အဲလိုဆိုဒေါ့ ငါတို့ဂ သောက်ရူးဒွေလားကွ.. fool

အရူးဟုတ်ဖူးဟေ့...မျောက်..မျောက်

ဆင်းစားကြည့်ပါ ကျောင်းဆရာ.. ဖြစ်သင့်ရဲ့လားလို့..။ တော်ရုံဆို ကြောင်ကြီးပြောပါဘူး မသိချင်ယောင် ဆောင်နေလိုက်မယ် အခုဟာက လွန်လွန်းဒယ်။ နိုင်ငံရဲ့ ဥပဒေပြုအမတ်မင်းတွေကို လယ်စိုက်ဝံကျီးဆိုသူ ပြောလိုက်ပုံများဗျာ ဘာတဲ့ “လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီးလုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့… “ သူတို့ ကိုယ်စား မခံနိုင်လွန်းလို့ပါ။ ဟုတ်တယ်လေဗျာ လွှတ်တော်အမတ်မင်းတွေက ဒီလောက်တောင် အသုံးမကျ ညံ့ဖျင်းနေရင် သူတို့ကတဆင့် ဖြစ်သွားတဲ့ နိုင်ငံတော်သံမဒကျီး၊ လွှတ်တော်ငှက်ကထ၊ အစိုးမရဝံကျီးတွေလဲ အတူတူနဲ့ အနူနူပဲပေါ့။ သံမဒဂျီး၊ ငှက်ကထကျီး၊ အဘကျီး၊ အမတ်ကျီးဆိုပြီး ဘောလိုက်မနေတဲ့ ကျုပ်တို့လို ကောင်တွေဆို သာဆိုးဘီ။ မြန်မာပြည်ကြီးဟာ ငတုံးငေတွေ အုပ်ချုပ်တဲ့နိုင်ငံ၊ တိုင်းပြည်ကို ကာကွယ်နေတဲ့ တပ်မတော်ဂျီးကလည်း အရူးအပေါတွေရဲ့ အစောင့်ဖြစ်သွားရပြီ။ ပြည်တွင်းပြည်ပမှာ ကျုပ်တို့တတွေ ဘယ်လို မျက်နှာထားရမလဲ။ ဒါ နိုင်ငံတော်သစ္စာဖောက်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုံကန်မှုဗျ။ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ လွှတ်တော်အမတ်ဟောင်း နိုင်ငံတော်သမဒကျီးကို တောင်းဆိုဂျင်ဒယ်ဗျာ…။
(မှတ်ချက်။ ကျောင်းဒကာမှာ ဦးဘလက်ထံရောက်နေ၍ အနီးအနားရှိ ကျောင်းဆရာအား ပွားခြင်းဖြစ်သည်။ ထိုသူမှာ ကျောင်းဆရာအမည်ရ ကမော္ဘဇဘဏ် သူဌေးကြီး ဦးအောင်ကိုဝင်း မဟုတ်ပါ။)
ကြံ့ဖွတ်ပါတီအမာခံ စွမ်းအားရှင် မြင်မြင်ရာကုတ် ကြောင်ကြီး 👿

7 comments

  • amatmin

    March 27, 2012 at 9:48 am

    သမ္မတကြီးက ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ပြင်ညာရေးဝံကျီးကို တာဝန်ပေးထားလို့
    လွှတ်တော်အမတ်အားလုံးအတွက် ဘွဲ့ နဲ့ ဒစ်ပလိုမာလက်မှတ်တွေ ထုတ်ပေးဖို့ပြင်ဆင်နေပါပီတဲ့…
    နို့မိုဆိုရင် လွှတ်တော်အမတ်မင်းတွေကို ယုန်ထင် ကြောင်ထင် မြင်နေကြမှာစိုးလို့ဘာဒဲ့… 🙂 🙂

    Reply

    • နေဝန်းနီ

      March 27, 2012 at 12:34 pm

      အမတ်မင်းက ဘာလက်မှတ် ယူချင်လို့လဲ စဉ်းစားထားနော်….။ မတော်တစ်ရော် လက်မှတ်တွေ ယူမထားနဲ့နော် ဟို သရီ ကျက်သရေ ပျံ ချီ လိုလက်မှတ်မျိုးယူထားပါ့လား

