မြစ်ငယ်မြစ်ထဲမှာ နတ်ငါးကြီးပေါ်လာ

MandalayTharJune 10, 20101min01

မြစ်ငယ်မြစ်မှာ နတ်ငါးကြီးမြစ်ငယ်မြစ်ဆိုတာ မနလေးနဲ့ ၁ဝ မိုင်လောက်သာ ဝေးပြီး မနလေးမြို့အဝင်တွင် မြစ်ငယ်မြစ်ကို ဖြတ်ရလေသည်။ ထိုမြစ်ငယ်မြစ်ထဲတွင် ယခင်တပတ်လုံး အလွန်ကြီးမားပြီး ထူးဆန်းသော ပုံသဏ္ဍရှိသည့် ငါးကြီးတစ်ကောင်သည် သံတံတားဟုခေါ်သော မြစ်ငယ်တံတားနှင့် ဧရာဝတီမြစ်တို့ဆုံရာ မြစ်ဆုံထိ စုန်လိုက် ဆန်လိုက် အပေါ်တက်လာလိုက်နဲ့ သွားသည်။ ကလေးတွေရောလူကြီးတွေရော ကမ်းဘေးမှာ ကြည့်နေကြပြီး ဟောပေါ်လာပြီ။ ဟိုနားရောက်သွားပြီ စသဖြင့် ကြည့်နေကြသည်။ အချို့ လူတွေက အဲဒီငါကြီးက နတ်ငါးကြီးလို့လဲပြောကြသည်။ တချို့က ဒီငါးကြီးသည် နှစ်စဉ်နှစ်တိုင်း မြစ်ကမ်းပေါ်ရှိ ပေါ်တော်မူဘုရားဆီလာဖူးတာတဲ့။ စက်ကွေ့မှာ နေသော ကိုမျိုးဝင်းပြောတာက ဒီငါးကြီးဟာ ဧရာဝတီမြစ်ထဲက နေမျက်စိလည်လမ်းမှားပြီး ဒီမြစ်ငယ်မြစ်ထဲဝင်လာတာပါတဲ့။ ဘာနတ်ငါးမှ မဟုတ်ပါဘူးတဲ့။ မနလေးမြို့ထဲကို အလုပ်လာလုပ်တဲ့ မရီပြောတာကတော့ သူအလုပ်မလာခင် မနက်ကတည်းက သံတံတားနားမှာ ပေါ်လိုက်ငုတ်သွားလိုက်နဲ့ လူတွေကလည်း ဟိုဘက်ကမ်း ဒီဘက်ကမ်း ဝိုင်းအုံကြည့်နေတာတဲ့။ ညနေအလုပ်ပြန်သွားတော့ ဖယောင်းတိုင်မီးတွေထွန်းပြီး စောင့်ကြည့်နေကြတဲ့သူတွေက ကြည့်နေကြသေးတယ်တဲ့။ နောက် နေ့တွေကျတော့ ပေါက်ပေါက်စုပ်ရောင်းတဲ့သူတွေနဲ့ ငါးစာရောင်းတဲ့လူတွေနဲ့ အထိဖြစ်လာတယ်တဲ့။ မနလေးက ပန်းတိမ်ဆရာ ကိုစိုးနိုင်ကတော့ သူ့ကလေးတွေဆို အဲဒီအချိန်ကစပြီး မြစ်ထဲရေမဆင်းချိုးရဲဘူးတဲ့။ အခုမှ စိတ်ချရတော့တယ်တဲ့။ အရင်ကဆို မြစ်ထဲခိုးခိုးရေဆင်းချိုးလို့ စိတ်ပူနေရတာတဲ့။ ကင်မရာမင်းတွေကလည်း ငါးကြီးပေါ်လာတာကို စောင့်ပြီး အမိအရဓါတ်ပုံရိုက်ဖို့ကြိုးစားနေကြတယ်တဲ့။

One comment

  • Unnamed

    June 11, 2010 at 5:37 am

    ဪ…လူတွေကလည်း အဲဒီအထိကို စီးပွားရေး သောင်းကျန်နေပါလား…

    Reply

Leave a Reply

Your email address will not be published.