မိုချိုနဲ့ အမှတ်တရ အလွဲများ(၁)

မိုခ်ိဳMarch 27, 20121min025

 

ခေါင်းစဉ် ကိုကြည့်ပြီး မိုချို လည်း ဆရာနီကိုရဲရဲ့ ခေါင်းစဉ်ကြီး ကူးလိုက်ပြန်ပြီလို့မထင်လိုက်ပါနဲ့။ (ရွာထဲမှာ စာကူးတဲ့ကိစ္စကြီးက ဟော့ နေလို့ပါ ) ။ လျှပ်ပြာပြာ မိုချို တယောက်လည်း ဘဝမှာ အလွဲတွေ လုပ်တတ်လွန်းလို့အဲဒီ ခေါင်းစဉ် ယူသုံးထားတာပါ။ အလွဲတွေထဲမှာမှ သူမျာတွေအတွက် ရီစရာ၊ ပျော်စရာ၊ စိတ်အနှောက်ယှက် ဖြစ်စရာ  ဖြစ်ရသလို မိုချို့ အတွက်လည်း တစုံတရာ သက်ရောက်မှုရှိ

စေတဲ့ မှတ်မှတ်ရရ အလွဲ တချို့ကို ပြောပြ ပါ့မယ်။

ပထမဆုံး အမှတ်တရ အလွဲက မိုချို ၁ဝတန်း နှစ်မှာပါ။ အဲဒီတုန်းက မိုချိုက ပေါင် ၉ဝလောက်ပဲ ရှိတဲ့ ပိန်ပိန်သေးသေး စာဂျပိုး ရုပ်လေးပါ။ တခြား ဆယ်ကျော်သက် မိန်းကလေးတွေလို ဘယ်ကောင်လေး ကများ ငါ့ကိုကြည့်နေမလဲ၊ ဘယ်သူက ငါ့ကို ဘယ်လိုထင်မလဲ ဆိုပြီး ပတ်ဝန်းကျင် ကို အရေးစိုက် တတ်တဲ့ သူမျိူးလည်း  မဟုတ်ပါဘူး။ မိုချိုက ညဘက် လူခြေတိတ်ချိန်မှာ စာထကြည့်တတ် တော့ နေ့လည်ပိုင်း ကျောင်း ကပြန်လာ၊ ထမင်းစားသောက်ပြီးရင် တန်းအိပ်ပါတယ်။

အဲဒီနေ့က အိပ်ရာကနိုးတော့ ကျူရှင်ချိန် နီး နေလို့ ကမန်းကတန်း အကျီင်္ ကောက်လဲ စက်ဘီး ထုတ်ပြီးထွက် သွားပါတယ်။ အကျီင်္ပြောင်းပြန် ဝတ်တာ ၊ ရှေ့နောက်လွဲတာ၊ ဖိနပ်ကို ကျွဲတဖက်၊ နွားတဖက် စီးတာတွေကတော့ မိုချို့အတွက် လွဲနေကြမို့  စာမဖွဲ့လောက်တော့ပါဘူး။ စက်ဘီး နင်းရင်း ခုတတ်မယ့် ကျူရှင်က သင်ခန်းစာ ဘယ်ထိရောက်သွားပြီ၊ ပြီးခဲ့တဲ့အပတ်က ဘယ်မှာ အဆုံးသတ်သွားတယ် ဆိုတာတွေ တွေးလာပါတယ်။  (ကျူရှင်ဆရာတွေ ကလည်း  ခုခေတ်  ကိုရီးယားကားတွေ လိုပါပဲ အရေးကြီးတဲ့ အပိုင်းရောက်ရင် ရပ်ပစ်လိုက်ပြီး နောက်တချိန်ကျမှ ဆက်သင် တတ်ကြပါတယ်) ကျူရှင်ရောက်တော့ မိန်းကလေးတွေ အကုန်အထဲဝင်သွားပြီး ယောက်ျားလေးတွေပဲ အပြင်မှာကျန်ပါတယ်။ မိုချိုတတ်တာ  ဝိုင်း ကျူရှင်  မဟုတ်ပါဘူး။ ကျောင်းသား ရာကျော် တတ်ကြတဲ့ ရိုးရိုးဆက်ရှင်ပါ။

