သစ်သီး အချဉ်ဖောက်ခြင်း

Wai Aung Chan MyoApril 2, 20121min00

သစ်သီး အချဉ်ဖောက်ခြင်း

• အချဉ်ဖောက်ရာတွင် အသီးများသာမက သစ်ဥများလည်းရသည်။ ၎င်းတို့မှာ ပန်းသီး၊ မုန်လာဥနီ/ဖြူ၊ သစ်တော်သီး၊ ခွာညိုသီး၊ သဖန်းသီး၊ ကတွတ်သီး၊ ဇီးသီး၊ စတော်ဘယ်ရီ နာနတ်၊ စပျစ်၊ ချယ်ရီ၊ ကန်ဇွန်းဥ၊ မျောက်ဥ၊ ဝဥ၊ ပိန်းဥ၊ အာလူး၊ နိုကိုဥ၊ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ သခွားသီးစသည်တို့သာမက မိမိဒေသထွက်သည့် သီးပင်၊စားပင်များမှအဆင် ပြေသလို ပြလုပ်နိုင်သည်။ သို့သော် အရည်ပျော်ဝင်ရန်ခက်ခဲသည့်အမယ် ၂မျိုးထက်ပို၍ မပါဝင်သင့်ပေ။ အသီးများပြင်ဆင်ရာတွင် သေချာမှဲ့နေပြီး အနည်းဆုံး ၅မျိုးခန့်ရှိပါစေ။ အပင်မှ ကြွေကျသောအသီးကို ရနိုင်လျှင် ပိုမိုကောင်းမွန်သည်။

• အသီးများကိုထည့်ရန် စဉ့်အိုးအကြီးကို ဆေးကြော၍ ရေခြောက်အောင် နေလှန်းထားပါ။

• အသီးများကို စဉ်းနီတုံးပေါ်တင်၍ ခပ်စိတ်စိတ်လှီးဖြတ်ပါ။ လက်ဖြင့်ညှစ်၍ရသည့် အသီး များကိုမူ လက်ဖြင့်ညှစ်ရမည်။ ဇလားကြီးကြီးတစ်ခုထဲသို့ ထိုလှီးဖြတ်ထားသော အသီး အနှစ်များကို ထည့်ပါ။ အရည်များကိုပါ အလဟဿမဖြစ်ပါစေနှင့်။ ထိုအနှစ်ကို သကြား သုံးပုံတစ်ပုံမှ တစ်ဝက်ခန့်ရော၍ သမအောင်နယ်ပါ။ အရည်ရွှမ်းသည့် အသီး များများပါ လျှင် ပိုကောင်းသည်။

• အသီးများကို စဉ့်အိုးထဲထည့်ရာတွင် စဉ့်အိုး၏အပေါ်ပိုင်း သုံးပုံတစ်ပုံခန့်ကို လေဝင်လေ ထွက်အတွက်ချန်ထားပါ။ ထို့နောက် အသီးအနှစ်အပေါ်ပိုင်းကို သကြားဖြူးပေးရမည်။ ပြီးလျှင် အိုးထိပ်ဝကို ပိတ်စအပါးဖြင့် အုပ်ပေးရမည်။ နွေရာသီတွင် ၁ပတ်၊ ဆောင်းရာသီ တွင် ၂ပတ်ခန့် အရိပ်ရသော၊ အေးသောနေရာအောက်မှာ ထားပေးရသည်။ ထိုကဲ့သို့ ထားရာတွင် ၁ရက်လျှင် ၂ကြိမ်၊ ၃ကြိမ်ခန့် အိုးကို အသာအယာလှုပ်ပေးရမည်။ အချဉ် ပေါက်ပြီးလျှင်လည်း အပေါ်ယံကို သကြားအနည်းငယ်ထပ်ဖြူး၍ အိုးကို အဝတ်ဖြင့် ပြန် စည်းကာ အရိပ်အောက်တွင် ထားရမည်။ ဆေးဖြန်းနည်းများသည် အထက်က နည်းများ အတိုင်းဖြစ်သည်။

ဆက်ရန်ရှိသည်။

Leave a Reply

Your email address will not be published.