လေယျာဉ်နဲ ့အလုပ်သွား အလုပ်ပြန်လုပ်ရတာအပြင်၊ အိမ် နဲ ့ ထမင်းကအစ အားလုံးစရိတ်ငြိမ်းဆိုတဲ့ အခွင့်အရေးလည်း ရကြတော့ ဂျာမနီ၊ အင်္ဂလန်၊ အမေရိကန်နဲ ့ဂျပန်တွေတောင် ကျနော်တို ့မိုင်းမှာ လုပ်ကြပါတယ်။ အနဲဆုံးပညာရည်အချင်း ကတော့ တက္ကသိုလ်ကပေးတဲ့ ဘွဲ ့တခုခုတော့ရှိပါတယ်။ သူတို ့နိုင်ငံက ဘွဲ ့ကို ဩစီတွေကလည်း အသိအမှတ်ပြုတော့ အလုပ် ရ တာ လွယ်ပါတယ်။ ဗမာပြည်က ဘွဲ ့ကတော့ ပြောမနေနဲ ့တော့။ ဘယ်မှာမှ သုံးလို ့မရဘူး။

ပြီးခဲ့တဲ့ အပတ်က အန်အယ်ဒီနိုင်သွားတော့ အလုပ်နားချိန်မှာ တီဗွီကြည့်နေတဲ့ လူတွေအားလုံး ဟေးးးးးဆိုတဲ့အသံတောင်ကြားရတဲ့

အထိ အားပေးကြတယ်။

မနက် (၆) နာရီအလုပ်ဆင်းတော့ Environmental Superintendent လို ့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးရအောင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ဌာနရဲ ့ဌာနမှုးက ကျနော့်ကို တွေ ့တွေ ့ခြင်း ဒီလိုပြောတယ်။

Suu Kyi..Democracy….Suu Kyi….Democracy

လက်သီးဆုပ်ပြီး အားရပါးရ အော်ဟစ်နေတယ်။ သူပြောတဲ့ စုကြည် ဒီမိုကရေစီ ၊ စုကြည် ဒီမိုကရေစီ….ဆိုတဲ့စကားလုံးကလည်း အတော်ရီစရာကောင်းတယ်။ သူက စုကြည်ကို အသံမထွက်တက်တော့ စုကီ….စုကီ….ဆိုတော့ ကျနော်က ဒီလူ ဘာကိုပြောနေမှန်း မသိဘူးလို ့တွေးနေမိတယ်။ နောက်မှ ဪ…ဒီလူ အန်အယ်ဒီနိုင်တာကို ဝမ်းသာနေပုံရတယ်။ ဒါ့ကြောင့် သူငါတို ့ကိုအားပေးနေတာ ဖြစ်မယ်လို ့။

သူက ဩစီစစ်စစ်ပါ။ ဩစီတွေဟာ ပါးစပ်ကလည်း Fuck ဆိုတဲ့ စကားကို ထည်လဲသုံးပါတယ်။ ဒါကို ကျနော်က ရိုင်းတယ်လို ့ထင်တယ်။ သူတို ့အချင်းအချင်းတော့ ရိုင်းတယ်လို ့မထင်ဘူး။

တစ်ခါတလေကြရင် လူစုံလာရင် သူတို ့ကမြန်မာအစိုးရ အကြောင်းလည်းးပြောတတ်တယ်။

Fucking Junta and Fucking Suu Kyi ဆိုတဲ့ စကားလုံးကြားတော့ အစိုးရအတွက်ဒေါသမထွက်မိပေမဲ့ ဒီကောင်တွေ ဒေါ်စုကို Fucking Suu Kyi လို ့ပြောတာကိုတော့ အတော်တင်းတယ်။ တစ်ခါတလေ ကျနော်လည်း တင်းလာပြီးဆိုရင် Fuck The Shut Up ဆိုတဲ့ စကားလုံးပြန်ပြီတုန် ့ပြန်မှ ဒီကောင်တွေ Fuck Fuck မပြောတော့ဘူး။ အတော်ဆိုးတဲ့ကောင်တွေ။