မိုချိုလည်း ကောင်လေးတွေ ကြားထဲမှာပဲ စက်ဘီးကိုနေရာချပြီး   ခပ်တည်တည်နဲ့ ဝင်လာလိုက်ပါတယ်။  မရှေးမနှာင်းပဲ ကောင်လေးတွေ   ဟီးဟီးဟားဟားနဲ့ ရီ နေကြတဲ့ အသံကို ကြားလိုက်ရပေမယ့် လှည့် မကြည့်ဖြစ်သလို ကိုယ့်ကို ရီတယ်လဲ မထင်ဘူး။ ခဏနေ ဆရာဝင်လာတော့ လိုက်ဝင်လာတဲ့ ကောင်လေးတွေ မိုချို့ ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေကြတယ်

အဲတာလည်း ဘေးနားကကောင်မလေး လက်တို့ ပြောလို့သိတာပါ။

အတန်းပြီးသွားတော့ မိန်းကလေးအများစု က နောက်မှထွက်ကြပေမယ့်စာဂျပိုး  မိုချို ကတော့  စာကျက်ချိန် လျော့မှာစိုးလို့ ယောက်ျားလေးတွေ နဲ့ လြုပီးထွက် တတ်ပါတယ်။ အဲဒီ ချိန်မှာ ကောင်လေးတွေ ဆီက မထင်ရဘူးနော် အကြီးကြီးပဲ  တို့ အိုဗာဆိုဒ်ကြီးကွ  တို့ ပြောနေတဲ့ အသံတွေ ကြားပါတယ်။ မိုချိုကတော့ ထုံးစံအတိုင်း မျက်နှာကို ချီပြီး ကိုယ့်စက်ဘီး ကိုယ် နင်းပြန်လာခဲ့တာပေါ့။

အိမ်ရောက်တော့ အိမ်ရှေ့ မှာထိုင်နေတဲ့ အဖိုး က  စက်ဘီးတွန်းဝင် လာတာကြည့် ပြီး ငါ့မြေး စက်ဘီးနောက်ကဘာကြီးတုန်း လို့ဆိုမှ မိုချို  ကိုယ့်စက်ဘီး နောက်ကိုကြည့်မိတယ်။ အလွဲကြီးကို တွေ့လိုက်ရပါပြီ  … …ဟုတ်ပါတယ်….မိုချို့ အဒေါ်အပျိုကြီး ရဲ့ အတွင်းခံ ဘောင်းဘီ ကြီး က ကယ်ရီယာ ပေါ်မှာ ချိတ် လျက်ကြီးပါ။ ပြုတ်ကျမှာစိုးလို့  ကယ်ရီယာ ပေါ်မှာညှပ်ပြီးတော့ ကို လှမ်းထားတာပါ။ သူလှမ်းတဲ့အချိန် မိုးရွာနေလို့ ရေစစ်အောင်ဆိုပြီး အလွယ်တကူ စက်ဘီးပေါ် ညှပ်တင်ထားတာ  ဖြစ်ပါလိမ့်မယ်။ အဒေါ်က ဝ တော့သူ့ဘောင်းဘီက အိုဗာဆိုဒ်ကြီးပါ။ ……ကဲ…. ကြည့်ပါ။ မိုချို ဘယ်လောက် နမော်နမဲ့ နိုင်သလဲ ဆိုတာ  ။ဘောင်းဘီတန်းလန်း စက်ဘီးနဲ့ ကျူရှင် သွားလိုက်တာ ပြန်ရောက်မှပဲ သိတော့တယ် ။ဒါတောင်အဖိုး မေးလို့ ၊ မဟုတ်ရင် သိမှာတောင် မဟုတ်ဘူး။ ပိန်ပိန် သေးသေး မိုချိူက အတွင်းခံ ဘောင်းဘီ အိုဗာဆိုဒ်ကြီး စက်ဘီးပေါ်တင်ပြီး လျှောက်စီး နေတာ မျက်စိထဲမှာသာမြင်ကြည့်လိုက်ပါတော့။

မိုချိူကအဲလို လွဲတတ်တဲ့သူပါ။ တဘဝ လုံးနဲ့ ဆိုင်တဲ့ အလွဲ တွေတောင်လွဲဖူးပါတယ်။ မိုချိုရဲ့နောက်လာမဲ့ အလွဲ တွေကိုလည်း ဆက်လက် ဟားပေးကြပါအုံး။

