အဖြစ်ဆိုးရှာတဲ့ ငါးမင်းဆွေ …

ေမွာ္ဆရာMarch 28, 20121min063

မနေ့က ဧရာဝတီတိုင်း မြန်အောင်မြို့ကို ပြည်သူ့အချစ်တော် ငါးမင်းဆွေ အလယ်ရောက်လာပါတယ် … ။ ထုံးစံအတိုင်း သူရေးသားထားတဲ့ စာရွက်တွေ လာဝေတယ်ပေါ့နော် … ။ တကယ်တော့ မြန်အောင်ဆိုတာ ရန်ကုန်ကနေ မိုင် ရာချီ ဝေးတဲ့ နယ်မြို့လေးတစ်မြို့ပါ .. ။ဒီအထိအောင် စလွန်းကားလေးနဲ့ လာပြီးတော့ စာရွက်တွေ ဝေရတယ်ဆိုတော့ သူ့စေတနာက မြန်အောင်မြို့သူ / မြို့သားတွေ အပေါ်မှာ တော်တော်ကို ကြီးတယ် ဆိုရမှာပေါ့နော် …။ဘာစာရွက်တွေ ဝေသလဲဆိုတာကတော့ ပရိတ်သတ်ကြီး သိပြီးသားဖြစ်ပါလိမ့်မယ်။။
ကြားဖြတ်သတင်းအနေနဲ့ ပြောရမယ်ဆိုရင် မြန်အောင်မြို့ကလဲ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ရမယ့် မြို့နယ်ထဲမှာ တစ်ခုအပါအဝင်ပါ။မကြာသေးခင်ကပဲ NLD နာယက ဦးတင်ဦး မြန်အောင်အထိလာပြီး ဟောပြောသွားတဲ့ ၊ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တဲ့ မြို့တစ်မြို့ပါ။
ငါးမင်းဆွေက လူလယ်ခင်ဗျ ..။တောရွာလေးတွေမှာ ကြတော့ သူကိုယ်တိုင်ဝေတယ် ..။ပြသနာ ဖြစ်နှိုင်တဲ့ မြန်အောင်မြို့ဈေးထဲမှာတော့ သူကိုယ်တိုင် မဝေတော့ဘူး .. အသက် 12 / 13 လောက်ရှိတဲ့ ချင်းတိုင်းရင်းသူလေးတွေကို ဝေခိုင်းပါတယ်…။သူကတော့ လွတ်ရာကင်းရာ ကနေပြီး စောင့်နေတယ်ခင်ဗျ..။

ငါးမင်းဆွေကိုယ်စား ဝေပေးရတဲ့ ချင်းမလေးတွေ ... (အသက်ငယ်ငယ်လေးတွေနော..)

စဝေရုံရှိပါသေးတယ် ..ချက်ချင်းလူအုပ်က ဝိုင်းလာပြီး လာဝေတဲ့ ကလေးမလေးတွေကို ဘယ်သူဝေခိုင်းတာလဲမေးတော့ ဇတ်လိုက်ကျော် ငါးမင်းဆွေ ထွက်လာရပါတော့တယ်..။ဒါပေမယ့် အမျှော်အမြင်ရှိတဲ့ မြန်အောင်ဈေးလူကြီးမင်းများကနေပြီး ဒေါသထွက်နေတဲ့ လူအုတ်ကြီး သူ့ကို ရန်မပြုနှိုင်အောင် ကာကွယ်ထားပြီး ဈေးကော်မတီ ရုံးခန်းကို ခေါ်ဆောင်လာရပါတယ်။။
ငါးမင်းဆွေကတော့ မာမာပဲနော်..။သူ့ကိုသတ်ချင်သတ်လိုက်ပါ..။ အသေခံရဲပါတယ်ဆိုပဲ ..။ သတ်ရင်တော့ သတ်တဲ့သူကအဆိုးပေါ့နော်. .. ။ မြန်အောင်သားတွေကတော့ မသတ်လိုက်ပါဘူး..။ဒါပေမယ့် ရုတ်ရုတ်ရုတ်ရုတ်ထဲမှာ မည်သူက မည်ကဲ့သို့ လုပ်လိုက်သည်မသိ .. ငါးမင်းဆွေ ပုဆိုးကျွတ်သွားပါတယ်ခင်ဗျာ ..။သူ့ခင်ဗျာလဲ အရင်တုန်းက ပထမ ဈေးကောင်စီရုံးကို မသွားဘူးလုပ်နေတာ .. အဲဒီလိုပုဆိုးကျွတ်တော့မှပဲ ပုဆိုးလေးမပြီး ကသုတ်ကရက် ဈေးပေါ်ကို အပြေးတက်သွားပါတော့တယ်…
ဈေးအပေါ်ထပ်ကို ပုဆိုးလေးမပြီး တက်သွားရတဲ့ ငါးမင်းဆွေ ...

