အလည်လွန်နှလုံးသား

lulinmgApril 1, 20121min01

မနေအထိ

လွမ်းနေဆဲဆိုပေမယ့်

ငါ့ရင်ထဲမှာက

နာကျဉ်ခဲ့ရတာပါ…

ခဏတာအတွက်

မဟုတ်ခဲ့ရပါဘူး…

အမှတ်တရဒဏ်ရာရခဲ့တာ

အမှားတစ်ရပ်လို့ဆိုစေဦးတော့

ငါမင်းကိုချစ်လျှက်နဲ့

လွမ်းနေဆဲပါ…

ဗီလိန်တစ်ယောက်မှာလည်း

နှလုံးသားနဲ့ချစ်တက်တာပါပဲလေ…

ဇာတ်ညွှန်းကိုရေးခဲ့မိတော့

မင်းသားမဖြစ်နိုင်တာမဆန်းပါဘူး…

ဒါပေမယ့်

အရာအားလုံးရင်နဲ့ရင်းခဲ့ရတာပါ…

ညီမလေးရယ်

နှုတ်မဆက်ရက်ပါဘူး…

ဒါပေမယ့်

ပျော်ရွှင်ပါစေကွာ…

 

One comment

  • lulinmg

    April 5, 2012 at 12:33 pm

    ကဗျာ ကိုတောင်းဆိုတဲ့အတွက်
    ဆက်ပြီးရေး နေမှာပါ

    Reply

Leave a Reply to lulinmg Cancel Reply

Your email address will not be published.