အချစ်= Hotel Life

zoxnetJune 10, 20101min01

လူသည် ဘဝ၏ ဝန်ထမ်းဖြစ် ပါ၏။ ထို့အတွက်ကြောင့် အချစ်သည်လည်း Marketting Assistant ဖြစ်ပါ၏။ မိမိနှလုံးသားနှင့် ကိုက်ညီမည့် စားသုံးသူအား ရှာဖွေရပါ၏။ စိတ်ကျေနပ်စေရန် ဝန်ဆောင်မှု ပေးရပါ၏။ ဤသို့ဖြင့်ပင် ဘဝ၏ ပါတနာကို ရှာဖွေပေးရပါလေ၏။

တဖန် အချစ်သည် Chief Cook ဖြစ်ပေးရပြန်၏။ ရရှိထားသော ပါတနာအား ပင်ပန်းနွမ်းနယ်မှု မရှိစေရန် Kitchen အတွင်း တာဝန်ထမ်းဆောင်ရ၏။ ဟင်းလျာများကို စီမံခန့်ခွဲရ၏။ လှီးဖြတ်ရ၏။ ချက်ပြုတ်ရ၏။ ကံအားလျှော်စွာ ဈေးသို့သွားရ၏။ ဟင်းလျာများကို စီမံခန့်ခွဲရန်အတွက် ဖြစ်ပါ၏။

အချစ်သည် Steward ဖြစ်ပြန်လေ၏။ အဘယ့်ကြောင့် ဆိုသော် ရေစိုများသော လက်သည် ပဲကြီးခွံ ထတတ်၏။ ရေဝဲစားတတ်၏။ အချစ်သည် ထိုသို့ဖြစ်ခြင်းအား အားပေးခြင်း မရှိ။ မိမိနှလုံးသား နှင့် ကိုက်ညီပေးသူ (စားသုံးသူ) အား ထိုသို့သော အဖြစ်မျိုးမှ လွတ်မြောက်စေ၏။ အချစ်သည် တခါတရံလည်း ပန်းကန်ဆေးရလေ၏။ ထို့အတွက် ကြောင့်ပင် အချစ်တွင် ပဲကြီးခွံ ထလာလေ၏။

Laundry Stuff တွင် အချစ်လည်း ပါဝင်ပါ၏။ ဘဝ၏ အညစ်အကြေး များနှင့် အတူ စားသုံးသူ၏ အဝတ်များကို ရောနှော လျှော်ဖွပ်ရ၏။ ပဲကြီးခွံ များကို ဆက်လက် မွေးမြူရ၏။ ရေဆွဲရ၏။ အဝတ်လှန်း ရ၏။ ထိုသို့ဖြင့်ပင် ဖွေးဖြူသော အချစ်များကို ဆက်လက် တိုးပွားစေ လေ၏။

Housekeeping အလုပ်များ နှင့်လည်း အချစ်သည် ကျွမ်းဝင် ရပြန်၏။ ကြမ်းပြင်၏ ဖုန်များအား နှလုံးသားတွင် တင်နေသည့် အလား သုတ်ခါရ၏။ အိပ်မက် များ၏ လမ်းတစ်ခု (သို့) အိပ်ယာခင်း တစ်ခုတည်းအား ကျနစွာ ခင်းပေးရ၏။ ခေါင်းအုံး၊ ခြင်ထောင်၊ စောင် စီစဉ် ပေးရ၏။ နောက်တစ်နေ့ အတွက် ခရီးဆက်ကြရလေ၏။

လူသည် ဘဝ၏ ဝန်ထမ်းဖြစ်ပါ၏။ ထို့အတွက်ကြောင့် အချစ်သည် နောက်ဆုံးတွင် Receptionist ဖြစ်ရလေတော့၏။ တိုးပွားလာမည့် တဆင့်ခံ စားသုံးသူများ အား ကြိုဆိုရလေ၏။ ရှာဖွေ ရရှိလာသော ဝင်ငွေများအား စုဆောင်း၊ ထိန်းသိမ်း၊ ကြပ်မတ် ရလေ၏။ သို့သော် နောက်ဆုံးတွင် အချစ်သည် အချစ်မှ အပ လိုလားချက် ကင်းလေရာ အရာ အားလုံးအား အချစ်လက်သို့ (ဝါ) ပါတနာအရင်း ခေါက်ခေါက် လက်သို့ပင် ပေးအပ်လိုက် ရလေတော့၏။

သို့ဖြစ်ရာ အချစ်နှင့် Hotel Life သည် ဆက်နွယ်လျှက် ရှိနေတော့ လေသတည်း။

One comment

  • etone

    July 9, 2010 at 7:41 am

    ရေးထားတာကတော့ပိုင်ပါ့ကွာ ။

    Reply

Leave a Reply to etone Cancel Reply

Your email address will not be published.