ပာုတ်ပမလားမောင်ကာဠု ရဲ ့

ShwemannmayJune 11, 20101min05

ဂျီအက်စ်အမ်ဖုန်းများကို ပြည်ပတွင် အသုံးပြုနိုင်ရန်နှင့် ပြည်တွင်း၌ ဖုန်းအသုံးပြုရာတွင် လိုင်းဆွဲအား ပိုမိုကောင်းမွန်လာစေရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ သိရှိရသည်။
”ဂျီအက်စ်အမ်ဖုန်းတွေကို ပြည်ပကိုယူဆောင် အသုံးပြုနိုင်ဖို့ စီစဉ်နေပါတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဂျီအက်စ်အမ် ဖုန်းနံပါတ်တွေကို နိုင်ငံခြားဆက်သွယ်ရေး Network တွေမှာ အလုပ်လုပ်နိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။ ဂျီအက်စ်အမ်ဖုန်း တွေကိုပြည်ပနဲ့ outgoing, incoming   ရအောင်စီစဉ်နေတာပါ။ ဒီအတွက် ဂျီအက်စ်အမ်ဖုန်းတွေကို ပြည်ပကိုယူဆောင် သွားလို့ ရမယ်။ ပြည်ပကနေ ပြည်တွင်းကို ခေါ်ဆိုလို့ ရမယ်။ ပြည်တွင်းဖုန်းတွေကနေ ပြည်ပမှာ ရှိနေတဲ့ မြန်မာဂျီအက်စ်အမ်ဖုန်းတွေကို ခေါ်ဆိုလို့ရမယ်။ ဒီလိုယူဆောင်သွားလို့ရတဲ့ နိုင်ငံတွေကအရှေ့တောင်အာရှ နိုင်ငံတွေပဲဖြစ်မလား၊ တခြားနိုင်ငံတွေရော ပါမလားဆိုတာတော့ အတိအကျ ပြောလို့မရသေးပါဘူး။ ဆွေးနွေးနေတုန်းပဲ ရှိပါသေးတယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုသို့ ဖုန်းခေါ်ဆိုနိုင်မှုများ ပြုလုပ်လာနိုင်ပါက ဖုန်းခေါ်ဆိုခ ကျသင့်ငွေကို နိုင်ငံခြားခေါ်ဆိုခ နှုန်းထားနှင့်အတူ Roaming Charges များကိုပါ ပူးတွဲပေးဆောင်ရဖွယ်ရှိကြောင်း သိရှိရသည်။ ထို့ပြင် ဂျီအက်စ်အမ်ဖုန်းများကို ပြည်တွင်း၌ လိုင်းဆွဲအား ပိုမိုကောင်းမွန်လာစေရန် ဆက်သွယ်ရေးပင်မစခန်း ခံနိုင်ဝန်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။   ငွေကျပ်ငါးသိန်းတန် CDMA  800 MHz  ဖုန်းများ စတင်ချထားပေးပြီးနောက် ဂျီအက်စ်အမ်ဖုန်းများ၏ ပြင်ပပေါက်ဈေးနှုန်းများမှာ ငွေကျပ် ၁၃ သိန်း ဝန်းကျင်အထိ ပြောင်းလဲ သွားခဲ့ပြီး မြန်မာဆက်သွယ်ရေး လုပ်ငန်းသို့ဂျီအက်စ်အမ်ဖုန်း လျှောက်ထားမှုနှင့်  ဖုန်းရရှိပါက လာရောက်ထုတ်ယူမှုများမှာလည်း လျော့နည်းလာခဲ့ကြောင်း သိရှိရသည်။ သို့သော် ဂျီအက်စ်အမ်ဖုန်းများကို ဆက်လက်ချထားပေးလျက်ရှိပြီး  လစဉ်ချထားပေးသည့် ဖုန်းအရေ အတွက်သာ Demand ကြောင့် အနည်းငယ်လျော့နည်းသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဂျီအက်စ်အမ်ဖုန်း စနစ်ကို မြန်မာ နိုင်ငံတွင် ၂၀၀၂ ခုနှစ် ဝန်းကျင်မှ စတင်အသုံးပြုခွင့်ရရှိခဲ့ပြီးနောက် နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ရှိ နိုင်ငံသားတစ်ဦးလျှင် မိုဘိုင်းဖုန်းတစ်လုံးနှုန်းဖြင့် ရွေးချယ်ချထားပေးခဲ့ရာ ယခုအချိန်၌ မိုဘိုင်းဖုန်းများထဲတွင် အလုံးရေ အများဆုံးချထားပေးပြီး ဖြစ်သည့် ဖုန်းအမျိုးအစားတစ်ခုဖြစ်ကြောင်း သိရှိရသည်။
၂၀၁ဝ ပြည့်နှစ် မေလအထိ ဂျီအက်စ်အမ်ဖုန်းအလုံးရေ ငါးသိန်းဝန်းကျင်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးပြီးဖြစ်ကြောင်း၊ ယခင်က ဂျီအက်စ်အမ်ဖုန်းများကို ပြည်ပသို့ ယူဆောင်အသုံးပြုမှုများ ပြုလုပ်၍မရဘဲ မြန်မာနိုင်ငံအတွင်းရှိ မြို့ပေါင်း ၈ဝ ဝန်းကျင်တွင်သာ ဆက်သွယ် အသုံးပြုနိုင်ကြောင်း သိရှိရသည်။

ဒါလည်း အလဲဗင်းကပဲ

5 comments

  • လင်းဝေကျော်

    June 11, 2010 at 5:47 am

    roaming ခေတ်ကုန်သွားပြီဆိုမှာ ဘာလာလုပ်တာတုန်း

    Reply

  • Unnamed

    June 11, 2010 at 5:59 am

    ဒီသတင်းကြားတာ ကြားပြိီဗျ။ဒါပေမဲ့ တကယ်ဖြစ်လာဖို့ကတော့ 2012လောက်မှ စတင်လုပ်ဆောင်မယ်လို့ပြောပါတယ်။

    Reply

  • ghost

    June 11, 2010 at 6:12 am

    မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောတာက “ကဒါမာဖုန်း”ကိုပြောတာ
    နိုင်ငံတကာသုံး မြန်မာ ကဒါမာဖုန်း

    Reply

  • yannaingech

    June 11, 2010 at 7:07 am

    သူများနိုင်ငံတွေမှာက ဒီမှာထက် ဖုန်းပြောခ ပိုဈေးချိုတာ မဟုတ်ဘူးလား။ ဒီကဈေးကြီးတဲ့ဖုန်းကို သူများဆီယူသွားပြီး သုံးဦးမလို့လား။

    Reply

  • Scott

    July 27, 2010 at 6:30 pm

    ကျသင့်ငွေကို နိုင်ငံခြားခေါ်ဆိုခ နှုန်းထားနဲ့ဆိုရင်သူက တောင်ဈေး ပိုကြီးဦးမယ်…

    Reply

Leave a Reply to Unnamed Cancel Reply

Your email address will not be published.