မိုင်းမှာ အားလုံးလိုလိုက တစ်ယောက်အကြောင်းကို တစ်ယောက်သိပါတယ်။ ဘယ်လောက်ထိသိလဲဆိုရင် ပြီးခဲ့တဲ့ အပတ်က ထမင်းချက်တဲ့ လူတွေက ထမင်းချက်တာ မနပ်လို ့ဆိုပြီး အီးမေးနဲ ့စားဖို မန်နေဂျာကို ထမင်းကို နပ်အောင်ချက်ဖို ့အကြံပေးတဲ့စာကို ကျနော်ရေးပါတယ်။ ဒါကို မိုင်းတစ်ခုလုံးက သိသွားတယ်။ မိုင်းမှာ လူပေါင်း ၈၀၀-လောက်ရှိတော့ ဘယ်လိုလုပ်ပြီးသိသွားသလဲ မသိဘူး။ သူတို ့က နောက်ဆိုရင် ဗမာတစ်ယောက်ပဲရှိတဲ့ ကျနော့်ကို တွေ ့တိုင်း ထမင်းအကြောင်းပဲပြောတော့တယ်။ ဒီလောက်ထိ တစ်ယောက်အကြောင်း တစ်ယောက်သိပါတယ်။ အားလုံးလိုလိုက တောထဲမှာ မိသားစုနဲ ့ဝေးပြီး အလုပ်လုပ်တာဆိုတော့ တစ်ယောက်တစ်ယောက်ဖေးဖေးမမ ပါပဲ။ ကူညီတက်တယ်။

အရက်အတူတူသောက်တယ်။ ပြီးရင် ဘယ်မိန်းမက ဖင် ဘယ်လောက်ကြီးကြောင်း ပြောတယ်။ အင်္ဂလိပ်မတွေလည်း ယောက်ျားတွေထက်ဆိုးတယ်။ အရက်ဝိုင်းမှာ အဆင်ပြေရင် အတူတူ အိပ်ကြရောပဲ။

မိုင်းမှာ ဌာနပေါင်းစုံရှိတယ်။ HR ဌာနစပြီး သင်တန်း၊ လုံခြုံရေး၊ Geology၊ သဘာဝပတ်ဝန်းကျင် နဲ ့ဌာနပေါင်း ၁၀-ခုကျော်လောက်ရှိမယ်ထင်တယ်။ ကျောက်ခဲထဲက ရွှေထွက်အောင်ညှစ်တဲ့အထိဆိုတော့ Process ကာလက ကြာတယ်။ မိုင်းရဲ ့သက်တမ်းက အနည်းဆုံး နှစ်ပေါင်းနှစ်ဆယ်လောက်တော့ တူးလို ့ရတယ်။

အခုလက်တစ်လော နစ်ကယ်ဈေးကြနေတော့ ဩစီက နစ်ကယ်တူးတဲ့မိုင်းက အလုပ်သမားတွေကို အလုပ်လျှော ့နေပါတယ်။ ကျနော်တို ့လည်း ဘယ်တော့ လျှော့တဲ့အထဲမှာပါမလဲမသိပါဘူး။ ကံကောင်းတာက ရွှေ ဈေးနှုံးက ကျတယ်လို ့မှမရှိတာ။ ဒါ့ကြောင့် ကျနော်တို ့ရွှေမိုင်းကတော့ မထိခိုက်နိုင်ဘူးလို ့ပြောပါတယ်။

