မနက်ဖြန်အတွက် ဒီနေ့ ကျွန်တော်တို့ လုပ်ရမယ့် နိုင်ငံရေး

black chawMarch 31, 20121min020

မနက်ဖြန်လေးတွေ ကောင်းစေဖို့ ဒီနေ့ စ ပြုပြင်စို့
မနက်ဖြန်လေးတွေ လှစေဖို့ ဒီနေ့ စ ဆေးခြယ်စို့

ကြိုပြောထားမယ်နော်။ ကျွန်တော် ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ဒါကြောင့် NLD ပါတီဝင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပို့စ်လေးကတော့ ဒီအချိန်မှာ NLD ကို ထောက်ခံမဲပေးခြင်းကသာ အမှန်ကန်ဆုံး ဖြစ်ကြောင်း ပြောမယ့် ပို့စ်လေးပါ။ ခင်ဗျားလည်း ခင်ဗျားကြိုက်တဲ့ ပါတီကိုမဲပေးဖို့ တိုက်တွန်းမှုပြုလုပ်နိုင်ပါတယ် ကျောင်းဒကာ။ ဒါ ဒီမိုကရေစီပါပဲ…။
နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ဖို့လိုပါတယ်။
အခု ဒီပို့စ်က ဘလက်ချောရဲ့ နိုင်ငံရေးပါ။
ကျွန်တော်ပြောတဲ့ နိုင်ငံရေးဆိုတာ ရွေးကောက်ပွဲဝင်တာတို့၊ ပါတီဝင်တာတို့ တွေကို ဆိုလိုတာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင် လွှတ်တော်အမတ် လုပ်ပြီး နိုင်ငံရေးလုပ်နိုင်တဲ့လူကလည်း ဒါ သူ့ရဲ့ နိုင်ငံရေးပေါ့။
ငါကတော့ NLD ပါတီကို ယုံတယ်ကွာ၊ NLD ပါတီ ကသာ ငါတို့အနာဂတ်ကို ကောင်းအောင် တည်ဆောက်ပေးနိုင် မှာလို့ ယုံကြည်သူတွေကလည်း NLD ပါတီထဲဝင်တာ လည်း သူ့ရဲ့ နိုင်ငံရေးပါပဲ။
ငါတို့ကတော့ လွှတ်တော်အမတ်လုပ်ဖို့တို့ ပါတီဝင်ဖို့တို့ စိတ်မဝင်စားပါဘူးကွာ၊ ကိုယ့်အလုပ်လေးကိုယ်လုပ် ကိုယ့်ထမင်း လေးကိုယ်ရှာစားပြီး မိသားစုအဆင်ပြေနေရင် ကျေနပ်ပါပြီ ဆိုတဲ့လူတွေအတွက်တော့ မနက်ဖြန်မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲကြီးမှာ မဲ ပေးခြင်းက ခင်ဗျားတို့ရဲ့ နိုင်ငံရေးပေါ့ဗျာ။ ခင်ဗျားတို့ အနာဂတ်ကို ခင်ဗျားတို့ ရွေးခြယ်ခွင့် က ခင်ဗျားတို့ကို မနက်ဖြန်နံနက်ခင်းမှာ စောင့်နေပါပြီဗျာ။ အိပ်ရေးပျက်ပါတယ်၊ အလုပ်ပိုပါတယ် ဆိုတဲ့ အတွေးမျိုးနဲ့ မဲ မပေးဘဲ နေလိုက်ရင် အင်မတန် တန်ဘိုးရှိတဲ့ ခင်ဗျားရဲ့ အခွင့်အရေးကြီးတစ်ခု အလဟသ ဖြစ်ပြီပေါ့။
အမေစုတစ်ယောက် သူ့အရွယ်ကြီးနဲ့ ဒီလောက်ပျင်းထန်တဲ့ နွေနေပူပူကြီးထဲမှာ အပင်ပန်းအဆင်းရဲခံပြီး မဲဆွယ်ခရီးတွေထွက်နေတာဟာ ခင်ဗျား မှာရှိနေတဲ့ မဲပေးခွင့် ဆိုတဲ့ အခွင့်အရေးကြီးကို တန်ဘိုးရှိရှိ အသုံးချစေချင်လို့ဆိုတာ ပြန်တွေးကြည့်ပေါ့ဗျာ။
နိုင်ငံရေးဆိုတာ ငါနဲ့ မဆိုင်ပါဘူးဆိုပြီး ရှောင်နေဖို့ မသင့်ပါဘူး ကျောင်းဒကာ။ ဟိုနေ့က ဟစ်ဟော့ပ် အဆိုတော်လေးတစ်ယောက် နားလည်သလို ပြောသွားတဲ့ နိုင်ငံရေးလေးကို ဖတ်ကြည့်ဗျာ။

