လိုက်တ် နှင့် လူများ

zoxnetJune 10, 20101min00

ငယ်စဉ်အခါက ကျောင်းဖတ်စာ တစ်ခုတွင် ကျွန်ုပ်တို့ ဖတ်ခဲ့ရပါသည်။ မိုက်မဲသော လူတစ်ဦး အကြောင်း ဖြစ်ပါ၏။ ညအချိန်တွင် အမှောင်ထဲတွင် ထိုသူပိုင်ဆိုင်သော ရွှေလက်စွပ် ကျပျောက်သွား ပါ၏။ သူ၏ လက်စွပ်သည် တန်ဖိုး ရှိသော အရာ ဖြစ်ပါ၏။ ထိုလက်စွပ်အား သူ အဆုံးအရှုံး မခံနိုင်ပေ။ သူပြန်ရှာ၏။ သို့သော် သူရှာသော နေရာသည် သူ့လက်စွပ် ပျောက်ဆုံးရာ နေရာ မဟုတ်။ လမ်းမီးတိုင် အောက်တွင် ဖြစ်လေ၏။ သူရှာ၏။ သူ၏ ယူဆချက်မှာ အမှောင်ထဲ၌ ရှာလျှင် တွေ့နိုင်မည် မဟုတ်။ အလင်းရောင် ရှိသော နေရာတွင်သာ ရှာမှ တွေ့မည်ဟု ထင်လေ၏။

ဤအကြောင်းကို ကျွန်တော် ပြန်စဉ်းစား ကြည့်မိပါသည်။ ထိုသူ့အားလည်း ကျွန်တော် အပြစ် မပြောလိုပါ။ လူမိုက်သည် ရိုးစင်းစွာ မိုက်မဲခွင့် ရှိပါ၏။ တရားခံသည် အလင်းရောင် ဖြစ်ပါသည်။ ထိုအလင်းရောင် သည် အဘယ့်ကြောင့် အဖိုးတန်သော လက်စွပ် ရှိရာတွင် မနေပါသနည်း။ အဘယ့်ကြောင့် လူသူ ကင်းမဲ့သော ကတ္တရာ လမ်းမအား လင်းစေနေပါသနည်း။

ကျွန်တော် ပြန်စဉ်းစား ကြည့်မိပါသည်။ ကျွန်တော်တို့ နေထိုင်ရာ ရန်ကုန်မြို့ သည် အဖိုးတန်ပါသည်။ သို့သော် အလင်းရောင်သည်… ။

Leave a Reply

Your email address will not be published.