အလုပ်ထဲက လူတွေအားလုံး မြန်မာပြည်ကို စိတ်ဝင်စားပါတယ်။ မြန်မာပြည်နဲ ့ပက်သက်ပြီး ဦးသန် ့ကိုသိသလို၊ စုကီလို ့ခေါ်တဲ့ ဒေါ်စုကိုလည်း သူတို ့သိပါတယ်။ အတိုက်အခံကို အရမ်းအားပေးပါတယ်။ ဒေါ်စုနိုင်တော့ နယူးဇီလန်က ဘူမိဗေဒပညာရှင်က မင်းတို ့နိုင်ငံမှာ မိန်းမ ဝန်ကြီးချုပ်ဖြစ်အုံးမှာပေါ့လို ့ သူကမှတ်ချက်ပေးတယ်။။ ဒီကိစ္စကို အလုပ်ထဲမှာ မနည်းရှင်းပြရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို ့အထင် ဒေါ်စုက အစိုးရဖြစ်တော့မယ်လို ့ထင်နေကြလို ့ပါ။ နိုင်ငံတကာမှာ ဒီကိစ္စကို ကျနော်တို ့အနေနဲ ့ရှင်းပြဖို ့လိုအပ်နေပြီ။ ဆိုတော့ ကျနော်က နယူးဇီလန်ကငနဲကို ဒေါ်စုအစိုးရဖြစ်ဖို ့နေနေသာသာ ပါလီမန်မှာ အစောင့်တောင်ရပါ့မလားမသိဘူးလို ့ပဲပြောမိပါတော့တယ်။

၈-ရက်ဆက်တိုက်၊ တစ်ရက်ကို ၁၂-နာရီတိတိ အလုပ်လုပ်ရတော့ အတော်ပင်ပန်းပါတယ်။ အိမ်ပြန်ခါနီးတော့ လူက အတော့်ကိုမောနေပြီ။ မိုင်းကနေ ဘတ်စ်ကားပေါ်တက်ပြီး လေယျာဉ်ဆီကိုတန်းပြေးရပါတယ်။ယူနီဖောင်းတွေကလည်း ညစ်ပတ်နံစော်နေကြပြီ။ ဘယ်သူမှ နပ်ကတိုင်နဲ ့လေယျာဉ်ပေါ်မှာမတွေ ့ပါဘူး။ အားလုံးက ညစ်ပတ်နံစော်နေတဲ့ ယူနီဖောင်းတွေနဲ ့။

လေဆိပ်ရောက်တော့ ညနေဆောင်းနေပြီ။

လေယျာဉ်မထွက်ခင် ဆေးလိပ်သောက်ကြတယ်။ ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ ့။

စုကြည်ကို စုကီလို ့ပြောတဲ့ သဘာဝပတ်ဝန်းကျင်ဌာနက ဌာနမှုးနဲ ့ကျနော်စကားပြောဖြစ်ပါတယ်။ အဓိက ခင်ဗျားတို ့ဘယ်လိုမျိူး မိုင်းမတူးခင်နဲ ့တူးပြီးတဲ့အချိန်မှာ ပတ်ဝန်းကျင်ကိစ္စကို စီမံခန် ့ခွဲလဲလို ့မေးပါတယ်။

သူကတော့ Environmental Impact Assessment ကိုညွန်းတယ်။ ဒါကိုတော့ လူတိုင်းနားလည်ပါတယ်။ အဓိက အစိုးရရဲ ့ဝင်ရောက်စွတ်ဖက်မှုကို ကျနော်သိချင်လို ့ ဒီကိစ္စကို အဓိကထားပြီး ထပ်မေးကြည့်တယ်။

သူက မိုင်းမတူးခင်မှာ အစိုးရဆီမှာ ကုမဏီတိုင်းက အပေါင်ထားတဲ့ငွေ (Bond) တင်ရပါတယ်။ ကျနော်တို ့မိုင်းက ဒေါ်လာ ၂၅-သန်း အပေါင်ထားရတယ်။ တကယ်လို ့အစိုးရရဲ ့မိုင်းနဲ ့ဆိုင်တဲ့ စည်းကမ်းကို မပြည့်မှီဘူးဆိုရင် အပေါင်ထားတဲ့ငွေ ရှုံးပါတယ်။ ဒါ့ကြောင့် ကုမဏီတွေက ဒီငွေမရှုံးအောင် ဒီကိစ္စအတွက် ဌာနသီးသန် ့ရှိရတယ်လို ့ဆိုတယ်။