 

ဒီပိုစ့်မှာမိုချို့ အရင် ပိုစ့်တွေလို မထိခလုတ် ထိခလုတ် လေးတွေ မပါ ပါဘူး။

25 comments

  • mocho

    March 27, 2012 at 11:52 am

    အလွဲကြီးလွဲ တတ်တဲ့ မိုချို တယောက် မနေ့ကလွဲခဲ့တဲ့ အလွဲ အတွက် သင်္ဘောသားလေး E.T ၊ နှူးဘာ ဂိုဏ်းချုပ်နဲ့တကွ ဂိုဏ်းသားများ ၊ လေးပေါက်တို့ကို တောင်းပန်ပါတယ်။

    Reply

  • ဖားသက်ပြင်း

    March 27, 2012 at 12:03 pm

    နှူးဘာတီ နဲ့ လေးပေါက်ဆိုရင် ရပါဘီဂျာ …
    နှူးဘာဂျုပ် မီလိုပါဝူး…

    နှူးဘာတီတယောက် ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဘန်ကောက်ရောက်ပြီး
    ရွာမှာပျောက်နေလို့… သူ့ကိုယ်စား ဝင်ဖြေဖြစ်တာပါ…
    (ခုတော့ ပြန်ရောက်ပီ ထင့်…)

    အလွဲလေးကို အားပေးတွားဘာဂျောင်း…
    😀
    တော်သေးဘီ
    ခင်တဲ့
    ဂီ

    Reply

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 27, 2012 at 12:22 pm

    ဖြစ်ရပလေအန်တီချိုရယ်……….
    တော်သေးတာပေါ့…………… အချိန်မှီသိပေလို့ရယ် ကျောင်းသွားတဲ့အချိန်များပါသွားရင်တော့…အင်း……..

    Reply

  • နေဝန်းနီ

    March 27, 2012 at 12:56 pm

    ဟားဟားဟား ကိုယ့်မရှိတာများကြွားရတယ်လို့ တော်သေးတာပေါ့ မိသားစု xxxxxx လားမပြောလို့ ……….ဟီးးးးးးးးးးး

    Reply

  • kai

    March 27, 2012 at 3:47 pm

    အခုရောအဲလို.. လွဲနေတုံးပဲလားတောင် သိချင်သွားပါတယ်..
    အခုတော့.. စ်က်ဘူးမဟတု်.. ကားမောင်းနေမှာပေါ့..
    ကားခေါင်မိုးပေါ်.. ကော်ဖီခွက်တင်ပြီး.. မောင်းထွက်တာမျိုး.. ဖြစ်ဖူးလားလို့..။ 😆

    Reply

    • Khin Latt

      March 27, 2012 at 8:31 pm

      သူဖြစ်ဘူးတာကို သူကြီး အဖော် ရှာနေပြီ ဟေ့။ 😉

      Bill Gates ရဲ့ Microsoft နောက်ဆုံးနေ့ Video မှာ သူ့ပစ္စည်း လေးတွေသိမ်း Box ထဲထည့်၊ နောက် အဲဒီ Box ကြီးကို ကားခေါင်မိုး ပေါ် ကို တင်၊
      ပြီးတော့ ဒီအတိုင်း မေ့ပြီး မောင်းထွက်သွားတာ။
      http://www.youtube.com/watch?v=v5uw07iEkjU

      Reply

      • kai

        March 28, 2012 at 5:58 am

        ဒက်ကနဲ့ပဲ…
        ဟုတ်တယ်ခင်ဗျ..။ မနက်ရုံးသွားတာ.. ကော်ဖီခွက်ကလေး.. ခေါင်မိုးပေါ်တင်..။ ကားထဲဝင်.. ဂီယာထိုးတော့… ကော်ဖီခွက်က.. ကားဂီယာနားထားတာမို့.. ဒီနား..ဘာလိုနေပါလိမ့်ဆိုပြီး.. တွေးရင်းနဲ.့… သတိထားမိတာ.. :mrgreen:

        Reply

    • Thel Nu Aye

      March 27, 2012 at 10:39 pm

      ကျွန်မကတော့ ကားခေါင်မိုးပေါ်ထီးကြီးတင်ပြီးမောင်းသွားတာ ဘတ်စ်ကားစပါယ် ယာက နောက်ကနေ ကျတော့မယ် ကျတော့မယ် နဲ့လက်ညှိးထိုးအော်နေလို့ ကားကိုရပ်ကြည့်တော့မှ လားလားထီးကြီးကကားခေါင်မိုးပေါ်မှာ။ နောက်နဲနဲဆိုကျတော့မှာ။

      Reply

  • Thel Nu Aye

    March 27, 2012 at 4:04 pm

    အင်း ဖက်ဖက်ကက်ရေ။ ညီးအမျိုးတယောက်ပေါ်လာပြန်ပေါ့ဟ။ ရွာထဲမှာ နူးဘာဂုဏ်း၊ ကြောင်ဂုဏ်း အပြင် အလွဲများဂုဏ်းပါဖွဲ့ရတော့မယ်ထင့်။

    Reply

  • pooch

    March 27, 2012 at 4:06 pm

    မနက်စောစော ဝေလီဝေလင်းမှာ အကျီ င်္ပြောင်းပြန်ဝတ်ပြီး ကျူရှင်သွားတတ်ဖူးတယ် အမ
    အကျီ င်္တံဆိပ်ကြီးနောက်ကတန်းလန်းဖြစ်နေတာ မသိပဲ ဆိုင်ကယ်မောင်းပြီး မြို့ပတ်ဖူးတယ်။ 😀

    Reply

    • windtalker

      March 27, 2012 at 8:39 pm

      အဲဒါကြောင့် အဲဒီနေ ့က အမ သိပ် လန်းနေတာကိုး ။ ဟီဟိ
      မိုခို ရေ ၊ ကိုပေ လဲ အလွဲလုပ်တတ်တဲ့ ကောင်မလေး တွေ နဲ ့လွဲခဲ့ဖူးတယ်ကွယ်

      Reply

  • mg mg

    March 27, 2012 at 4:14 pm

    မိုချို နဲ့ ကိုကို တို့ရဲ့ အလွဲလေးတွေကော လာဦးမှာလား။ အားပေးလျက်

    Reply

  • mocho

    March 27, 2012 at 5:26 pm

    မိုချိုတယောက် ခုု ချိန်ထိ လွဲတုန်းပါပဲ။ ခုတော့ကိုယ်တိုင်လည်း အိုဗာဆိုဒ် ဖြစ်သွားပါပြီ။

    Reply

  • kyeemite

    March 27, 2012 at 5:26 pm

    လွဲလွဲလေးလည်းကောင်းပါတယ်..ဖတ်လို့..

    Reply

  • padonmar

    March 27, 2012 at 6:00 pm

    ကျွန်မလည်း ယောလုံချည် အညိုရောင်ကို ညဖက် ဇောက်ထိုးဝတ်ပြီး လမ်းထွက်တဲ့ အလွဲတွေလွဲခဲ့ဖူးတယ်။
    တော်သေးတာပေါ့။လူတွေ သတိမထားမိကြလို့။

    Reply

  • Khin Latt

    March 27, 2012 at 8:19 pm

    သူများ ရဲ့ အလွဲလေးကို ဖတ်ရတာ ကောင်းသလားမမေးနဲ့။
    ဖတ်ပြီး ရီလိုက်ရတာ။

    အရီး မှာလဲ အဲလို အလွဲ ဘာရှိခဲ့လဲ စဉ်းစားနေတယ်။
    ငါးတန်းတုန်းက ထင်ရဲ့။
    ညဖက်အိပ်နေရင်း ကနေ ထပြီး စာကြည့်စားပွဲပေါ်က မှင်အိုးကို မော့သောက် ခဲ့ဘူးတယ်။
    စိတ်ထဲ မှာတော့ ထင်သား… ရေ က မှင် နံ့ဖြစ်ပါတယ်လို့။
    အမေ အတွေ့မြန်လိုက်လို့ အကုန် မကုန်သွားတာ။
    ဆရာဝန် ကို ညဖက်ကြီး ဒုက္ခပေးလိုက်တဲ့ အလွဲပေါ့။
    ငယ်ကထဲ က ဒီလို ဂေါက်တာ။ 😉