နောက်ဆက်တွဲ သတင်းအနေနဲ့ မြန်အောင်မှ လူငယ်လေးများ၊ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ခြံရံပြီး ငါးမင်းဆွေအား မြန်အောင်မြို့အထွက်အထိ ဘေးမသီ ရန်မခရအောင် စောင့်ရှောက် လိုက်ပို့ပေးလိုက်ကြကြောင်း သိရပါတယ်ခင်ဗျား …။
ဈေးရုံးခန်းမှာ တွေ့ရတဲ့ ငါးမင်းဆွေ

မှတ်တမ်းတင်ပုံများကို ရိုက်ကူးပေးပါသော မြန်အောင်မြို့မှ တိုးတိုးတိတ်တိတ် တစ်မြို့လုံးသိသူတစ်ယောက်အား ကျေးဇူးတင်လိုက်ပါ၏..။

63 comments

  • ကြောင်ကြီး

    March 29, 2012 at 8:49 am

    အဲဒီလူနဲ့ သဂျီး အယင်က သောက်ဖော်သောက်ဖက်လို့ သိရတယ်။ ဟိုက ဖားမင်းဆွေ သဂျီးက နွားဟင်းဝေ (လူတွေကို ကိုဘေးနွားကင် စားဖို့ ကြော်ငြာလွန်းလို့)။

    Reply

  • myohtat

    March 29, 2012 at 10:05 am

    ဂျပန်ခေတ်ကဆို ဒီကောင်မျိုးက ဂျပန်စကားပြန်လိုကောင်မျိုးဘဲ …
    သူ့နောက်မှာ သူ့သခင်တွေရှိလိမ့်အုံးမယ် .. သခင်အတွက်ဆို အသေခံမယ်ပေါ့ …
    သူလိုကောင်ကို တပည့်အဖြစ်မွေးထားတဲ့သခင်တွေရဲ့အဆင့် ဂုဏ်သိက္ခာကို ..
    ခန့်မှန်းလို့ရပါတယ် .. ဒီလိုအမျိုးယုတ်ကောင်တွေ ကျုပ်တို့နိုင်ငံမှာရှိနေတာတော့ …
    စိတ်မကောင်းစရာပေါ့ဗျာ …

    Reply

  • မောင်ဘလိူင်

    March 29, 2012 at 10:57 am

    သနားစရာပဲ..ကလေးမလေးတွေ ပြောပါတယ်..
    ငနဲကြီး ဘယ်လိုများ..ဘယ်ကများ …ဒီကလေးတွေ
    ခေါ်လာတာပါလိမ့်…ဝိုင်းတော့ မသတ်ကြပါနဲ့ဗျာ..
    ဒီလိုငနဲကြီးတစ်ကောင်အတွက် အားလုံး ရုပ်ပျက်ကုန်ပါ့မယ်..
    သူ့လုပ်ရပ်က ဥပဒေနဲ့ ကင်းလွတ်မှု ညိစွန်းမှု ရှိရဲ့လားဆို
    တာ လေ့လာပြီး တရားစွဲလို့ရရင် စွဲထည့်လိုက်ရမယ်…
    အဲ…ခုလို ပုဆိုးဆွဲချွတ်လိုက်တာကလည်း မဆိုးဘူးဗျ…
    အခွက်မာမာကြီးနဲ့ သူရဲကောင်း ပုံဖမ်းနေတဲ့ ငနဲကြီး
    တခါတည်း ဖရိုဖရဲ ဖြစ်သွားတာပဲ…အဟေးဟေး

    နောက်တစ်ခါ ငါးမင်းဆွေ ဆိုတဲ့လူများ ကို့ယို့ကားယား
    လုပ်နေတာတွေ့လို့ရှိရင် ပုဆိုးသာ ဝိုင်းဆွဲချွတ်ကြပါလို့
    ကျွန်တော် မေတ္တာရပ်ခံပါတယ်..ဟုတ်လား.. 🙂

    Reply

  • kai

    March 29, 2012 at 12:08 pm

    I don’t agree with a word you say, but I will defend to the death your right to say it.
    Voltaire, ( French philosopher )

    ငါးမင်းဆွေကို.. ဟိုးး…အစ..သတင်းစာထဲကနေ.. (ရှိတဲ့လုပ်ပိုင်ခွင့်လေးသုံးပြီး) ကိုမင်းကိုနိုင်တို့.. ဒေါ်အောင်ဆန်းစုကြည်တို့လောက်.. တန်းပြီး လေကန်ဝေဖန်ရေးနေကတည်းက.. မကြိုက်ပါဘူး..။
    သူ့ရေးဟန်နဲ့.. အယူအဆတွေလည်း အဆင့်အတန်းနိမ့်လွန်းတယ်ခံစားမိတယ်..။