      Reply

  • kai

    March 27, 2012 at 4:00 pm

    သူ့… ချွန်တွန်းက ..အသိသာကြီး..
    =
    တကယ်တော့.. လွှတ်တော်ထဲထိုင်နေတဲ့.. လွှတ်တော်ကိုယ်စားလှယ်တွေအများစုက.. .. ပြည်ခိုင်ဖြိုးပါတီက..၂၀၁ဝ ရွေးကောက်ပွဲအနိုင်ရလိုဇောနဲ့.. ရပ်ရွာထဲက.. မြို့မျက်နှာဖုံး..ပညာတတ်တွေ အများကြီးကောက်ပြီး.. အမတ်လုပ်ခိုင်းလိုက်တာတွေ သိသိသာသာ.. ပါနေတယ်….
    ဆိုတော့..
    ပညာတတ်တွေ.. ဆရာဝန်တွေ.. စသဖြင့်.အများကြီးပါတယ်..
    သူတို့ကို.. တွန်းမထုတ်ဖို့လိုအပ်လာပါလိမ့်မယ်…။

    ဆိုတော့…
    လွှတ်တော်ထဲ… ပွဲကြီင်္းပွဲကောင်းစောင့်ကြပေါ့…။ :mrgreen:
    ယူအက်စ်မှာတော့.. မိခင်ပါတီကို.. ပစ်ပြီး.. ကန်ထုတ်ပြီး.. ပါတီပြောင်းတဲ့.. အမတ်တွေရှိတယ်..
    မြန်မာပြည်.. ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မှုနဲ့.. အဲဒါမျိုးဖြစ်နိုင်မယ် ထင်မိတယ်..
    ခုံ၄ဝကနေ.. ခုံ ၄၀ဝကိုထိန်းလိုက်နိုင်တာမျိုးပေါ့….

    ပြည်ခိုင်ဖြိုးအမတ်တွေ.. အသိမြင့်..နိုင်ငံတကာမှီကြစေလိုကြောင်း……………..

    Reply

  • ရွှေဘိုသား

    March 27, 2012 at 7:24 pm

    လွှတ်တော်အမတ်တွေကို ယုန်ထင်ကြောင်ထင်မထင်ပါဘူး ဖွတ်တွေလို့ထင်တာပါ

    Reply

  • ba gyi

    March 28, 2012 at 1:47 pm

    ( ကတော့ ကိုကြောင်ဂျီး၊ပုံ ထဲ တစ်ချက်လိုသေးတယ်– ခေါင်းပေါင်း ခေါင်းပေါင်း ဟိ ဟိ—-။ )
    အကြောကြပါနဲ့ဂျာ၊ဧပြီ (၁)ရက်မှာပြိုင်ဘို၊ကြံ့ဖွတ်အမတ်ဒွေကို တော်တော်များများဒါက်တာဒွေစည်း ရုံးခေါ် ထားဒယ်၊ဒါပေမည့် ပညာတတ် ဆိုဒါဘယ်သူ့အတွက်တတ်တာလည်းဆိုတဲ့ပေတံလိုအပ်မယ်။
    ကိုယ့်အတွက်၊ကိုယ်စားပြုတဲ့အဖွဲ့အကျိုးအတွက်ပဲဆိုရင်တော့ ပြည်သူ့အတွက်ပညာတတ်မဟုတ်ပဲ၊တိုင်းပြည်ဆုံးရှုံးနစ်နာနိုင်ပါတယ်။ဥပဒေကိုလူတစ်စုအတွက် လက်တစ်လုံးကြားလုပ်ဘို့တတ်သမျှအကြံကုန်ထုတ်ခဲ့တဲ့
    နဝတ၊ မဆလ ခေတ် ပညာတတ်အမည်ခံဒွေ လိုဆို ပြည်သူမခက်ပါလားကရို။
    အရေးအကြီးဆုံးကတော့ လွှတ်တော်ထဲ တစ်ကယ်ပြည်သူ့ကိုယ်စား၊ကိုယ်ကျိုးစွန့်မည့် ၊ပြည်သူအကျိုးလုပ်
    ဘို့တင်ပြရဲတဲ့ အမတ်တွေရယ်၊အဲသည်ဟာကိုအကောင်ထည်ဖေါ်ပေးတဲ့ရဲဝန့်တဲ့ ပညာတတ်တွေ ရယ်ပေါင်း မိကြဘို့ပဲ။

    Reply

  • a me

    March 30, 2012 at 5:14 pm

    အဲ့လိုမပြောပါနဲ့ သူလည်းသူ့ဟာနဲ့သူပေါ့ အချိန်တန်ရင် ွက်သွားရမှာပဲလေ

    Reply

  • alinsett

    March 30, 2012 at 7:46 pm

    ဒဲ ့ပဲ..။ ဦးကြောင်တို ့ ရိုက်ချက်ကတော့ ပြင်းတယ် ။

    Reply

Leave a Reply to နေဝန်းနီ Cancel Reply

Your email address will not be published.