    နောက်ထပ် အလွဲ လေးတွေကို စိတ်ဝင်စားစွာ မျှော်နေပါတယ် မိုချိုရေ။ 🙂

    Reply

  • weiwei

    March 28, 2012 at 8:12 am

    သူများတွေလွဲတာဖတ်ပြီး ကိုယ်လဲဘာများလွဲဖူးလဲလို့စဉ်းစားကြည့်တာ စဉ်းစားလို့မရတော့ဘူး …
    မှတ်မှတ်ရရ ပေကျင်းမှာ လွဲခဲ့တာကတော့ တော်တော်ဆိုးတယ် … ရထားဘူတာလွဲတာ … ကိုယ်စီးရမယ့်ဘူတာက မြောက်ဘူတာ … သွားမိတဲ့ဘူတာက တောင်ဘူတာ … အချိန်ကလဲ သိပ်မကျန် … ပေကျင်းကလဲ တောင်နဲ့မြောက် အရမ်းဝေးတာလေ … တက်စီဆရာကိုအတင်းလောပြီး မီးပွိုင့်လွတ်အောင်မောင်းခိုင်းခဲ့တာက သဲထိတ်ရင်ဖို … ဘူတာထဲရောက်တော့ လမ်းတောင်မလျှောက်နိုင်ပဲ ပြေးလိုက်ရတာက ရုပ်ရှင်ထဲကအတိုင်းပဲ …

    Reply

    • ဖားသက်ပြင်း

      March 28, 2012 at 8:28 am

      မမမိုချိုနဲ့
      မမဝေေဝေရေ…

      အဲ့သလိုမျိုး…ကျနော်လည်း လွဲဖူးရဲ့
      ၂၀၀၈ ကျနော် စရောက်ကာစ တိုကီယိုမှာ ….
      ရောက်ကာစ ဆိုပေမယ့် စကားတတ်တာပဲ ဆိုပီး ဘယ်သူမှ နိုးသောက်ဂရု
      ပစ်ထားတဲ့အချိန်ပေါ့ …..

      ဖြစ်တာက နာမည်ကျော် ရှင်းဂျုကုမှာ …
      ရထားက ယာမာနိုတယ် ဆဲန်..
      သွားရမှာက ..၄ဘူတာလောက်စီးရမယ့် နေရာ…

      ရွှေတွေ ပြောပြကြပါတယ်…
      ယာမာနိုတယ် ဆိုတာ မြို့ပါတ်ရထား ..ဘဲဥပုံ မြို့ကိုပတ်နေတာ..
      ဘယ်တော့မှ မှားစီးတယ်ဆိုတာ မရှိဘူး ..အလွယ်လေးပေါ့…..
      အဲ့ဒါ စီးသွားပေါ့ …

      ကျနော်သိတာက ယာမာနိုတယ်ပါတ်နေတယ် မှားမစီးနိုင်..
      ဟုတ်ပီပေါ့ … အစိမ်းရောင် ယာမာနိုတယ်..တက်စီးသွားတာ ..ခပ်တည်တည်ပဲ …
      ပီးမှ မဟုတ်သေးပါဘူးပေါ့ ..တဖြည်းဖြည်း ဆင်းမယ့်ဘူတာ နဲ့ ဝေးရာဝေးရာ ဖြစ်ဖြစ်လာတော့…
      ဘေးကိုကြည့်မိပါတယ်…. လားလား …ဟိုဘက်ပလက်ဖောင်းမှာ ပုံစံတူ အစိမ်းရောင် ယာမာနိုတယ် တစီး..
      ပြောင်းစီးရအောင်လည်း ဟိုဘက်ဟာစီးစီး ဒီဟာဆက်စီးစီး ဆင်းရမယ့်ဘူတာက အကွာအဝေး တူတူလောက်ဖြစ်နေပီ

      သေဘီဆြာပဲ … ကျုပ်ကို ကျပ်ပေးကြတဲ့ ရွှေဗမာအပေါင်းက ယာမာနိုတယ် ပတ်နေတယ်ပဲပြောပြီး
      လက်ဝဲရစ် လက်ယာရစ် ၂စင်းရှိကြောင်း မပြောလေတော့ …၃ရက်သားလေး ကျနော့်မှာ…
      ယာမာနိုတယ်ပြောင်းပြန်စီးပီး …(နောက်ကျမှာစိုးလို့ နာရီဝက်ကြီးများတောင် စောထွက်ပေမယ့်)
      ၁၅မိနစ်တိတိ နောက်ကျဖူးကြောင်းရယ်ပါ…။

