တက်သစ်စ အဆိုတော် သရုပ်ဆောင်မလေး Jenny နဲ့ သူမရဲ့သဘောထား

DaveJanuary 21, 20101min01

အပြုံးချိုချိုလေးတွေနဲ့ ဟန်နွေငြိမ်းဟာ ဆိုကရေးတီးမှာ မြန်မာ့ရိုးရာအကကို ကပြယှဉ်ပြိုင်ခဲ့ရင်း အခုဆိုရင် တက်သစ်စတေးသံရှင် သရုပ်ဆောင်Jenny အဖြစ် ရပ်တည်နေပါပြီ။သူမရဲ့လက်ဦးဆရာက ရသ ဖြစ်တယ်လို့ ပြောပါတယ်။ သူမဟာ တေးသီချင်းစုံတွဲခွေများစွာမှာ ပါဝင်သီဆိုခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် သူမရဲ့တစ်ကိုယ်တော်စီးရီး မကြာခင် ထွက်ပေါ်လာတော့မှာဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာ တေးသံရှင်အောင်ကိုလတ်ရဲ့သမီး မီရှယ်လ်ရိုက်ကူးတဲ့ ရန်ကုန်မြို့မှ ကြိုဆိုပါ၏ နဲ့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့  The Virus ဇာတ်ကား နှစ်ကားမှာပါဝင်သရုပ်ဆောင်ထားပြီးပါပြီ။ငါ့နှမလေးပွသွားပြီ  ဆိုတဲ့ ရုပ်ရှင်ကားကြီး တစ်ကားမှာလည်း ရွှေဘိုသူလေးအဖြစ် သရုပ်ဆောင်ဖို့ လက်ခံထားပြီဖြစ်တယ်လို့ ဆိုပါတယ်။Jenny နဲ့ စကားပြော ကြည့်တဲ့ အခါ –

အောင်မြင်မှုအပေါ် ဂုဏ်ယူသင့်ပါတယ်။ ထပ်ကြိုးစားသင့်ပေမယ့် မာန်တက်တာမျိုးတော့ မဖြစ်သင့်ဘူးပေါ့နော်။ အောင်မြင်မှုဆိုတာ ပရိသတ် လက်ခံ အားပေးမှုက(၁)အချက်၊ အဲဒီနောက်မှာ အနုပညာ ညီအစ်ကို မောင်နှစ်မတွေရဲ့ ဝိုင်းဝန်းကူညီမှုက (၂)အချက်ပါ။ သီချင်းတစ်ပုဒ်ကောင်းဖို့ အတီးသမား၊ အရေးသမားအားလုံး စုစည်းပြီး တိုင်ပင်ပြီး လုပ်ကြရတာလေ။ အဲဒါကို မာန်တက်နေရင် အပိုပဲလေ။ အားလုံးစုစည်းမှုနဲ့ ဖြစ်လာတာပေါ့နော်။ ပညာဂုဏ်မမောက်ဖို့ ဖြစ်လာတာပေါ့နော်။ ပညာဂုဏ်မမောက်ဖို့ လူတိုင်းသတိထားသင့်တယ်။ ပြီးရင် ကိုယ့်အောင်မြင်မှုအပေါ်မှာ လူတွေကို ဆက်ဆံရင်လည်း အဆိုတော်ပဲ။ သရုပ်ဆောင်ပဲ ဆိုတဲ့ စိတ်မျိုးမထားဘူး။ အားလုံးကိုအပြင် မိတ်ဆွေလိုပဲ ဆက်ဆံတယ်။ အနုပညာသမားချင်းရော ပရိသတ်ရောနှစ်ခုလုံးပေါင်းစပ်မှုနဲ့ အောင်မြင်မှုတစ်ခုရလာတာဆိုတော့ ဘယ်တော့မှ မာန်မာနမထားသင့်တဲ့ အောင်မြင်မှုပဲလို့ ယူဆပါတယ် လို့ ပြောကြားခဲ့ပါတယ်။

One comment

  • cum min

    June 22, 2012 at 9:56 am

    တော်ပါဂျင်းဂျင်းရယ်…နင်ကိုနာချစ်တောဝူး

    Reply

Leave a Reply to cum min Cancel Reply

Your email address will not be published.