မီးခိုးအန္တရာယ် ရုတ်တရက် ကြုံတွေ့ရင် ဆောင်ရွက်ဖို့ထုတ်ပြန်

klnJune 11, 20101min02

အိပ်ပျော်နေစဉ်မီးလောင်မှုဖြစ်လို့ ရုတ်တရက်မီးခိုးအန္တရာယ်နဲ့ ကြုံတွေ့ရင် ဆောင်ရွက်ဖို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားကြောင်းသိရသည်။ အိပ်ပျော်နေစဉ်မီးလောင်မှုဖြစ်ပြီး ရုတ်တရက်မီးခိုးအန္တရာယ်နဲ့ကြုံတွေ့ရရင် စိတ်ကိုတည်ငြိမ်စွာထားပြီး ကြမ်းပြင်ပေါ်ကို လျင်မြန်စွာမှောက်ချလိုက်ပါ။ မီးခိုးဟာလေထက်ပေါ့တာကြောင့် မီးခိုးဟာ အခန်းရဲ့ အပါ်ပိုင်းမှာရှိနေတယ်။ ဒါကြောင့် ကြမ်းပြင်မှာ မီးခိုးလျော့ပါးပြီး အသက်ရှူနိုင်မယ့် အခွင့်အလမ်းအများဆုံးရှိနိုင်မှာပါ။ အဲဒီအချိန်မှာ မတ်တပ်ရပ်သွားလာခြင်းမပြုသင့်ပါဘူး။ ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက် (ဒါမှမဟုတ်) မိကျောင်းတက်အနေအထားနဲ့ တံခါးဆီသွားပြီးပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းရမှာပါ။ မီးသတ်ဦးစီးဌာနညွှန်ကြားရေးမှူး၊ ဦးအောင်ကျော်မြင့်က ‘ ရုတ်တရက်မီးခိုးနဲ့ ကြုံရင်အထက်ပါအတိုင်း လုပ်ရမယ်။ တကယ်လို့များကြိုတင်စီမံချိန်ရရင် ဥပမာ မင်္ဂလာဈေးမီးလောင်တာကိုရပ်ကြည့်နေတဲ့ လူတွေဆိုရင် လက်ကိုင်ပဝါရေဆွတ်ပြီး ပါးစပ်နဲ့နှာခေါင်းတို့မှာ အုပ်ထားပေါ့’လို့ရှင်းပြတယ်။ မီးခိုမှာ လောင်တဲ့လောင်စာပေါ်မူတည်ပြီးကွဲပြားမှုရှိတယ်။ ရိုးရိုးလောင်ရင် ကာဘွန်ဒိုင်အောင်ဆိုက်ထွက်ပြီး ဓာတုဗေဒပစ္စည်း တွေလောင်တဲ့အခါ ကာဘွန်ဒိုင်အောက်ဆိုက်အပြင် ကာဘွန်မိုနောဆိုက်ပါထွက်တယ်။ သာမန်ကာဘွန်ဒိုင်အောက်ဆိုက်ဆို်ရင်တောင်သုံးမိနစ်လောက်ဆက်တိုက် ရှူမိရင် သတိလစ်မေ့မြောသွားနိုင်တယ်။ ကာဘွန်ဒိုင်အောက်ဆိုက်ထက် ကာဘွန်မိုနောဆိုက်က ပိုပြင်းထန်တယ်လို့ သိရတယ်။ ဦးအောင်ကျော်မြင့်က ပဲ ‘မီးလောင်နေတဲ့ အချိန်မှာ ကိုယ့်အသက်ပဲ အရေးကြီး ပါတယ်၊ ဘာပစ္စည်းကိုမှ မတ်တတ်ရပြ်ီးသွားမယူပါနဲ့ လမ်းခုလတ်မှာပဲ လဲကျသတိလစ် သေဆုံးနိုင်ပါတယ်’ လို့ ပြောပါတယ်။ အထပ်မြင့် တိုက်ခန်းတွေမှာ မီးလောင်မှုဖြစ်လို့မီးခိုးအန္တရာယ်နဲ့ကြုံတွေ့ရင်အရေးပေါ် လုပ်ဆောင်နိုင်ဖို့ ထုတ်ပြန်ထားတာဖြစ်ကြောင်း သိရသည်။

2 comments

  • သတင်းလူသား

    June 11, 2010 at 7:04 pm

    ဟုတ်ကဲ့ပါ။ ဒါမျိုးတွေက ပြည်သူလူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိသင့်တဲ့အချက်အလက်တွေပါ။ များများဖြန့်ဝေနိုင်လေကောင်းလေပါပဲ။ ဘာမှမဟုတ်ဘူး။ အသေးအမွှားပါလို့ထင်ထားတဲ့ကိစ္စတွေက ကြီးကျယ်နေတတ်သလို။ အသေးအမွှားပါလို့ထင်ထားတဲ့လုပ်ရပ်တွေက လူ့အသက်ကိုကယ်တင်နိုင်တာမျိုးသာဓကတွေများစွာရှိပါတယ်။ ပြည်သူတွေသတိရှိရှိ၊ အသိရှိရှိနဲ့လုပ်ဆောင်လိုက်နာနိုင်ဖို့လိုပါတယ်။

    Reply

  • khinmintatthu

    June 11, 2010 at 9:43 pm

    လိုက်နာဆောင်ရွက်သင့်ပါတယ်…တစ်ခုခုဆိုရင် အကြောက်အလန့်လွန်ပြီး သတိလက်လွတ်ဖြစ်သွားတတ်တာကြောင့် ကြိုတင်သိရှိထားတယ်ဆိုရင် အရေးအကြောင်းဆိုရင်တောင် သိရှိထားတာတွေကို အသုံးချဖို့လိုအပ်တာပေါ့….အဲဒီလိုအပ်ချက်လေးတွေကို အခုလိုတင်ပြထားမှုဟာ တကယ်ကိုအကျိုးရှိစေပါတယ်….

    Reply

Leave a Reply to khinmintatthu Cancel Reply

Your email address will not be published.