ကျွန်တော်အဲဒါတွေကို အရမ်းကြီး မသိပါဘူး။ ဒါပေမယ့် တလောက စင်္ကာပူမှာ The Lady ပြနေတယ်ဆိုလို့ သွားကြည့်ခဲ့ပါတယ်။ အလုပ်လည်း မပါပါဘူး။ ရုပ်ရှင်ကိုပဲ သွားကြည့်တာပါ။ အဲဒါက ကျွန်တော့်ရဲ့ အမျိုးသားရေးပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်

အမေစုအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ကို အလုပ်မပါ ဘာမပါနဲ့ တကူးတကကြီး စင်္ကာပူကို သွားကြည့်တာလေးကိုပဲ သူ့ရဲ့ အမျိုးသားရေးပါတဲ့။ ဒါက ချာတိတ်လေး တစ်ယောက်ရဲ့ နိုင်ငံရေးပေါ့ဗျာ။ ကျွန်တော်တို့ လူကြီးတွေရဲ့ နိုင်ငံရေးကရော ဘာလုပ်မှာတဲ့လဲ။ ဟုတ်ကဲ့ ဒီနေ့ ဒီအချိန်အတွက် နိုင်ငံသားတစ်ယောက်ရဲ့ အကောင်းဆုံးသော နိုင်ငံရေးလုပ်မှုကတော့ NLD ကိုမဲပေး ထောက်ခံခြင်းပါပဲ။ ဟုတ်ပါပြီ။ မင်း NLD ကိုမဲပေးတော့ ဘာလုပ်လို့ရမှာလဲ လို့တော့ ကပ်မမေးနဲ့လေဗျာ။ အစကတည်းက ၄၈ နေရာအတွက်ပဲ ပြိုင်တာပါ။

ဒါပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက အမေစုနောက်မှာ စည်းကမ်းတကျ ရှိနေတယ်ဆိုတာ ပြသဖို့အတွက် ဒီရွေးကောက်ပွဲကို အသုံးချရမှာပါ။ ဒါက ခရီးရှည်ကြီးရဲ့ ပထမဆုံး ခြေလှမ်းလေးတစ်ခုပါ။ ဒီခြေလှမ်းလေးက ရှေ့ဆက်ရမယ့်ခရီးရှည်ကြီးအတွက် အလွန်အရေးကြီးပါတယ်။ အဲဒီတော့ အခုအချိန်မှာ မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတိုင်း မဖြစ်မနေလုပ်သင့်တဲ့ ကိစ္စကတော့ NLD ကို အမှန်ခြစ်ဖို့ပါပဲ။ ဒါဟာ
ဒီအချိန်မှာ အကောင်းဆုံးသော နိုင်ငံရေးလုပ်မှုတစ်ခုဖြစ်တာမို့ NLD ကိုမဲပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ကဲ ပို့စ်အစမှာ ဖေါ်ပြခဲ့တဲ့ စာသားလေးတွေဆီ ပြန်သွားကြရအောင်ပါ။

မနက်ဖြန်လေးတွေ လှစေဖို့ ဒီနေ့ စ ဆေးခြယ်စို့
မနက်ဖြန်လေးတွေ ကောင်းစေဖို့ ဒီနေ့ စ ပြုပြင်စို့

ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ စိုးလွင်လွင် ရဲ့ သီချင်းလေးတစ်ပုဒ်ပါ။ မာနမျက်နာ စီးရီးထဲမှာပါတဲ့ ညီညီသွင် ရေးတဲ့သီချင်းလို့ မှတ်မိနေပါတယ်။ တေးရေးအမည် မှားရင်လည်း ပြင်ပေးကြဦးဗျ။ အရမ်းကြီးနာမည်ကြီးလှတယ်လို့ မဟုတ်ပေမယ့် စေတနာပါတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ဆိုတာကတော့ အခုဖေါ်ပြထားတဲ့ စာသားလေးတွေ ကြည့်ရုံနဲ့ သိနိုင်ပါပြီ။
ကဲ ကျောင်းဒကာ။

