ရင်တုန်စရာ

ShwemannmayJune 11, 20101min02

၂၀၀၉-၂၀၁ဝ ပညာသင်နှစ်တွင် ဖြေဆိုထားခဲ့သော တက္ကသိုလ် ဝင်တန်း စာမေးပွဲအောင်စာရင်းများ  ဇွန်လလယ်ပိုင်းတွင် ထွက်ရှိမည်ဟု တက္ကသိုလ်ဝင်တန်း ပညာရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါသည်။ ဆရာ၊ ကျောင်းသား၊ မိဘများမှ အောင်စာရင်းအတွက် ကြိုတင်ရင်ခုန် စောင့်မျှော်နေကြပြီ ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ယမန်နှစ်က တက္ကသိုလ်ဝင် တန်းအောင်စာရင်းအား ဇွန်လ ရ ရက်နေ့က ထုတ်ပြန်ခဲ့ကာ ယခုနှစ်အတွက် ဇွန်လလယ်ပိုင်းတွင် ထွက်ရှိမည်ဖြစ်သည်ဟု သိရှိရပါသည်။
အောင်မြင်မှု၊ ကျရှုံးမှုဟူသည် ကျောင်းသားတစ်ဦးချင်းစီနှင့် သက်ဆိုင်မှု ရှိသကဲ့သို့ အောင်မြင်မှုအား ကျောင်းသား၊ မိဘတိုင်းကလိုလားကြသည့် အရာပင်ဖြစ်ကာ ထွက်ရှိလာတော့မည့် ရလဒ်အပေါ်စောင့်မျှော် ရင်ခုန်နေကြပြီ ဖြစ်ကြသည်ဟု သိရသည်။
ထို့ပြင် ထွက်ရှိလာတော့မည့် စာမေးပွဲရလဒ်သည် လူတန်းစားအသီးသီး၌လည်း ကွာဟမှုများ ရှိလာနိုင်ကြသည်ကို တက္ကသိုလ်ဝင်တန်း သင်ကြားသူ ဆရာတစ်ဦးက ”အမှန်ကတော့ တက္ကသိုလ်ဝင်တန်းက လူတိုင်းအောင်ချင်တဲ့ စာမေးပွဲပါပဲ။ အရင်ကဆို ၁ဝ တန်း စာမေးပွဲကအ ရမ်းနတ်ကြီးတဲ့ စာမေးပွဲလည်းဖြစ်သလို အောင်ဖို့လည်းအရမ်းခက်တယ်။ အခုတော့ မြို့ထဲကျောင်းတွေရဲ့ ဂုဏ်ထူးထွက်သူဦးရေဟာ ဆင်ခြေဖုံးမြို့ နယ် ကျောင်းတွေကနဲ့မတူဘဲ တစ်ခန်းလုံးနီးပါး ဖြစ်လာကြတာတွေ ရှိတယ်။ ကျောင်းသားတွေရဲ့ ကြိုးစားမှုရလဒ်ဖြစ်လာသလို ခေတ်အရ ပြောင်းလဲလာနေတဲ့ ပညာရေးလို့ ပြောရတော့မှာပါပဲ”ဟု ပြောကြားခဲ့ပါ သည်။
မြောက်ဥက္ကလာပမြို့နယ် တွင် နေထိုင်သူတစ်ဦးက ”အောင်စာ ရင်းတွေ ထွက်တော့မယ်သိလို့ ဘုရားရှိ ခိုးနေရတယ်။ အောင်တော့အောင်မယ် ထင်တာပဲ။ အောင်တော့လည်း မိဘတွေ ကုန်ရကျိုးနပ်တာပေါ့”ဟု ပြောပြခဲ့သည်။
ဒေါက်တာစိုးဝင်းဦး (ဇီဝဗေဒ) က”အမှန်တော့ ၁ဝတန်းအောင်စာ ရင်းမှာ အမှတ်တွေအများကြီးနဲ့ ဂုဏ်ထူးအများကြီး ထွက်တယ်ဆိုတာ အခုနောက်ပိုင်းမှာ အများကြီးခေတ်စားလာတယ်။ ကျောင်းသားတွေက ဒီအပေါ်မှာ သာယာနေရမှာမဟုတ်ပါ ဘူး။ တကယ်တတ်မြောက်မှု ရှိသလား။ ပြီးတော့ ပညာကဒီမှာတင် ဆုံးသွားမှာ မဟုတ်သလို ကျတဲ့သူတွေအနေနဲ့ကလည်း ကိုယ်ဒီတစ်နှစ်ကျပြီး ဒီလောက်နဲ့တင် ရပ်သွားမှာမဟုတ်ဘူး။ စိတ်ဓာတ်မကျဘဲထပ်ပြီး အောင်မြင်အောင် လုပ်သွားသင့်တယ် ဆိုတာပါပဲ”ဟု ပြောပြခဲ့ပါ သည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများမှာ ပြင်ပမှ အင်္ဂလိပ်စာ၊ ကွန်ပျူတာဘာသာရပ်၊ စာရင်းကိုင် သင်တန်းများ သင်ကြားခြင်း၊ ပညာဒါနသင်တန်းများ တက်ရောက်နေကြခြင်းများဖြင့် အောင်စာရင်းများ ထွက်ရှိလာမည့်ရက်အား ရင်ခုန်စွာ စောင့်မျှော်နေကြောင်း၊ ၂၀၀၉ခုနှစ် ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းရလဒ်မှာ ဂုဏ်ထူးထွက်သူ များခဲ့ပြီးမြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရမှတ်သည် ၅၆ဝဖြင့် စံချိန် ဖြစ်ကြောင်းသိရသည်။

2 comments

  • Unnamed

    June 11, 2010 at 5:53 am

    13 ရက်နေ့ထွက်မယ်လို့တော့ မန်းမှာကြားတယ်။

    Reply

  • htethtet

    June 11, 2010 at 6:14 am

    မထွက်သေးပေမဲ့လဲ
    အတိအကြ အောင် မအောင်/ ဒီ?
    သိချင်ရင်ရတယ်နော်
    ပိုက်ပိုက် ရှိရင် အကုန်ဖြစ်တယ်

    Reply

Leave a Reply to Unnamed Cancel Reply

Your email address will not be published.