    .. NLD ထဲက..လူငယ်တယောက်လောက်နဲ့တောင်.. ဒီဘိတ်လုပ်ဖို့.. မီဒီယာအနေနဲ့ စပွန်စာပေးချင်တာ…။
    သူက ..အဲဒီလောက်တောင် အတန်းအဆင့်မရှိပါဘူး..
    ဘယ်နှယ် မတူရာမတန်ရာလုပ်နေတော့.. နိုင်ငံခြားကနေကြည့်ပြီး.. တော်တော်အမြင်ကပ်ပါတယ်.။

    ဒါပေမဲ့..
    သူ့အယူအဆ.. သူပြော.. ဒေါ်အောင်ဆန်းစုကြည့်ကိုပုတ်ခတ်..စော်ကားလုပ်တာ.. လူတွေ(ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ)က.. ကိုယ်ထိလက်ရောက်မလုပ်ရပါဘူး..
    သတ်မယ်..ဖြတ်မယ်..။ မလုပ်ရပါဘူး.။
    အဲဒီလူမှမဟုတ်..
    ကျုပ်အနေနဲ့ကတော့.. ကုလသမဂ္ဂလူအခွင့်အရေးကြေညာစာတန်းကို.. ကြိုက်နှစ်သက်လက်ခံပါတယ်..။
    ဒီစာတန်းပါအချက်အလက်.. ကျုးလွန်ဖေါက်ဖျက်လာရင်.. ဘယ်ဟာမဆို.. ဘယ်ဖြစ်ရပ်မဆို.. လူ့အခွင့်အရေးဖက်ကခုခံချေပပေးမှာဖြစ်ပါတယ်..။

    ဒါကို. ပြောနေတာဖြစ်ပါကြောင်း..။

    Reply

  • ဖားသက်ပြင်း

    March 29, 2012 at 12:23 pm

    စကားမစပ် ..trusted brand တွေမှာ loyalty, evangelism ဘယ်လောက်ပြင်းထန်တယ်
    ဆိုတာ မြင်လိုက်ရသလိုပဲဗျို့..

    ဟိုဘက်မှာလည်း ဆြာဝန်မဂျီးတယောက် ကလေးတွေနဲ့ …
    အဟတ်….
    😀
    ကျုပ်ထင်ပါတယ်လေ…. သည်ဖြစ်စဉ်၂ခုကို ကာယကံရှင်တွေ
    သေသည်အထိ မေ့လို့ ရတော့မယ်မဟုတ်ဘူး ဆိုတာ..

    တကယ်တော့ ဘရန်းဒင်းဆိုတာ ….
    ……………..
    ……………..
    သူနာပြုဆြာမ။ min chan ဆေးသောက်ချိန်ရောက်ပီ…
    ဂီ။ ဟုတ်ကဲ့ပါဆြာမ..

    ဒက်ဂလောက် ဒက်ဂလောက်..

    Reply

  • blackchaw

    March 29, 2012 at 12:56 pm

    ညီလေးရေ။
    ဓါတ်ပုံလေးတွေနဲ့ ဖေါ်ပြသွားတဲ့
    သတင်းလေးကို
    ကိုယ်လည်း အားပေးသွားပါတယ်ဗျာ။
    လက်မလေးတစ်ချောင်းလည်း ထောင်ခဲ့ပါတယ်ဗျာ။

    Reply

  • အသူရာ

    March 29, 2012 at 3:58 pm

    အင်း ငါးမင်းဆွေ (ခ) ဖားမင်းဆွေ ဆိုတဲ့ကောင်ရဲ့ စောက်ခွက်က အရက်သမားရုပ်
    ပါးစပ်ပေါက်ကလည်း အမြဲတမ်း ရာသီလာနေတဲ့ အပေါက်
    အသားအရေ ကိုကြည့် သစ်ငုတ်တို မီးကြွမ်းထားတဲ့ပုံ
    မျက်လုံးက ကောက်ကျစ်စဉ်းလဲတဲ့ မျက်လုံး
    ခေါင်းပေါ်ကဆံပင်က ဖာသယ်မေ-ာက်မွှေး
    တစ်ကိုယ်လုံးခြုံကြည့်လိုက် သူယုတ်မာတို့ရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံပါတယ်

    Reply

  • maung yoe

    March 29, 2012 at 4:23 pm

    သူ့ကိုယ်သူတော့……..ငါးမင်းဆွေ။တချို့ကတော့…….ဖားမင်းဆွေ။ …..အချို့ကတော့ …နွားမင်းဆွေ။။။။။
    ??????
    ကဲ ဒီအခေါ်အဝေါ်တွေအားလုံးအရ ဆိုလျှင်……………..ဂုဏ်ပုဒ်ကတော့ …….
    တိရိစာန် မင်းဆွေဆိုပါတော့။animal min swe !!

    တိရိစာန် တစ်ကောင်ရဲ့ အဂါင်္ရုပ်နှင့်တော့ညီသား………………….

    Reply

Leave a Reply

Your email address will not be published.