      Reply

  • htet way

    March 28, 2012 at 9:23 am

    ဖြစ်ရပ်မှန်အလွဲလေးပါ
    ကောင်းပါတယ် ဆက်ရေးပါ

    Reply

  • etone

    March 28, 2012 at 10:39 am

    ဟီးဟီး ..စာရေးကောင်းတဲ့ အစ်မ မိုချိုရေ … ရယ်ရတယ် … ။ 😆
    မျက်စိထဲမြင်ယောင်မိပြီး .. အသံထွက်အောင် ရယ်မိခဲ့မိပါတယ် … ။ တစ်ခါတစ်လေ … အလွဲလေးတွေက .. ပြန်ပြောလျှင် … ရယ်စရာလေးတွေအဖြစ်ကျန်ခဲ့တယ် …. ။

    ကျွန်မကျောင်းတတ်တုန်းကတော့ မှတ်မှတ်ရရဆိုလို့ …. ဖိနပ်တလွဲစီးခဲ့ဖူးတယ် …. ။ ကတီ္တပါ ဖိနပ်ပုံစံတူကို အရောင်ကွဲလေးတွေချည်းပဲ ဝယ်ခဲ့ဖူးတော့ …. အရောင်မတူတဲ့ ဘယ်နဲ့ညာ တစ်စုံဆီမှားစီးလု့ိ ရယ်ခံရဖူးတယ် .. ဟီး … ။ :mrgreen:

    Reply

  • Mon Kit

    March 28, 2012 at 12:33 pm

    😀 😀 😀
    ပျော်စရာ အမှတ်တရ အလွဲလေးပေါ့နော်….

    Reply

  • Ma Ei

    March 28, 2012 at 1:28 pm

    မိုချိုရေ…တဘဝ လုံးနဲ့ ဆိုင်တဲ့ အလွဲ တွေတောင်လွဲဖူးပါတယ် ဆိုတော့
    လွဲလဲလွဲနိုင်လွန်းတဲ့ မိုချိုုရဲ့နောက်လာမဲ့ အလွဲ တွေကိုလည်း ဆက်လက်
    စောင့်မျှော်နေပါမည်…

    Reply

  • snow htet

    March 28, 2012 at 2:57 pm

    မိုချိုရေ
    အလွဲကတော့ လန်းသဟနော်
    စနိုးလဲ လွဲဖူးတယ်
    စိတ်နဲ့ကိုယ်နဲ့မကပ်ရင်ပေါ့

    Reply

  • Rose Minn

    March 28, 2012 at 3:12 pm

    မိုးချိုရေ လွဲပဲလွဲတက်တယ်နော်။ rose တောင် အလုပ်ထဲစိတ်တိုနေတဲ့ အချိ်န်မှာဖတ်မိပြီးရီရတာ အော်ပြီးလေ။ တကယ်ကျေးဇူးတင်တယ်နော်။ ဆက်ရေးပါ။ အားပေးပါတယ်။ rose တော့ အကျင်္ီပြောင်းပြန်ကို အမှောင်ထဲ မှာဝတ်ပြီး။ ကမန်ကတန်းကျောင်း အမှီပြေးရတဲ့ အလွဲကတော့ခဏခဏပဲ။ ကျောင်းကြမှ အိမ်သာထဲပြေးဝင်လဲရတာတို့။ အကျီကြယ်သီးကို ကျီလွဲတက်ပြီး ခဏခဏ အပြင်သွားတာတို့ ဖြစ်တယ်။ ကိုယ့်နဲ့ ဘဝတူပါလားလို့စဉ်းစားမိရင်းရီရတာပါ။

    Reply

  • FattyCat

    March 28, 2012 at 4:40 pm

    အော်….ဘဝနဲ့ချီတဲ့အလွဲတွေဆိုတာ ကြုံဖူးမှသိပေါ့လေ…

    Reply

Leave a Reply to snow htet Cancel Reply

Your email address will not be published.