” ဒီအချိန်မှာ မင်းကို ပြောရင် ပြီးမှာမဟုတ်ဘူး။ လေယျာဉ်လည်း ထွက်ခါနီးပြီ။ နောက်အပတ် ငါ့ရုံးခန်းကို လာခဲ့။ မင်းသိချင်တဲ့စာရွက်စာတမ်းတွေကို ငါ Print ထုတ်ပေးမယ်”

“ဘာ့ကြောင့် မင်းသိချင်တာလဲ” ထပ်မေးပါတယ်။

ကျနော်က-

“မြန်မာပြည်မှာ မိုင်းတွေရှိတယ်။ သူတို ့ကို ရှယ်ပေးချင်လို ့ပါ”

“ဘာမိုင်းတွေရှိလဲ”

“အတော်စုံပါတယ်”

ဒါဆိုရင် မင်းကို ငါကူညီမယ်လို ့ကတိပေးပါတယ်။

ကျနော်ကကျေးဇူးတင်ပါတယ်လို ့ပြောတာ့ သူက မလိုပါဘူးကွာလို ့ပြောတဲ့အထိ မြန်မာပြည်နဲ ့ပက်သက်ပြီး အတော်ကူညီချင်တဲ့ပုံပေါ်ပါတယ်။ ဒီလိုလူမျိူးတွေအများကြီးပါ။ ဒါ့ကြောင့် မြန်မာအစိုးရရဲ ့ပါးစပ်ကသာ ကျနော်တို ့နိုင်ငံအတွက် အကူအညီတောင်းကြည့်ပါ။ ရိုးရိုးသားသားနဲ ့အခမဲ့အကူအညီပေးမဲ့လူတွေတစ်ပုံကြီးပါ။

စုကီ ဒီမိုကရေ၊ စုကီ ဒီမိုကရေစီ

 

 

 

12 comments

  • ကိုရင်မောင်

    April 6, 2012 at 10:06 am

    နိုင်ငံအပေါ်ခုလိုစေတနာကောင်းလေးတွေရှိနေတာတွေ့ရတော့
    ဝမ်းသာပါတယ် ကိုဘုန်းကျော်ရေ…….

    Reply

  • ဗိုက်ကလေး

    April 6, 2012 at 11:10 am

    အင်း..
    စုကီကြောင့်ပဲ အနော်တို ့ အနုတ်စုတ်ဂုတ်စုတ်နိုင်ငံလေး လူသိများလာပါပကောလားဗျာ..
    ကျေးဇူးကြီးပါပေ့

    Reply

  • kyeemite

    April 6, 2012 at 2:32 pm

    ကဘုန်းကျော်..ရွေးကောက်ပွဲနဲ့ဆက်စပ်ပီး
    အတွေ့အကြုံလေးတွေတင်ပြထားတာ..
    ဗဟုသုတရပါရဲ့ဗျာ..ခင်ဗျားပြောတဲ့
    Environmental Impact Assessment ဆိုတာလေးလဲ
    ရရင်မျှပါအုံး..သင့်ခရုပါ..

    Reply

  • myanmarcitizen

    April 6, 2012 at 2:44 pm

    ကိုဘုန်းကျော်ရေ ကောင်းတယ်ဗျာ။ စာရွက်တွေရရင်လဲ share ပါအုန်း ဟိုအစိုရကသူတွေစိတ်မဝင်စားပေ မယ့် ရွာသားတွေကတော့ ဖတ်ချင်လို့စောင့်မျော်နေကြောင်းပါဗျား။

    Reply

  • Thit Sar Lin

    April 6, 2012 at 3:08 pm

    စုကီ..စုကီ တဲ့…
    ဘာပဲပြောပြော စုကီကိုသိတာနဲ့မြန်မာပြည်ဆိုတာကိုတန်းသိတာပေါ့…….