ခင်ဗျားရဲ့ မနက်ဖြန်လေးတွေ လှစေဖို့ ဒီနေ့ စ ဆေးခြယ်ဖို့တော့ လိုမယ်နော်။
ခင်ဗျားရဲ့ မနက်ဖြန်လေးတွေ ကောင်းစေဖို့ ဒီနေ့ စ ပြုပြင်ဖို့တော့ လိုမယ်နော်။
အမေစုကို ထောက်ခံခြင်း ဟာ မနက်ဖြန်အတွက် ဆေးခြယ်တာနဲ့တူပါတယ်။
NLD ကို မဲ ပေးခြင်းဟာ မနက်ဖြန်အတွက် ပြုပြင် တာနဲ့ တူပါတယ်။

ဒီပို့စ်လေးက မနက်ဖြန်အတွက် ကျွန်တော် တတ်နိုင်သလောက် ဆေးခြယ်လိုက်တာပါ။
မနက်ဖြန်မဲပေးကြမယ့်သူတွေ ဒီစာလေးတွေ ဖတ်သွားကြပါခင်ဗျာ။

လွတ်ကြောင်းရှာ ခွပ်ဒေါင်းဟာ အဖြေပါပဲ
လွတ်ကြောင်းမျှော် ခွပ်ဒေါင်းနော် အဖြေပါပဲ
လွတ်ကြောင်းရှာ ခွပ်ဒေါင်းမှာ အဖြေတွေ့လိမ့်
လွတ်ကြောင်းလို ခွပ်ဒေါင်းကို မဲ…ပေးစို့။

ဒါ ဘလက်ချော ရဲ့ နိုင်ငံရေးပါ။

Burmese or Chinese ရဲ့ ပို့စ်က ယူထားတာပါခင်ဗျာ။

ဒါလည်း Burmese or Chinese ပို့စ်ထဲကယူတာပါပဲ။ ကျေးဇူးပါဗျို့။

20 comments

  • ဦးဦးပါလေရာ

    March 31, 2012 at 10:08 am

    ဒီမနက် အိပ်ယာထကတည်းက ရွေးကောက်ပွဲကို (စိတ်စွဲလို့ထင်တယ်) သတိရပြီးအိပ်ယာကနိုးပါတယ်။
    ဂဇက်ဝင်ဖတ်ကြည့်တော့လဲ ကိုဘလက်ရဲ့ နှိုးဆော်တဲ့ ပိုစ့်လေး မင်္ဂလာရှိရှိတွေ့ရလို့-
    အားပါးတရ သံပြိုင်အသံပေးလိုက်ပါတယ်။

    မနက်ဖန် မဲရုံသွားမဲပေးရမယ့်သူတွေ NLD ကိုမဲပေးကြပါ။
    မဲရုံမသွားရတဲ့သူတွေကလဲ ကို်ယ်နီးစပ်ရာ မီဒီယာများမှာ ပြည်သူ့ဆန္ဒထုတ်ဖေါ်တဲ့အနေနဲ့ NLD ကိုထောက်ခံတဲ့ဆန္ဒပြုမဲ ပေးကြပါ။

    Reply

  • ဗိုက်ကလေး

    March 31, 2012 at 10:26 am

    ကျောင်းဒကာရဲ့ နိုင်ငံရေးကိုကြိုက်တယ်ဗျာ
    ဘာတဲ့..

    လွတ်ကြောင်းရှာ ခွပ်ဒေါင်းဟာ အဖြေပါပဲ
    လွတ်ကြောင်းမျှော် ခွပ်ဒေါင်းနော် အဖြေပါပဲ
    လွတ်ကြောင်းရှာ ခွပ်ဒေါင်းမှာ အဖြေတွေ့လိမ့်
    လွတ်ကြောင်းလို ခွပ်ဒေါင်းကို မဲ…ပေးစို့။

    ဆိုပဲ
    ခိုက်တယ်

    Reply

  • Khaing Khaing

    March 31, 2012 at 10:48 am

    လေးဘလက်ရေ NLD မဲပေးနိုင်တဲ့နေရာတွေမှာ NLD ကိုပဲပေးကြမှာပါ တိုက်တွန်းစရာ နှိုးဆော်စရာကို မလိုအောင် NLD ဘက်မှာ ပြည်သူလူထုကရှိနေမှာပါ …..

