ငါးအမိုင်နိုအက်ဆစ် နှင့် ပုဇွန်ခွံအချဉ်ဖောက်ရည် (Chitosan) ပြုလုပ်ခြင်း

Wai Aung Chan MyoApril 3, 20121min02

ငါးအမိုင်နိုအက်ဆစ် ပြုလုပ်ခြင်း

• ဦးစွာ ပထမ ဟင်းမချက်မီ ခုတ်စင်းထားသော ငါးအရိုးနှင့် ခေါင်းများကို စဉ်းနီးတုံးတွင် နုပ်နုပ်စင်း၍ စဉ့်အိုးထဲထည့်ပါ။ ထို့နောက် ထည့်ထားသော ပမာဏ၏ တစ်ဝက်ခန့် သကြားညိုထည့်၍ ဇွန်းဖြင့် သမအောင်မွှေပေးပါ။ မြန်မြန်အချဉ်ဖောက်ချင်လျှင် သကြား ပိုထည့်ရမည်။

• ပြီးလျှင် အချဉ်ဖောက်ထားပြီးသော ထမင်းရည်(သို့မဟုတ်) ဆန်ဆေးရည်ကို အိုး၏ ၃ပုံ ၂ပုံခန့်ထည့်၍ မွှေပေးပါ။ ထို့နောက် အိုးထိပ်ဝကို ပိတ်စအပါးဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် ၂ပတ်၊ ၃ပတ်ခန့်ထားပါ။ ၃၊ ၄ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူမနီးသောနေရာတွင် ထားပါ။ ဆေးဖြန်းရမည့် ပမာဏမှာ အထက်ပါဆေး နည်းများအတိုင်း ဖြစ်သည်။

ပုဇွန်ခွံအချဉ်ဖောက်ရည် (Chitosan) ပြုလုပ်ခြင်း

• ရှေးဦးစွာပုဇွန်၊ လယ်ဂဏန်း၊ လယ်ပုဇွန်လုံး၊ ပြည်ကြီးငါးစသောအခွံမာကျောရိုးမဲ့သတ္တဝါ မျိုးနွယ်တို့၏ အခွံများကို စုဆောင်းကာ နေပူလှန်းရပါမည်။ (အမြန်လိုချင်လျှင် မီးကင်၍ ရသော်လည်း နေလှန်းခြင်းလောက် အာနိသင်မကောင်းပေ။) နေပူလှန်းပြီး ကြွတ်၍ ခြောက်သောအခါ ကြေမွအောင် ငရုတ်ဆုံ၊ သံဆုံထဲထည့်ထောင်းပါ။

• ထို့နောက် ၎င်းတို့ကို သကြားညို(၃ပုံ၁ပုံ)နှင့်ရောကာ စဉ့်အိုးထဲထည့်၍ ဖွဲနုအချဉ်ဖောက် ရည်ကို အိုး၃ပုံ၂ပုံခန့်ထည့်ပြီး သမအောင် မွှေပေးပါ။ ပြီးလျှင် အိုးထိပ်ဝကို အဝတ်ပါးဖြင့် စည်း၍ ၂ပတ် ၃ပတ်ခန့် အရိပ်ရ၍ အေးသောနေရာအောက်တွင်ထားပါ။ ဆေးဖြန်းနည်း မှာ အထက်ပါဆေးနည်းများအတိုင်းဖြစ်သည်။

2 comments

  • Khaing Khaing

    April 4, 2012 at 12:13 pm

    ကိုဝေအောင်ရေ ဖတ်ရူသွားပါတယ်နော် ………

    Reply

    • Wai Aung

      April 4, 2012 at 12:47 pm

      အခုလို လာ အားပေးတဲ့အတွက် ကျေးဇူးပါ။
      နောက်ကျနော်ရေးထားတဲ့ သစ်မွှေးအကြောင်းတွေနဲ့ သဘဝစိုက်ပျိုးရေး အကြောင်းတွေကို လည်း အချိန်ရရင် လေ့လာသွားပါအုံးလို့ ဖိတ်ခေါ်ပါတယ်။

      Reply

Leave a Reply

Your email address will not be published.