ကြေးမုံလေးအမျိုးအား ကြောင်ကြီးကိုယ်စားရိုက်ခြင်း beat

ကြောင်ကြီးနှင့် ဘာဘာညာညာ ဖြစ်နေသော မာရီယာ ရှာရာဗိုဗာ

ဂေဇက်ရွာသူ ကြေးမုံလေးအမျိုး Na Li အား ရွာသားကြောင်ကြီးနှင့် ရည်ငံကြည်နူး ချစ်ရည်လူးလျက်ရှိသော ရှာရာပိုဗာ Sharapova မှ ၂၀၁၂ခုနှစ် WTA ၏ Sony Errison ဖလား အင်္ဂါနေ့ ကွာတားဖိုင်နယ်ပွဲစဉ်တခုတွင် နှစ်ပွဲပြတ် ၆-၃ ၆-ဝ ဖြင့် လက်စွမ်းပြ အနိုင်ယူလိုက်သည်။ Na Li သည် မန်းဂေဇက်ရွာ အရှေ့မြောက်ဖက်ရှိ အသူရာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ကြောင်ကြီးချစ်ချစ် ရှရာပိုဗာမှာ အမေရိကန်နိုင်ငံသို့ ငယ်စဉ်ကထဲက ရွှေ့ပြောင်းအခြေချလာသူ ရုရှားနိုင်ငံသူလေးဖြစ်ကြောင်း သတင်းများအရ သိရသည်။ ရှရာပိုဗာလေးသည် ရုရှားနိုင်ငံသူအဖြစ် ဆက်လက်ခံယူထားသော်လည်း အမေရိကန်နိုင်ငံတွင် ကြီးပြင်းလာသူဖြစ်သည်အတွက် အမေရိကန်ပရိတ်သတ်၏ အားပေးမှုကို ခံယူရရှိထားသည်။ ယနေ့ပွဲစဉ် အရှုံးအနိုင်အရ အသူရာနိုင်ငံမှ အမေရိကန်နိုင်ငံအား အကြွေးဖြင့်ဖိ၍ အနိုင်ယူထားသည် ဆိုနေခြင်းမှာ အခြေအမြစ်မရှိသော ကောလဟာလ တခုထက် မပိုကြောင်း ကမာ္ဘ့ရေးရာကျွမ်းကျင်သူများက အတည်ပြုပြောကြားသည်။ ရှာရာပိုဗာလေး၏ ချစ်သူ ရည်းစား မောင်တော် အရှင်သခင် အသည်းနှလုံး မင်းသားလေး ကြောင်ကြီးကမူ နိုင်ငံရေးနှင့် အားကစား မရောထွေးကြရန် မီဒီယာများအား မေတ္တာရပ်ခံထားသည်။ ကြေးမုံလေး၏ တုံ့ပြန်ချက်အား သိရှိရန် သတင်း ဌာနများမှ ကြိမ်ဖန်များစွာ ဖုံးဆက်မေးသော်လည်း လူကြီးမင်းမက်ဆေ့ချ်နှင့်သာ တိုးနေသဖြင့် ကြေးမုံလေး မြန်မာနိုင်ငံတွင် ရှိနေသည် သို့မဟုတ် သူ၏လက်ကိုင်ဖုံးထဲတွင် ဆသရမှ ဆင်းမ်ကတ် ထည့်လျက်သား ရှိနေသည်ဟု အကဲခတ်များက ဝေဖန်ပြောကြားနေကြသည်။

7 comments

  • water-melon

    March 28, 2012 at 10:11 am

    အင်း
    သေချာနေပါပြီ
    ရွာသာကြီးကို ဖုန်းဆက်ထားအုန်းမှ
    ခင်တဲ့ မာရီယာယောက်ျားဖရဲ

    Reply

  • ကိုရင်မောင်

    March 28, 2012 at 11:56 am

    အခန်းနှစ်ခန်းစီစဉ်ထားလိုက်ကြပါမယ်….
    မလောက်သေးယင်ပြောအုံးနော်….

    Reply

  • အသူရာ

    March 28, 2012 at 1:11 pm

    ဟဲ့ဟဲ့ ဘာဖစ်လို့ သများကပါလာတာဒုံး ။ သများဟာသများ ကြည်နူးနေတာကို ဦးကြောင်ဂျီးက မနာလိုဖစ်နေတာလား 😆

    Reply

  • ba gyi

    March 28, 2012 at 2:06 pm

    အင်း ဖြတ်ခုတ် တယ် ဆိုဒါ မျိုးပါကလား။
    ခုတ်ပုံ ခုတ်နည်းကတော့ အမျိုးလိုက်ပါပေ့ကွယ်။

    Reply

  • aye.kk

    March 28, 2012 at 8:40 pm

    အတွေးပါးပါး..
    ရေးသားထားလို ့..
    အားပေးခါလေဖတ်သွားသည်။။

    Reply

  • Don Juan Ronald

    March 28, 2012 at 9:52 pm

    လက်စသတ်တော့ ဆရာကြောင်ကြီးက ၊ မာန်ပါပါနဲ့၊အသံကျယ်လောင်စွာအော်ဟိပြီး tennis ရိုက်တတ်သောရုရှားမလေးနဲ့နှစ်ပါးသွားနေတာကိုး~~

    ဤမျှချောမောလှပသော ကုလားဖြူမ လေးနဲ့ကြည်နူးနေမှတော့၊ တရုတ်မများကိုချမ်းသာပေးသင့်ပါပြီဟုယူဆမိပါကြောင်း~~

    Reply

  • manawphyulay

    March 29, 2012 at 9:53 am

    ဆေးလေး ဘာလေး လှုပ်သောက်ရမှာ… ဆေးသောက်ပြီး မလှုပ်မိဘူးထင်တယ်…. သေချာဂရုစိုက်… ဒီလိုပဲ နေပြင်းရင် ဖြစ်တတ်တယ်။ 😛

    Reply

Leave a Reply to အသူရာ Cancel Reply

Your email address will not be published.