    Reply

  • amatmin

    March 31, 2012 at 11:10 am

    ကိုဘလက်ပြောတဲ့ နိုင်ငံရေးဟာ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ နိုင်ငံရေးမို့..
    မြန်မာပြည်ရဲ့ အလုကို မနက်ဖြန်ကျရင် NLD နဲ့ ထုဆစ်ပုံဖော် ရင်း
    ပိုကောင်းလာမဲ့ မနက်ဖြန်တွေကို ကြိုဆိုကြတာပေါ့..
    အန်တီစုပြောခဲ့တဲ့စကားလေးတခွန်း..to see in better days!!!ကလည်းဖြစ်လာဖို့မဝေးတော့ပါဘူး…

    Reply

  • manawphyulay

    March 31, 2012 at 11:14 am

    ဒီအဖွဲ့ကို မဲပေးလို့ မရတဲ့ မြို့နယ်တွေကရော ဘယ်လိုလုပ်ရပါ့…

    Reply

  • char too lan

    March 31, 2012 at 11:14 am

    ဦးချောရဲ့ နိုင်ငံရေးကိုတော့ တော်တော်သဘောကျလို့ ကူးသွားပီ………
    အရင်ရွေးကောက်ပွဲတုန်းက မဲမေးခဲ့ဘူး ခုရွေးကောက်ပွဲကျတော့ မေးရမယ့်အထဲမပါတော့ဘူးဗျာ…….. ကျနော်သာမဲပေးခွင့်ရအုံးမယ်ဆိုရင်ဖြင့် …….
    လွတ်ကြောင်းရှာ ခွပ်ဒေါင်းဟာ အဖြေပါပဲ
    လွတ်ကြောင်းမျှော် ခွပ်ဒေါင်းနော် အဖြေပါပဲ
    လွတ်ကြောင်းရှာ ခွပ်ဒေါင်းမှာ အဖြေတွေ့လိမ့်မှာမို့
    လွတ်ကြောင်းလို ခွပ်ဒေါင်းကို ပဲ မဲ…ပေးမှာ အသေအချာပါပဲဗျာ………………..

    Reply

  • windtalker

    March 31, 2012 at 11:41 am

    ကြိုက်မိသွားတဲ့ စာသားလေးကတော့
    “ငါတို့ကတော့ လွှတ်တော်အမတ်လုပ်ဖို့တို့ ပါတီဝင်ဖို့တို့ စိတ်မဝင်စားပါဘူးကွာ၊ ကိုယ့်အလုပ်လေးကိုယ်လုပ် ကိုယ့်ထမင်း လေးကိုယ်ရှာစားပြီး မိသားစုအဆင်ပြေနေရင် ကျေနပ်ပါပြီ ဆိုတဲ့လူတွေအတွက်တော့ မနက်ဖြန်မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲကြီးမှာ မဲ ပေးခြင်းက ခင်ဗျားတို့ရဲ့ နိုင်ငံရေးပေါ့ဗျာ။”
    မှန်လိုက်တာဗျာ ။
    ကျွန်တော်တို ့ပြည်သူတွေ ၊ ဘာတွေလိုချင်နေလဲ ။ ဘာတွေပြောင်းလဲတာကိုမြင်ချင်သလဲ….

    Reply

    • ဗိုက်ကလေး

      March 31, 2012 at 11:46 am

      အူးပေကြီး ကျောက်အောင်တာကို မြင်ချင်ပါတယ်
      ဒါမှ ရန်ဂုန်လာပြီး ဘီယာလာတိုက်နိုင်မှာ
      ဂွပ်..ဂွပ်..ဂွပ်

      Reply

  • Burmese or Chinese

    March 31, 2012 at 11:46 am

    စုနိုင်မှ ချမ်းသာမည်… စုနိုင်မှကြီးပွားမည­­်… စုနိုင်မှ တိုးတက်မည်… စုနိုင်မှ ငြိမ်းချမ်းသာမည်..

    ယုံယုံကြည်ကြည် စုံစုံညီညီ တို့အားလုံး NLD ကို မဲပေးကြစို့.

