အူကြောင်ကြားကဗျာ

phone_kyawMarch 28, 20121min05

ဦးစီးချုပ်မိန် ့ခွန်းကို ဟစ်ဟော့သီချင်းလို
မာမာအေးအသံနဲ ့ဆိုလိုက်ချင်ရဲ  ့။

အရောင်တွေမှေး မှိန်လာလေလေ
ထုံးဖြူဖြူနဲ ့ဆွမ်းအုပ်တစ်အုပ်ကို သတိရလို ့။

ပွဲခင်းထဲက ဆူညံသံတွေနဲ ့အတူ
တရားထိုင်ချင်တယ်။

သီတဂူဆရာတော် ဩဝါဒနဲ ့
လေချွန်ချင်တယ်။

ဗိုလ်ချုပ်အောင်ဆန်းမိန် ့ခွန်းနဲ ့
ညအိပ်ရာဝင်ချင်တယ်။

အမှောင်တွေထဲမှာ
Black ကာလာကို ဝတ်ချင်တယ်။

ကိုမိုးသီးဇွန်လက်ကိုဆွဲပြီး
ဖက်ရှင်ပွဲမှာ လမ်းလျှောက်ချင်တယ်။

ဒေါက်တာနိုင်အောင်လို
ABSDF မြောက်ပိုင်းက ရဲဘော်တွေကို
အာဝါးပေးချင်တယ်။

ဒါပေမဲ့ဗျာ-
ဒီခေတ်က….

ဒေါက်တာချက်ကြီးနဲ ့ဒေါက်တာလွမ်းဆွေတို ့ရဲ  ့ဘလော့ဂ်နဲ ့
ကျနော်အသက်ရှင်နေတဲ့ခေတ်က
ဦးသိန်းစိန်နဲ ့ဒေါ်စုတို ့နဲ ့အတူပေါ့။

တစ်ခါတလေ ကဗျာတွေဟာ
မိုးကျရွှေကိုယ်လောက်တောင် အရသာမရှိသလို
မိန်းမ ထောင်းတဲ့ ငပိထောင်းလောက်တောင် မကောင်းဘူးဗျာ။

မျက်ရည်လွယ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ တွေ ့တိုင်း
အသုဘမှာ အငှားငိုဖို ့အသုံးဝင်သလိုလို
ဘဝတွေဟာ ကချင်တိုက်ပွဲမှာ ဖင် ချ ခံရတဲ့ ကချင်မလေးလိုပဲ။

မြန်မာတွေ မြန်မာတွေ
ဂဏန်းကောင်လို ဘေးသွားသွား
Kangaroo လိုလို ခုန်ဆွခုန်ဆွနဲ ့
လက်နှစ်ဖက်ရှိပြီး အရမ်းတိုနေတော့ အသုံးမဝင်
ဖင်ခံ ချင်နေသလားမသိ။

ကောင်မလေးရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့ဘဝအတွက် မဟုတ်ပါဘူးကွာ။

မင်းကိုနိုင်ရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့အတွက်မဟုတ်ပါဘူးကွာ။

ကိုကိုကြီးရေ
မင်းပေးတဲ့အချစ်ဟာ
ငါ့အတွက်မဟုတ်ဘူးကွာ။

သို ့သော်
မိုးဟေကိုအချစ်ဟာ
သူတို ့ထက် လက်တွေ ့ဆန်သလားလို ့ပါ။

မှတ်ချက်။    ။ ပျင်းနေလို ့ဟိုရောက်ဒီရောက် ရေးတာပါ။ ကဗျာမဟုတ်ပါ။

Thanks for sending!!!
Phone Kyaw

 

5 comments

  • myanmarcitizen

    March 28, 2012 at 2:54 pm

    ကိုဘုန်းကျော် တစ်ယောက် သူနေ့တိုင်းကြည့်တဲ့ site တွေကို ကြော်ငြာနေတယ်ဗျို့ … 🙂

    “မြန်မာတွေ မြန်မာတွေ
    ဂဏန်းကောင်လို ဘေးသွားသွား
    Kangaroo လိုလို ခုန်ဆွခုန်ဆွနဲ ့
    လက်နှစ်ဖက်ရှိပြီး အရမ်းတိုနေတော့ အသုံးမဝင်
    ဖင်ခံ ချင်နေသလားမသိ။” (ကိုဘုန်းကျော်လဲမြန်မာပဲမလား)

    Reply

  • ကိုရင်မောင်

    March 28, 2012 at 3:05 pm

    ဘုန်းကျော် မင်း သမီးလေးတွေကြီးလာယင်
    ဒီလိုရိုင်စိုင်းတဲ့တချို့စာပိုဒ်မျိုး
    ဖတ်စေချင်မယ်လို့တော့ငါမထင်ဘူး…
    ကိုယ်ချင်းစာတတ်ရဲ့လား
    ဒီလိုရိုင်းစိုင်းတဲ့စာမျိုးရေးချင်ယင်
    ရေးလို့ရတဲ့ဆိုက်တွေရှိတယ်…
    ဒီမှာလာမရေးနဲ့…..

    Reply

  • a me

    March 28, 2012 at 5:29 pm

    ဘာပဲ ဖြစ်ဖြစ် ကောင်းပါတယ်

    Reply

  • htet way

    March 28, 2012 at 9:20 pm

    ကိုဖုန်းကျော်က ..ကဗျာမဟုတ်ဘူးဆိုပေမယ့်
    ကဗျာလေးကကောင်းပါတယ်။
    ရိုင်းပြတာတွေ မပါရင် ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ။

    Reply

  • Gipsy

    March 28, 2012 at 10:21 pm

    ငါသာလျှင်တော်
    သူ မတော်ဟု
    လူတော်ထင်၍
    ဘုန်းကျော်ငမိုက်
    ဖင်ကိုကြိုက်
    (ဖင်=ငုံးဖင်)
    (ကြက်ဖင် ဟု ပြော၍ မဖြစ်ချေ)…….. :mrgreen:

    Reply

Leave a Reply to a me Cancel Reply

Your email address will not be published.