    Reply

  • ချာလီဂဇက်ဒလဝမ်

    April 6, 2012 at 8:20 pm

    အင်း ဒီတခါ အကောင်း အကောင်းနဲ့ နောက်တခါ ဘယ်လို ပို့စ်မျိုးလာဦးမလဲ မသိ ။
    ကိုဘုန်းကျော် ပို့စ်တွေကို ဝင်ဝင် ဖတ်ရတာ ရင်တောင်တုန် တယ် ။
    ရသအစုံပေး
    ဘုန်းကျော် ပို့စ်လေး တွေ။

    Reply

  • akswe

    April 7, 2012 at 8:06 am

    Ko Phone Kyaw,
    I believe, you just missplaced the words in your sentence ( fuck the shut up),It should be( shut the fuck up).
    My apology for correction if it is wrong .
    a ba swe.

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2012 at 9:39 am

    အိုးးးးးးးးးးယက်စ်စ်စ်စ်စ် အဘဆွေ/ရွှေ
    သစ် ဖွတ်ကင်း ဖုန်းကျော် ကန်စပိစမောမော အင်္ဂလိရှ်

    Reply

  • phone_kyaw

    April 7, 2012 at 3:08 pm

    Yes. You are right. Sorry for that.

    Reply

  • Khin Latt

    April 8, 2012 at 4:38 am

    ကဘုန်းကျော်
    တစ်နေ့တော့လဲ ရွှေအိမ်မက် တွေ အကောင်အထည် ပေါ်လာမှာပါ။

    အစ်မလဲ တနလာင်္နေ့က ရုံးမှာ အတော်မျက်နှာပွင့်ခဲ့တယ်။
    ဒေါ်အောင်ဆန်းစုကြည် မျက်နှာ နဲ့ပေါ့။
    တစ်ယောက်ကဆို “ဒီအမျိုးသမီး စကားပြော တာ သူ့မျက်နှာမှာ အင်အားတွေ ကို တွေ့ရတယ်။ သူ့နှလုံးသား က သတ္တိကိုလဲ မြင်နိုင်တယ်” တဲ့။
    ဘော့စ်ကတော့ “နင် ရော သူ့ကို ကြိုက်ရဲ့လား” တဲ့။

    တကမ္ဘာလုံးမှာ လူလူချင်း စာနာထောက်ထားတဲ့ စိတ်ရှိသူ ဘယ်သူမဆို ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်ကြပါတယ်။ မဟုတ်လား။
    သူ့ကို ကြိုက်ကြတာ ချစ်ကြတာ အကြောင်းမဲ့ မှမဟုတ်တာဘဲ။

    Reply

  • bigchef

    April 8, 2012 at 7:37 am

    အလုပ်ထဲမှာ လဲလာမေး လွန်းလို ့လဲရှင်း ပြရတာ ခဏ ခဏ။ပြော လိုက်တယ် ငါလဲ ပြန်တော့ မှာ လို့။ မင်း တို့ လဲ မြန်မာ ပြည် အ လုပ်လာ လုပ် ချင်ရင် ငါ နဲ ့ အ ဆက်အ သွယ် မပြတ်စေနဲ့ ဆိုပြီး။ဟီး ဟီး ပြောရတာ အ ရသာရှိ လိုက်တာ.

    Reply

  • bigchef

    April 8, 2012 at 7:39 am

    အလုပ်ထဲမှာလဲ လာမေး လွန်းလို ့လဲရှင်း ပြရတာ ခဏ ခဏ။ပြော လိုက်တယ် ငါလဲ ပြန်တော့ မှာ လို့။ မင်း တို့ လဲ မြန်မာ ပြည် အ လုပ်လာ လုပ် ချင်ရင် ငါ နဲ ့ အ ဆက်အ သွယ် မပြတ်စေနဲ့ ဆိုပြီး။ဟီး ဟီး ပြောရတာ အ ရသာရှိ လိုက်တာ.

    Reply

Leave a Reply

Your email address will not be published.