    Reply

  • Shwe Tike Soe

    March 31, 2012 at 11:52 am

    ဦးဘလက်ကြီးရေ အားပေးပါတယ်ဗျာ…. ကျွန်တော်တို.တော့ မဲမပေးရဘူးဗျာ… ဦးဘလက်ပြောသလို.. NLD ပဲနိုင်မှာပါ…
    အသိသာကြီးပါဗျာ…
    ဗေဒင်မေး ယတြာ ချေစရာမလိုဘူး.. သေချာတယ် နိုင်မှာ ယုံကြည်တယ်…

    Reply

  • အိမ်လွမ်းသူ

    March 31, 2012 at 1:47 pm

    အားပေပါတယ်။ အခု ဦးဘလက် ရဲ့ဒီလို post မျိုးကိုcomments ပေးတာကလဲ ကျွန်တော်ရဲ့ နိုင်ငံရေး ပါပဲ။

    Reply

  • ချစ်ရင်ထူးနှစ်

    March 31, 2012 at 5:19 pm

    တိုင်းသူ ပြည်သား တွေကို အလုပ်အကျွေးပြုမယ့် သူ ကိုပဲ မဲပေးမယ်..
    မနက်ဖြန် နေ့လည် 2.00 မဲသွားပေးမယ်..

    Reply

  • ရွာစားကျော်

    March 31, 2012 at 5:36 pm

    လွတ်ကြောင်းအမှန် ခွပ်ဒေါင်းအလံ အမြန်စိုက်ကြ..
    လွတ်ကြောင်းလို ခွပ်ဒေါင်းကို မဲပေးကြပါ….

    Reply

  • snow white

    April 1, 2012 at 12:01 pm

    ကျွန်မတို့ကိုခိုင်းစားဖို့မဲပေး ကျပါ တဲ့လားမခိုင်းစားပါဘူး အေးဆေးဆေး နဲ့နို်င်ငံတကာနဲ့တန်းတူနေရရင် တော်ပါပြီအမေစုရယ် သမီးတ်ု့ိမြို့နယ်ကမဲမပေးရဘူးလို့ပြောတယ် ဘယ်လိုလုပ်မလည်း

    Reply

  • aye.kk

    April 1, 2012 at 1:05 pm

    ပြည်သူအပေါင်း..
    ခွပ်ဒေါင်းအလံ..
    အမှန်ချစ်လို ့အားပေးစို ့..။။

    Reply

  • ကြောင်ကြီး

    April 1, 2012 at 10:37 pm

    မနက်ဖြန်လုပ်မည့် နိုင်ငံရေးကတော့ “မီးဒုတ်မီးဒုတ် ရှို့ရှို့…မြို့မီးလောင် တောကြောင် လက်ခမောင်းခတ်..”

    Reply

  • black chaw

    May 29, 2014 at 1:52 pm

    ကျွန်တော့် က တင်တွေ ရင်တွေ လှိုင်လှိုင်သုံးပြီး ပျော်စရာပို့စ်တွေ ရေးနေပေမယ့်
    တစ်ချိန်တုန်းက ဒီလိုပို့စ်လေးတွေလည်း ရေးခဲ့ဘူးပါတယ် ဗျာ…။
    မယုံရင်ရှာကြည့်…
    ဒီပို့စ်ထဲမှာ တင်တွေ ရင်တွေ တစ်ခုမှမပါဘူး…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

    Reply

  • alinsett (gazette)

    May 29, 2014 at 2:15 pm

    ပိုစ့်ထဲမှာမပါပေမယ့်
    comment ထဲမှာတော့ ရအောင် ထည့်ပြောသွားသေး
    ဟေးဟေး

    :mrgreen:

    Reply

  • ခင် ခ

    May 29, 2014 at 4:09 pm

    အတိတ်ကာလက စခဲ့ကြ
    ဒေါင်းတွန်သံကျုးတာ သတမတ်ထဲပါ
    အိုးဝေ အိုးဝေ ဟုအော်သာ
    ကျောင်းသားသွေးလည်း နီနေစဲ
    မလျော့တောင်းဆို ဒီမိုကရေစီဘဲ
    အဲဒီလမ်းကို ဘယ်သူတွေသွား
    ထိုသူနောက်က လိုက်ပြီးသား
    သို့သော်တစ်ခု သတိပြု
    ပြည်သူကျောင်းသား ရင်ဘတ်များ
    နင်းတက်သွားသူ ဒို့ရန်သူ။

    Reply

  • naywoon ni

    May 29, 2014 at 11:41 pm

    ဘယ်​အချိန်​မှာ မဲ​ပေးရ​ပေးရ ဒီမိုက​ရေစီ အင်​အားစု ဘက်​က ရပ်​တည်​မှာပဲ ။ ကိုယ်​ကမှ ငါမိုက​ရေစီ မကြိုက်​ပဲကိုး

    Reply

Leave a Reply

Your email address will not be published.